နေပြည်တော် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ် ၁၆ ရက်ည ၇ နာရီ ၄၀ မိနစ်ခန့် တွင် လုံခြုံရေးလုပ်ငန်းများနှင့် လမ်းမပေါ်ရှိအတားအဆီးများအား ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်၍ ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားမှုအား ပြည်သူများသိရှိ လိုက်နာဆောင်ရွက်ရန် Hand Speaker ဖြင့်အကြိမ်ကြိမ်ပြောဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ပြောဆိုကြေညာနေစဉ် အမှတ်(၂၅)ရပ်ကွက်၊ မြိတ်လမ်းနှင့် စည်ပင်လမ်းဆုံ (ဂိတ်ဟောင်း မှတ်တိုင်) အရောက် အတားအဆီးများအား စက်များဖြင့်ဖယ်ရှားနေစဉ် မြိတ်လမ်းရှိ အမျိုးသားတစ်ဦးက အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ရန်ပြု လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၂ ဗို့သေနတ်ဖြင့်ခြောက်လှန့်ပစ်ဖောက်ခဲ့သော်လည်း ရပ်တန့်သွား ခြင်းမရှိဘဲ ၎င်းကိုင်ဆောင်ထားသည့်ဓားမြှောင်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား အတင်းဝင်ရောက်ထိုးနှက် ရန်ကြိုးပမ်းလာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၂ ဗို့သေနတ်ဖြင့်အနီးကပ်ပစ်ခတ်တားဆီးခဲ့ရာမှ ၎င်းအမျိုးသားတွင် ယာဘက်ရင်ညွန့် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာသေဆုံးသွားခဲ့သည်။
အဆိုပါ အကြမ်းဖက်သူအမျိုးသား အလောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များကနယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် နယ်မြေခံရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
(၁၀၀)