ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁)စိုက်ပျိုး မွေးမြူရေးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအား ကျောင်းဝတ်စုံများ၊ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ပြု လုပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဆရာ၊ ဆရာမ ၃၇ ဦးအတွက် ကျောင်းဝတ်စုံ ၃၇ စုံနှင့် စားသောက်ကုန်ပစ္စည်းများ ကိုလည်းကောင်း၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်အိမ်ထောင်စု ၆၄ စုတို့အတွက် စားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။