ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၌ နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ကို ကျူးလွန်ခဲ့သူအား ပြစ်ဒဏ်ချမှတ်

နေပြည်တော်၊ ဧပြီ - ၃၀
   ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆) ရပ်ကွက်၊ မင်္ဂလာသုခ(၃)လမ်း၊ အမှတ်(၁၂၄၅)၊ စိမ့်စိမ့်ဝင်းဖြူ(ခ)စုံစုံ(ဘ)ဦးမြင့်လွင် ၏ နေအိမ်အား ဧပြီ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များက သတင်းအရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ မတရားအသင်းဖြင့် သတ်မှတ်ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) အား ထောက်ခံအားပေး၍ အဆိုပါအဖွဲ့အစည်းတွင် ပါဝင်ရန် လက်ကိုင်ဖုန်းအား အသုံးပြု၍ Online  Telegram  application နှင့် Messenger  Application တို့မှတစ်ဆင့် လှုံ့ဆော်ဆောင်ရွက် နေခြင်း၊ ၎င်းကိုင်ဆောင်သော IPhone-X အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း တွင် Myo Ma Khin နှင့် Selena Seint အမည်ဖြင့် Facebook  Account (၂)ခု အသုံး ပြုပြီး ဆန္ဒပြခဲ့သည့်ပုံများအား ပို့စ်တင်ခဲ့ခြင်းများ၊ Selena  Seint  Facebook  account ဖြင့် ချိတ်ဆက်ထားသော Messenger  Application တွင် စစ်အာဏာရှင် အစိုးရ ကန့်ကွက်သူများ Messenger  Group ဖွဲ့၍ အကြမ်းဖက်ဆန္ဒပြမှုနှင့် ပတ်သက်သောသတင်းများ၊ ဖမ်းဆီးထိန်းသိမ်း ခံရသောသူများနှင့် ပတ်သက်သော သတင်းများကို အခြားသူများနှင့် အပြန်အလှန်ပေးပို့ခြင်း၊ Selena Seint  Facebook account ဖြင့် ချိတ်ဆက်ထားသော Telegram  application တွင် “မြန်မာ့နိုင်ငံရေး အကြောင်း ဆွေးနွေးကြမယ်” အမည်ရှိ Group (၁)ခုအား၊ Owner အဖြစ် ဖွဲ့စည်း ထားရှိပြီး ၂၇-၃-၂၀၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့တော်လှန်ရေး Zoom  Meeting ဖိတ်ကြားစာအား အခြားသူများထံသို့ ပေးပို့ ခဲ့ခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြင့် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာယာရေးကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အီလက်ထရောနစ်ပုဒ်မ-၃၃(က)အရ ဧပြီ ၂၉ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် (Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။