ဒဏ်ရာအမြန်ဆုံးပြန်လည်သက်သာလာသည့်အတွက် စက်တင်ဘာလဆန်းပိုင်းတွင် မန်ယူအသင်းနှင့်အတူ တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ပြန်လည်ပါဝင်လာဖွယ်ရှိနေ

မန်ချက်စတာ၊ ဘောလုံး

ယခုလဆန်းပိုင်းတွင် ပခုံးဒဏ်ရာခွဲစိတ်ကုသမှုများ ပြုလုပ်ထားသည့် မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ၏ဒဏ်ရာမှာ ခန့်မှန်းထား သည်ထက် အမြန်ဆုံးပြန် လည်သက်သာလာသည့်အတွက် စက်တင်ဘာလဆန်းပိုင်းတွင် မန်ယူအသင်းနှင့်အတူ ပြန်လည် ပါဝင်လာ ဖွယ်ရှိနေကြောင်း သိရသည်။

ရက်ရှ်ဖို့ဒ်သည်  ပြီးခဲ့သည့်ဘောလုံးရာသီ မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ကစားခဲ့သည့် မန်ချက်စတာဒါဘီပွဲစဉ်ကတည်းက ပခုံးဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သော်လည်း ဘောလုံးရာသီပြီးဆုံးချိန် မှသာ ခွဲစိတ်ကုသမှုခံယူရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

သို့သော်  ဘောလုံးရာသီပြီးဆုံးချိန်တွင်လည်း အင်္ဂလန်အသင်းနှင့်အတူ ယူရို ၂၀၂၀ ပြိုင်ပွဲ ကစား ရန်ရှိနေသည့်အတွက် ဒဏ်ရာကို ခွဲစိတ်ကုသမှုမခံယူဘဲ ရွှေ့ဆိုင်းခဲ့ကာ ယူရိုပြိုင်ပွဲပြီးနောက်  ယခု လဆန်းပိုင်းမှသာ ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

ရက်ရှ်ဖို့ဒ်အနေဖြင့်  အစောပိုင်းက ပခုံးခွဲစိတ် ကုသမှုကြောင့် အနည်းဆုံးနှစ်လခန့်အထိ  အနား ယူရမည့်အခြေအနေရှိခဲ့သော်လည်း    ယခုအခါဒဏ်ရာ အမြန်ဆုံးပြန်လည်သက်သာလာသည့်အတွက် စက်တင်ဘာလဆန်းပိုင်းတွင် အသင်းနှင့်အတူ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေကြောင်း  မန်ယူ အသင်းဆေးအဖွဲ့က  သတင်းထုတ်ပြန်ထားသည်။

သို့သော်  နည်းပြဆိုးလ်ရှားက အသင်းတိုက်စစ် ပိုင်းတွင် ကစားသမားများရှိထားပြီးဖြစ်သည့်အတွက် အလျင်စလို အသုံးပြုမည် မဟုတ်ဘဲ ဆောက်သမ်တန်၊ဝုဗ်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ ဗီလာအသင်းတို့ နှင့်ပွဲစဉ်များကို  လွဲချော်ဖွယ်ရှိနေပြီး   အဲဗာတန် အသင်းနှင့်ပွဲစဉ်၌သာ  စတင်ပါဝင်ကစားနိုင်ဖွယ်ရှိ နေကြောင်း သိရသည်။

Ref;Sky Sports