အာဆင်နယ်နည်းပြ အာတီတာက အောက်တိုဘာ ၂၈ ရက်ည ဒန်းဒေါ့နှင့် ယူရိုပါလိဂ်ပွဲတွင် အရန်ကစားသမား များစွာကို ထည့်သုံးခဲ့သော်လည်း သုံးဂိုးပြတ် အနိုင်ရခဲ့သည့် အတွက် နိုဝင်ဘာ ၁ ရက်ည မန်ယူနှင့် အိုးထရက်ဖို့ဒ်ကွင်း၌ ကစားရမည့်ပွဲတွင် နိုင်ပွဲဆက်ယူမည်ဟု ကြုံးဝါးပြောဆိုခဲ့ သည်။
ထိုပွဲတွင် အန်ကီတာ၊ ပွဲစဉ်အလိုက် အကောင်းဆုံးဆု ရရှိခဲ့သော ဂျိုးဝီလော့နှင့် ပီပီတို့က အာဆင်နယ်အတွက် ဂိုးများသွင်းယူပေးခဲ့ပြီး အသင်းကစား သွားပုံကိုလည်း အာတီ တာက ချီးကျူးခဲ့သည်။
အာတီတာက ''ကျွန်တော်တို့ အေးဆေးသက်သာစွာနဲ့ နိုင်ပွဲရခဲ့တယ်။ အသင်းကစားသွားတာ စည်းကမ်းလိုက်နာ ခဲ့လို့ပါ။ ပွဲအစကတည်းက အကောင်းဆုံး ကစားသွားနိုင်ကြတယ်။ ပါဝင်ကစားသွားတဲ့ ကစားသမား အားလုံးအတွက် နိုင်ပွဲက ထိုက်တန်ခဲ့ပါတယ်။ မန်ယူနဲ့ပွဲကို အနိုင်ဦးတည်ပြီး သွားကစားဖို့ အသင့်ပါပဲ''ဟု ကြုံးဝါးခဲ့သည်။