ဒီဘရိုင်းကို မန်စီးတီးအသင်း စာချုပ်သက်တမ်းတိုးမည်

မန်စီးတီးအသင်းသည်  အကောင်းဆုံး ခြေစွမ်းပြသနေနိုင်သော အသင်းကွင်းလယ်ကစားသမား    ဒီဘရိုင်းကို တစ်ပတ်လစာ   ပေါင်သုံးသိန်းအထိ တိုးပေးပြီး  စာချုပ်သက်တမ်းတိုးရန် အလွန်နီးစပ်နေပြီဖြစ်သည်။

ဒီဘရိုင်း၏  လက်ရှိစာချုပ်သက်တမ်းသည် ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးသော်လည်း မန်စီးတီးအသင်းသည် နောက်ထပ် ငါးနှစ်စာချုပ်သက်တမ်း ထပ်တိုးရန် ကမ်းလှမ်းထားရာတွင် တစ်ပတ်အခြေခံလစာ ပေါင်သုံးသိန်းအပြင် တခြား အပိုဆုကြေးများပါ ထပ်ပေးမည်ဟု သိရသည်။ ဒီဘရိုင်းဘက်မှ နှစ်နှစ်သာ သက်တမ်းတိုးလိုသော်လည်း မန်စီးတီးအသင်းက ကစားသမားဘဝ၏  နောက်ဆုံးနေ့ရက်များကို မန်စီးတီးတွင်သာ  ကုန်ဆုံးစေရန် အလိုရှိသဖြင့် ကစားသမားဘက်မှလည်း လက်ခံတော့မည်ဟု သိရသည်။                                  

Ref:Dailymail