ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော်၊ အောက်တိုဘာ- ၁၉

  ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့တွင် မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊မိသားစုများအား သက်ဆိုင်ရာ တပ်နယ်ခန်းမအသီးသီး၌ သီးခြားစီ သွားရောက် တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာ ရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးနှင့် မကွေး တပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင်  Covid-19  ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ တစ်ဦး ချင်းကိုယ်စီ အသိစိတ်ဖြင့် ကာကွယ်ရေး၊ရောဂါကာကွယ်ရာတွင် အထောက်ကူပြု စေရန် အတွက် အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ရေးနှင့် တပ်မတော်မှ ရိက္ခာနှင့် အမယ်စုံများ ၃ လစာ အမြဲတမ်းဖြည့်ဆည်း ဆောင်ရွက်ထားသည့် အခြေအနေများ ၊တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေမည့်အပြုမူများကိုရှောင်ရှား၍ ညီအစ်ကိုမောင်နှမသဖွယ် အချင်းချင်း ရိုင်းပင်းကူညီ စောင့်ရှောက်ရေးကိစ္စရပ်များ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ တစ်ဦးချင်းစီ၏ ဆန္ဒမဲများကို ခိုင်မာမဲဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာချက်များကို သိရှိနားလည်အောင် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည့်သူကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း နိုင်ငံနှင့်ဒေသ အကျိုးဆောင်ရွက်ပေးနိုင်မည့်ပုဂ္ဂိုလ်များ၊ ဥပဒေပြုနိုင်ရေး လုံလောက်သည့် ပညာအရည်ချင်းနှင့် ဥပဒေပိုင်းဆိုင်ရာ နားလည်သိရှိမည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေး (၃)ပါးကို လက်ခံလိုက်နာ စောင့်ရှောက်ထိန်းသိမ်းနိုင်မည့် ပုဂ္ဂိုလ်များ၊ တပ်မတော်၏ အမျိုးသား နိုင်ငံ့အရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည် လက်ခံဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များ၊အမျိုး ဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ် များအပြင် ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ကွယ်မှပံ့ပိုး ထောက်ပံ့မှု ကင်းရှင်းသည့်ပုဂ္ဂိုလ်များကို စနစ်တကျ လေ့လာသုံးသပ်၍ လွတ်လပ်စွာ ဆန္ဒမဲပေး နိုင်ရေး ကိစ္စရပ်များ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်၊ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး မူဝါဒများကို သိရှိအောင် လုပ်ဆောင်၍ အောင်မြင်အောင် အကောင်ထည်ဖော် ဆောင်ရွက်ရေး ကိစ္စရပ်များ၊ စွမ်းရည်(၃)ရပ် ပိုင်းဆိုင်ရာတွင် ကောင်းမွန်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်း ဆောင်ရွက်ရေး ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်း မှာကြား သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက မကွေးတပ်နယ်နှင့် မိတ္ထီလာ တပ်နယ်တို့မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ သုတ၊ရသ၊ စာအုပ်၊စာစောင်များနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ တပ်နယ်အလိုက် တာဝန် ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မကွေးမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် စစ်သည်များ၏ ကျန်းမာရေး အခြေအနေ များအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြကြောင်း သတင်းရရှိသည်။