ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ ပဲနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၁၉
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး လိုက်ပါလျက် ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ၊ ပဒုမ္မာ ဆပ်ပြာမွှေးနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ထိုသို့သွားရောက်လှူဒါန်းရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ သွားရောက်၍ မကွေးမြို့ရှိ မဟာဝိသုတရာမကျောင်း ပဓာနနာယက နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ တိလောက အမှူးပြုသော ဆရာတော်သံဃာတော်များ၊ အောင်မြေရတနာကျောင်း နာယက ဘဒ္ဒန္တ ဝိမလ အမှူးပြုသော ဆရာတော်သံဃာတော်များ၊မိတ္ထီလာမြို့ရှိ သာသနာ့ ဝေပုလ္လကျောင်းတိုက်၏ ဦးစီးပဓာန နာယက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ ရတနာဦးကျောင်း ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ အမှူးပြုသော ဆရာတော် သံဃာတော်များအား ဖူးမြော်ကန်တော့၍ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ပဲ၊မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ် သည့် Mask များနှင့်မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ပဒုမ္မာဆပ်ပြာစက်ရုံမှ ထုတ်လုပ်သည့် ပဒုမ္မာဆပ်ပြာမွှေးနှင့် လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများကို မေးမြန်း လျှောက်ထားသည်။
ယနေ့လှူဒါန်းမှုအနေဖြင့် မကွေးမြို့ မဟာဝိသုတရာမကျောင်းသို့ ဆွမ်းဆန် တော်အိတ် ၃၀၊ ဆီပိဿာ ၅၃ ၊ ဆား ၄၆ ပိဿာ၊ ပဲ ၇၉ ပိဿာ၊Mask ၃၀၀ ခုနှင့် ဗဒုမ္မာ ဆပ်ပြာမွှေး ၈၀ ခဲ၊အောင်မြေရတနာကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၅၀ ၊ ဆီ ၈၈ ပိဿာ၊ ဆား ၇၇ ပိဿာ၊ပဲ ၁၃၂ ပိဿာ၊Mask ၆၀၀၀ ခု၊ ဗဒုမ္မာဆပ်ပြာမွှေး ၂၅၀ ခဲ၊ မိတ္ထီလာမြို့ရှိ သာသနာ့ဝေပုလ’ကျောင်းသို့ ဆွမ်းဆန် တော်အိတ် ၅၀၊ ဆီ ၈၈ ပိဿာ၊ ဆား ၇၇ ပိဿာ၊ ပဲ ၁၃၂ ပိဿာ ၊ Mask ၃၀၀၀ ခုနှင့် ဗဒုမ္မာ ဆပ်ပြာမွှေး ၁၄၀ ခဲ၊ရတနာဦးကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၂၀၊ ဆီ ၃၅ ပိဿာ၊ ဆား ၃၁ ပိဿာ၊ ပဲ ၅၃ ပိဿာ၊ Mask၁၀၀၀ ခုနှင့် ဗဒုမ္မာ ဆပ်ပြာမွှေး ၃၀ ခဲအပါအဝင်၊ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။