ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်း နှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်း နှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ - ၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီးကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်း နှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့အား  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ဗထူးမြို့ရှိ တပ်မတော်ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံ တပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါအခြေ အနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်သည်။

        အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် အမျိူးသမီးနှင့်ကလေးကုသဆောင်သို့သွား ရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့‌သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီးတို့သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်း များအတွက် ချီးမြှင့်ငွေနှင့် ဆေးရုံအတွက် အလှူငွေများကို ပေးအပ်ရာ ဆေးရုံ တပ်မှူးက လက်ခံရယူသည်။

ယင်းနောက် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ် စာသင်ဆောင်သို့ရောက်ရှိရာရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)တိုက်ခိုက်ရေး ကျောင်း (ဗထူး)၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)နှင့်တပ်မတော်(ကြည်း) အရာခံ နှင့်အကြပ်ကြီးသင်ကျောင်းတို့မှ ကျောင်းအုပ်ကြီးများက သင်တန်းကျောင်းများ အလိုက် လေ့ကျင့်သင်ကြားပို့ချမှုဆိုင်ရာကိစ္စရပ်များနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များမေးမြန်း၍ လေ့ကျင့်သင်ကြားရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ကျောင်းအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်၍ တိရစ္ဆာန် မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန် စုစုပေါင်း ဧက ၅၅ ဧက တည်‌ဆောက်ထားရှိမှုအခြေအနေ၊ ရာသီသီးနှံနှင့် မြေအစားထိုးသီးနှံ စိုက်ပျိုးထားရှိမှု များ၊ Green House အတွင်း စိုက်ပျိုးထားရှိမှုများနှင့် ကျောက်စိမ်း တစ်သျှူးငှက်ပျော (သီးမွှေး) စိုက်ပျိုးထားရှိမှုများ၊ DYL မျိုးမြင့် သားပေါက်ဝက်များနှင့် မြေစိုက်ရေခံ အဆောက်အဦနှင့် လေလုံအအေးပေး အဆောက်အဦအတွင်း  ဥစားကြက်များ မွေးမြူ ထားရှိမှု၊  နို့စားနွားနှင့် အသားတိုးနွားများ မွေးမြူထားရှိမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး  တာဝန်ရှိသူများအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအား ဆောင်ရွက်ရာ တွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်အတိုင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်အသား၊ ငါး၊ အသီး အရွက်များအား တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ပြင်ပပေါက်ဈေး ထက် သက်သာသောဈေးနှုန်းများဖြင့် လုံလောက်ဖူလုံစွာ ရရှိနိုင်ရန်နှင့် ပိုလျှံပါက နိုင်ငံ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်သာ‌ချောင်ချိရေးအတွက် သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်း စံပြဖြစ်အောင်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ရည်မှန်းချက်ထား၍ မရပ်မနား ကြိုးပမ်း ဆောင်ရွက်သွားရန်၊ သုတေသနပြုလုပ်ထားသည့် မျိုးစေ့များနှင့် ဝက်မျိုးသန့် မျိုးကောင်းများကို တပ်မတော်တစ်ရက်လုံးဖြန့်ဝေနိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန်နှင့် ဘရာမင် အသားတိုးနွား မျိုးချောင်း သုတေသနလုပ်ငန်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။    

၎င်းနောက် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း  ရွှေဖုရုံ၊ ဗူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်းနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့ ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များမှ မျိုးစေ့တစ်ထုပ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ၂၀၀၀ ကျပ်ခန့် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး ခြင်း၊ ရောင်းချသည့်မျိုးစေ့မှ မိသားစုများ အကျိုးအမြတ်များစွာရရှိစေခြင်း၊ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့အားလုံးသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြန့်ဝေနိုင်ရေး အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ပေးထားသည့် မျိုးသန့် မျိုးစေ့ ထုတ်လုပ်ရေးတပ်နှင့် ညှိနှိုင်း၍ အမြန်ဆုံးဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါဇုန်အတွင်း စိုက်ပျိုးထားရှိသည့် ခရမ်းမျိုးစိတ်မှာ ဒေသမျိုးရင်းဖြစ်ပြီး ပျိုးသက်အနေဖြင့် ရက်ပေါင်း ၃၀ ရက်မှ ၄၀ ရက်ခန့် ကြာမြင့်ကာ စိုက်ပျိုးပြီး ၃ လအတွင်း စတင်အသီးသီးကြောင်း၊ ခရမ်းပင်သီးနှုန်းမှာ တစ်ပင်လျှင် ပျမ်းမျှ ၁၅ လုံးမှ ၂၀ လုံး (၅ ပိဿာခန့်)ရှိပြီး ခရမ်းသီး ၁ ပိဿာလျှင် ပြင်ပပေါက်ဈေး ၁၀၀၀ ကျပ်ရှိကြောင်း၊ အလားတူ ငရုတ်မျိုးထုပ် ၁ ထုပ်လျင် ၅၀၀ ကျပ်ရှိပြီး မျိုးစေ့ ၁၀၀၀ စေ့ခန့် ပါဝင်ကာ ၅၀၀ ကျပ် ကုန်ကျခံပါက စစ်သည် ၆ ခန်းတွဲ လိုင်းတစ်လိုင်းအတွက် လုံလောက်ဖူလုံသည့်အပြင် ပိုလျှံ ငရုတ်သီးများအား ရောင်းချနိုင်သဖြင့် အပိုဝင်ငွေ ရရှိနိုင်ကြောင်း၊ ငရုတ်တစ်ပင်မှ ငရုတ်သီးခန့်မှန်း ၁၀ ကျပ်သားခန့်ထွက်ရှိပြီး ငရုတ်မျိုးစေ့ ၁ ထုတ်လျင် ခန့်မှန်း ၇၀ ပိဿာခန့်ရရှိမည်ဖြစ်ရာ ငရုတ်သီးအစို ၁ ပိဿာလျင် ၇၀၀၀ ကျပ်ခန့် ရရှိနိုင်သဖြင့် အမှန်တကယ်ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ပါက ကုန်ကျစရိတ်နှုတ်ပြီး ငွေကျပ် ၄၀၀၀၀၀ ကျော်ခန့် အမြတ်ရ၍ ဗထူး တပ်နယ်မိသားစုများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများ ရရှိနေကြ ကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် များစွာအကျိုးဖြစ်ထွန်း ကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ပေါင်းစည်းလယ်ယာ(ဗထူးစမ်း) သို့ သွားရောက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အကူအညီဖြင့် ရေကျော်တမံအသေးတည်ဆောက်လျှက် လယ်မြေသစ်များဖော်ထုတ်၍ ၎င်း လယ်မြေများတွင် အာလူး ၁ ဧကနှင့် နွေစပါး ၈ ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီးလိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာစနစ် စိုက်ပျိုး/မွေးမြူရေးခြံသို့သွားရောက်ပြီး ဥစားကြက်၊ အသားတိုးကြက်၊ DYLဝက်နှင့် နို့စားနွားမွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများအား လည်းကောင်း၊ တပ်မတော်(ကြည်း)အရာခံနှင့်အကြပ်ကြီးသင်တန်းရှိ ရာသီသီးနှံစိုက်ခင်းများ၊ နို့စားနွားနှင့် ဝက်မွေးမြူရေးခြံတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသတင်းရရှိသည်။