ဒေသခံပြည်သူတစ်ဦးအား ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ပြုလုပ်ခဲ့သူများအား ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ သန္တာ(၁၅)လမ်းရှိဒေသခံပြည်သူတစ်ဦးအား ဒလန်ဟုပြောဆိုစွပ်စွဲပြီး အကြမ်းဖက်သူလူတစ်စုက ခေါင်းတုံးတုံးခြင်းများ ပြုလုပ်ခဲ့ကြောင်း တည်ငြိမ်အေး ချမ်းရေးကို လိုလားသူများ၏ တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၁၈ ရက် ည ၁၁ နာရီခွဲခန့် တွင် ဥပဒေမဲ့ဆောင်ရွက်ခဲ့သူများဖြစ်သည့် ရွှေကျော်ထွန်း(ဘ)ဦးလှငွေ၊ လဲ့လဲ့ဝင်း(ဘ)ဦးလှဝင်း၊ သိန်းသန်း ထွန်း(ဘ)ဦးအောင်ငြိမ်း၊ မျိုးယုသွယ်(ဘ)ဦးသန်းအောင်နှင့်နုနုချို(ဘ)ဦးလှမြင့်တို့ ၅ ဦးအား ၎င်းတို့၏ နေအိမ်များ အသီးသီး၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများသည် မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီကျင့်ဝတ်အပေါ် ကျူးလွန်ဖောက်ဖျက်သည့်အပြင် တည်ဆဲဥပဒေများ၊ အသိပေးချက်များနှင့် သတိပေးချက်များအပေါ် ဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

(၁၀၀)