ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
    
COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာနှင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်ကျေးရွာတို့ရှိ အိမ်ထောင်စု ၂၀၀၀ စု၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၅) ရပ်ကွက်၊ ဝါးတရာကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် ဘုံရှည်းကုန်းကျေးရွာတို့ရှိ အိမ်ထောင်စု ၄၀၀၀ စုတို့ အတွက် ဆန်နှင့် ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက  ပြည်သူ့များ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။
    
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ဥပုသ်တော်ရပ်ရှိ အိမ်ထောင်စု ၃၀၀ စုအတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ဘီစကစ်များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။