ဒေသခံ တိုင်းရင်းသားပြည်သူများက ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်သို့ ရာသီသီးနှံများ မေတ္တာလက်ဆောင်အဖြစ် လာရောက် ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၃

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ကွပ်ကဲမှုနယ်မြေအတွင်း COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိပြီး ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိသော အားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ရှိ ဒေသခံ တိုင်းရင်းသားပြည်သူများက ၎င်းတို့၏သီးနှံ စိုက်ခင်းများမှ ထွက်ရှိသည့် သင်္ဘောသီးများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်သို့ မေတ္တာလက်ဆောင်အဖြစ် လာရောက်ပေးအပ်သည်။

ထိုသို့ ရာသီသီးနှံများကို မေတ္တာလက်ဆောင်အဖြစ် လာရောက်ပေးအပ်သည့် ဒေသခံ တိုင်းရင်းသားပြည်သူများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကျေးဇူးတင် စကားပြောကြားပြီး ဆန် ၅ အိတ်၊ ကြက်သွန်နီ ၆၀ ပိဿာ၊ ကြက်သွန်ဖြူ ၃၀ ပိဿာ၊ အာလူး ၃၀ ပိဿာ၊ အသားဘူး ၂၄ ဘူး၊ နို့ဆီ ၂ ဖာ၊ အသင့်ဖျော် လက်ဖက်ရည်ထုပ်များ၊Mask  ၅၀၀ ခုနှင့် လက်ဆေးဆပ်ပြာ ၁၀ ဘူးတို့ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။