ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 
နေပြည်တော်၊ ဧပြီ - ၁၈

 
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များ သည် တိုင်းစစ်ဌာနချုပ်ရှိ စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် နေဗီယာမြက်စိုက်ပျိုး ထားရှိမှု၊ မြေအစားထိုးဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရှိမှု၊ ဉစားကြက်မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှုနှင့် စပါးခွံဘိုကာရှီ မြေဆွေး မြေဩဇာ ပြုလုပ်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိ သူများအား လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။