ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် - ၂၅

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို တစ်ဖက် တစ်လှမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်မှ ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းများ၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် နေပြည်တော် ကောင်စီနယ်မြေ၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ရာသီသီးနှံ စိုက်ပျိုးထားရှိမှု၊ တစ်သျှူးငှက်ပျောစိုက်ပျိုးထားရှိမှု၊ ပဲစင်းငုံစိုက်ပျိုးထားရှိမှု၊ ကြံစိုက်ပျိုးထားရှိမှု၊ နေကြာစိုက်ပျိုးထားရှိမှု၊ ဉစားကြက်မွေးမြူထားရှိမှု၊ DYL ဝက် မွေးမြူထားရှိမှု၊ ဆိတ်မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှုနှင့် ဒေသနွားမွေးမြူ ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။