ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၃

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၂ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့်အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နယ်မြေခံတပ်ရင်း၌ ရာသီသီးနှံစိုက်ပျိုး ထားရှိမှု၊ တစ်သျှူးငှက်ပျောစိုက်ပျိုးထားရှိမှု၊ စိန်တစ်လုံးသရက်စိုက်ပျိုးထားရှိမှု၊ ဒေသကြက်၊ ဉစားကြက်၊ အသားတိုးကြက်၊ DYL ဝက်၊ ဆိတ်၊ နို့စားနွား၊ ဒေသနွားနှင့် ရေချိုငါးခူမွေးမြူထားရှိမှု တို့ကိုလည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ နယ်မြေခံတပ်ရင်း၌ ရာသီသီးနှံစိုက်ပျိုးထားရှိမှု၊ တစ်သျှူးငှက်ပျော စိုက်ပျိုးထားရှိမှု၊ စင်တင်သီးနှံနှင့် နေကြာပင်စိုက်ပျိုးထားရှိမှု၊ ဉစားကြက်နှင့် ဝက်မွေးမြူထားရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။