နတ်တလင်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နတ်တလင်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ရက်

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တပ်မတော် စစ်ကြောင်းကို  အကြမ်းဖက်သမားများမှ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် Khit Thit   မှ သတင်းတု၊ သတင်းအမှားများ လူမှုကွန်ယက်စာမျက်နှာတွင် လုပ်ကြံရေးသား ဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း၊ မည်သည့်ထိခိုက်မှုမှ မရှိကြောင်းနှင့် အကြမ်းဖက်သမားများမှ အဝေးမှ မိုင်းဖောက်ခွဲ၍ ရမ်းသမ်းပစ်ခတ် ထွက်ပြေး သွားကြောင်း သိရှိရသည်။

          ယခုကဲ့သို့ မိဘပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်စေရန်အတွက် ရပ်ကွက်များ၊ ကျေးရွာများ၊ မြို့နယ်များ၌ လုံခြုံရေးလုပ်ငန်းများကို နေ့ည မပျက် ဆောင်ရွက်ပေး လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများမှ ယုံကြည်မှု လျော့ပါးစေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် တရားမဝင်ပြည် ဖျက်မီဒီယာ များမှ ရည်ရွယ်ချက်ရှိရှိ  သတင်းတု၊ သတင်းမှားများကို အချိန်ကိုက် လုပ်ကြံ လိမ်လည်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။