နမ့်ခမ်းမြို့နယ်အတွင်း ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ - ၁၀

   

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် နာရီခွဲခန့်တွင် မုံးဝီးကျေးရွာ၏ အရှေ့ဘက် မိုင်ခန့်အကွာသို့ အရောက်၌ ပန်ရှောကျေးရွာဘက်မှ မန်ဆက်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် စီးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အား ရပ်တန့်၍ လျှိုအတွင်းဝင်ရောက် ထွက်ပြေးသွားခဲ့သည်။

   

ရပ်တန့်ထားခဲ့သည့် မော်တော်ဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံ အနောက်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် အတွင်းမှ RPG  ဒုံးသီး(ပို့ကျည်ပါ) လုံး၊ အီနာဂါဗုံးသီး(ပို့ကျည်မပါ) ၁၇ လုံးနှင့် ၄၀ မမဗုံးသီး လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

   

အဆိုပါ သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ်နှင့် ခဲယမ်းများအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။