နာနတ်အချဉ်သီးများ ထွက်ပေါ်ချိန်တွင် တင်ပို့မှုခက်ခဲပါက တောင်သူများ အရှုံးပေါ်နိုင်

နှစ်စဉ်   အောက်တိုဘာလတွင်  စတင်ထွက်ရှိပြီး  ဈေးကောင်းရရှိသော နာနတ်အချဉ်သီးများ ထွက်ပေါ်ချိန်၌    တင်ပို့မှုခက်ခဲပါက   တောင်သူများ အရှုံးပေါ်နိုင်ကြောင်း မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချ သူများအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်၏ ပြောပြချက်အရ သိရသည်။

ဒီနှစ်  COVID-19 ရောဂါ  အခြေအနေနဲ့ဆိုတော့ မလွယ်ပါဘူး။ ရန်ကုန်နဲ့ မန္တလေးမြို့တွေဆီ   အင်တိုက်အားတိုက် မရောင်းနိုင်လောက်ဘူးဆိုတော့ ရာသီသီးနှံတွေလိုပဲ  အခြေအနေမကောင်းနိုင်ဘူး။ အခုထိလည်း  အသွားအလာ ခက်ခဲနေဆဲပဲ။ နာနတ်အချဉ်သီးတွေက အခုစထွက်နေပြီ ဟု ဦးစိုင်းကျော်ညွန့်က ပြောသည်။

အဆိုပါ   နာနတ်အချဉ်သီးများသည် အောက်တိုဘာလမှ  ဖေဖော်ဝါရီလအထိ ထွက်ပေါ်လေ့ရှိပြီး ထွက်ရှိမှုနည်းပါးသော ကြောင့် နှစ်စဉ် ဈေးကောင်းရလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်က စိုက်ဧကပြတ်ဈေးအနေဖြင့် နာနတ်အချဉ်သီးတစ်လုံးလျှင် ငွေကျပ် ၂၀၀ အထိဈေးနှုန်းရရှိကာ ရန်ကုန်နှင့် မန္တလေးမြို့အရောက် တစ်လုံးလျှင် ငွေကျပ် ၃၀၀ မှ ၅၀၀ ကြားရရှိသည်။

နာနတ်အချဉ်သီးများသည်    မြန်မာ့နာနတ်သီး စိုက်ဧက စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအထိသာ  ထွက်ရှိလေ့ရှိပြီး  ကျန် ၉၀

ရာခိုင်နှုန်းမှာ ဇွန်၊ ဇူလိုင်နှင့်  သြဂုတ်လတို့တွင်   တစ်ပြိုင်တည်းထွက်ပေါ် လေ့ရှိကြောင်း သိရသည်။              

 နေနေ