ရောမ၊ ဘောလုံး
ဂျူဗင်တပ်စ်အသင်းမှတာဝန်ရှိသူများက နည်းပြပီယာလိုကို ဧပြီ ၈ ရက်တွင်ကစားမည့် ဂျူဗင်တပ်စ် အသင်းနှင့်နာပိုလီအသင်းတို့ပွဲစဉ်တွင် ရှုံးနိမ့်ပါက ထုတ်ပယ်သွားဖွယ်ရှိနေကြောင်း သိရသည်။
နည်းပြပီယာလိုကို ယခုဘောလုံးရာသီတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းလက်အောက်၌ ဂျူဗင်တပ်စ်အသင်း သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၆) သင်း ရှုံးထွက်အဆင့်မှ စောစီးစွာထွက်ခွာခဲ့ရသကဲ့သို့ ကိုးနှစ်ဆက် ချန်ပီယံဆု ဆွတ်ခူးထားသည့် အီတလီစီးရီးအေပြိုင်ပွဲတွင်လည်း ချန်ပီယံဆုလက်လွှတ်ရမည့် အခြေအနေ များကြောင့် နည်းပြအပြောင်းအလဲပြုလုပ်လိုနေခြင်း ဖြစ်သည်။
အစောပိုင်းက ဂျူဗင်တပ်စ်အသင်းမှ တာဝန်ရှိသူများက နည်းပြပီယာလိုကို ရာသီကုန်ဆုံးချိန်အထိ အခွင့် အရေးပေးရန်စီစဉ်ထားသော်လည်း ပြီးခဲ့သည့်နှစ်ပွဲတွင်လည်း နိုင်ပွဲပျောက်ဆုံးခဲ့သည့်အတွက် နာပိုလီ အသင်းနှင့်ပွဲစဉ်တွင် ရလဒ်ထပ်မံဆိုးရွားပါက ရာသီမကုန်ဆုံးမီ နည်းပြအပြောင်းအလဲပြုလုပ်လိုနေခြင်း ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုဘောလုံးရာသီတွင် အီတလီစီးရီးအေပြိုင်ပွဲ ပွဲစဉ် ၂၈ ပွဲကစားပြီးချိန် ၁၆ ပွဲနိုင်၊ ရှစ်ပွဲသရေ၊ လေးပွဲရှုံး ရမှတ် ၅၆ မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး မတ် ၇ ရက် တွင် နာပိုလီအသင်းကို အိမ်ကွင်း၌ လက်ခံကစား ရမည်ဖြစ်ကြောင်း သိရသည်။
Ref;Footballitalia