နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ဆံဖျားထမ်းဆောင်နေသည့် ဝေါလေဒေသအတွင်းမှ တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်ပေးအပ်

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ဆံဖျားထမ်းဆောင်နေသည့် ဝေါလေဒေသအတွင်းမှ တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်ပေးအပ်

နေပြည်တော်၊ ဇူလိုင် ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း၌ လုံခြုံရေးနှင့် နယ် မြေစိုးမိုးရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအတွက် ဇွန် ၃၀ ရက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုက စားသောက်ဖွယ်ရာ ၁၁ မျိုးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ဂုဏ်ပြုချီးမြှင့်ကြသည်။
တပ်မတော်သားများအတွက် ပေးအပ်ချီးမြှင့်သော စားသောက်ဖွယ်ရာ ၁၁ မျိုးကို မွန်ပြည်နယ်(YMBA) ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးက ပေးအပ်ချီးမြှင့်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အလားတူ ယနေ့ ညနေပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ကျောက်ဆည်မြို့တို့မှ စေတနာရှင်မိဘပြည်သူများက ကရင် ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း၌ လုံခြုံရေးနှင့်နယ်မြေစိုးမိုး ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ် သိန်း ၅၅၀ နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။