နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ

နေပြည်တော်၊ စက်တင်ဘာ - ၃

    ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ရုရှား ဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး မော်စကိုမြို့ပုံစံငယ်ပြတိုက်၊ Smart City ပုံစံငယ်ပြတိုက်နှင့် အာကာသပြတိုက် များအတွင်း လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဒေသစံတော် ချိန် ညနေပိုင်းတွင် ပညာတော်သင် သင်တန်းသားများအား ခေတ္တတည်းခိုသည့် ဟိုတယ်ဧည့်ခန်းမ ဆောင်၌  တွေ့ဆုံအမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာ တွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံရပ်ခြား တွင် နိုင်ငံတော်၏တာဝန်များကို အတူတကွလာရောက်ထမ်းဆောင်နေခြင်းဖြစ်သည့် အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရန် လိုအပ်သည့်အခြေအနေများ၊ မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်အောင် နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ရန်လိုအပ်သည့် အခြေ အနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများ အတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။