နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၂၅

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော် မတီ ဒုတိယ အကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှုး၊ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်ဆပ်ကော် မတီဥက္ကဌများ နှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့တွင် အနှစ် သာရနှင့် အဓိပ္ပါယ်ပြည့်ဝစွာ ကျင်းပနိုင်ရေးစီမံဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ တော်ခန်းမ၌ ၂၀၁၆ ခုနှစ် ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန် မှ နေပြည်တော်သို့ သယ်ယူမည့် အခမ်းအနားလည်း ပါရှိမည်ဖြစ်ကြောင်း၊ (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကြမည့်ယာဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအလိုက် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေကြမှုများနှင့် ၎င်းအခမ်းအနားတွင် ပါဝင် ဆောင်ရွက်ကြမည့် တစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများမှာလည်း အားရ ဖွယ် တွေ့မြင်ရပါကြောင်း ၊ တစ်နည်းအားဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အကြို လှုပ်ရှားမှုများသည် ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု စွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင်ကွင်းဖြစ်နေပါကြောင်း။

ယခုနှစ်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားဖြစ်သည်နှင့်အညီ နိုင်ငံတော်အဆင့် အခမ်း အနားအဖြစ်ဆောင်ရွက်ရမည့် အခမ်းအနားကြီးတစ်ခု ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို စနစ်တကျ ကြို တင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။

ယနေ့ အစည်းအဝေးတွင် လုပ်ဆောင်ရန်ကျန်သည်များကို ဦးစားပေးဆွေး နွေးကြပြီး ဆုံးဖြတ်ပေးရမည့်အချက်များကို ချက်ချင်းဆုံးဖြတ်နိုင်ရန် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ၏ လုပ်ငန်းဆောင် ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စု နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် က စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ် ကော်မတီ၊ ဖိတ်ကြားရေးနှင့်နေရာချထားရေးဆပ်ကော်မတီ၊ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး၊ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ နိုင်ငံ တော်အလံတင်အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူရေး ဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ် ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ ညစာစားပွဲခင်းကျင်းကျွေးမွေးရေးဆပ်ကော်မတီ၊ စာရင်း စစ်ဆေးရေးဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ တို့မှ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟို ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ က ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ်က ဆပ်ကော်မတီ အလိုက် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။