နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် အောက်တိုဘာ ၁၉

 
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟို ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်ဗဟိုကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နှင့်စပ်လျဉ်း ၍ ဆောင်ရွက်ကြရမည်ကိစ္စရပ်များ ကြိုတင်ဆောင်ရွက်နိုင်ရန် ပထမအကြိမ် အစည်း အဝေး ကိုကျင်းပရခြင်းဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ထူးခြားခမ်းနားသည့်နိုင်ငံတော်အဆင့် အခမ်းအနားကြီးတစ်ခုအဖြစ် စီမံဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရသည့် အချိန်မှ စတင်၍ ယနေ့အချိန်အထိ အစိုးရအဆက်ဆက် ပြောင်းလဲလာသော်လည်း လွတ်လပ်ရေးဆုံးရှုံးစဉ်ကာလ တစ်လျှောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် အယူဝါဒအရေး၊ တိုင်းရင်း သား အရေးနှင့် ဘာသာရေးအပေါ် အခြေခံသည့် မတူညီသောခံယူချက် များနှင့် ယုံကြည်ချက်များသည် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာခဲ့ပြီး ယနေ့တိုင် တိုင်းပြည် သည်မတည်ငြိမ်မှု၏ ဆိုးမွေများကို ခံစားနေကြရဆဲဖြစ်ကြောင်း၊ အဆိုပါ မတူညီသောခံယူချက်ယုံကြည်ချက်များအပေါ် မတူတာတွေ ဘေးဖယ်ပြီး တူညီချက် များကို လက်တွဲပူးပေါင်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူစဉ် ကာလကတည်းကပင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းလျက် NCA လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖိတ်ခေါ်လျက် တစ်ဖွဲ့ချင်းစီအား ထာဝရငြိမ်းချမ်းရေးရရှိစေရေး တွေ့ဆုံဆွေးနွေးမှုစားပွဲဝိုင်း၌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် လက်ခံတွေ့ဆုံ၍ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း၊ လုပ်ငန်းညှိနှိုင်းရေး အဖွဲ့များက နှစ်ဖက်လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးအဖြေရှာ ဆွေးနွေးစေလျက်ရှိသလို တစ်ဖက်၌လည်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာ ဖူလုံရေးဟူသည့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကိုချမှတ် အကောင်အထည် ဖော်နိုင်စေရေး ဆောင်ရွက်လျှက်ရှိကြောင်း၊ မတူညီသည့် ဝါဒအကြောင်းအရာများ အတတ်နိုင်ဆုံး နားလည်လက်ခံလာစေရန်၊ မတူညီသည်များကိုဖယ်ရှား၍ တူညီ သည်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အပြင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းဆောင်ရွက်လျှက်ရှိကြောင်း၊ သို့ဖြစ်၍ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဆင်ယင်ကျင်းပရာတွင်လည်း အထက်ပါ မူဝါဒများကို ဦးတည်လျက် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံ၏လွတ်လပ်ရေးသည် အလွယ်တကူရရှိခဲ့ခြင်း၊ အလွယ်တကူရယူနိုင်ခဲ့ခြင်း မဟုတ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးသည့် ကာလမှ လွတ်လပ်ရေးပြန်လည်ရယူသည့် ကာလအထိ နှစ်ပေါင်း တစ်ရာကျော်မျှ မိမိတို့တိုင်းရင်းသား ညီအကိုမောင်နှမများ၏ အသက်၊ သွေးနှင့် ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးရန် တစ်ရက်၊ တစ်မနက်နှင့် ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေးပြန်လည်ရယူနိုင်ရန် အရင်းအနှီး မြောက်များစွာရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ ထိုသို့ လွတ်လပ်ရေးပြန်လည် ရယူရန်ကြိုးပမ်းရင်းနှီးပေးဆပ်ခဲ့ရသည်များကို မမေ့မပျောက်စေရန်နှင့် ရရှိပြီး အချုပ် အခြာအာဏာကို တည်တံ့ခိုင်မြဲစေရန် ဦးတည်ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေး နေ့အခမ်းအနားကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးသည် မျိုးဆက်သစ် လူငယ်မောင်မယ်များအပါအဝင် မြန်မာနိုင်ငံသားများအားလုံး စဉ်ဆက်မပြတ် ထိန်းသိမ်းရန် တာဝန်ရှိသည်ဆိုသည့် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်များ ပေါ်ပေါက်ကိန်းဝပ်လာစေရန် ပုံဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
အလားတူ လွတ်လပ်ရေးကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွား လာခဲ့သည့် မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများကြောင့် နိုင်ငံတော်အနေဖြင့် တိုးတက် သင့်သလောက် မတိုးတက်ခဲ့သည်များမှသည် တည်ငြိမ်အေးချမ်းမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့်သာယာဝပြောမှုများ ရရှိခံစားနိုင်မည့် အခြေအနေအပြင် ထိုသို့ ဖြစ်ပေါ်ပြောင်းလဲလာစေရေး ယနေ့နိုင်ငံတော်ဝန်ကြီးချုပ်မှ ချမှတ်ထားသည့် အမျိုး သားရေးလုပ်ငန်းစဉ် နှစ်ရပ်နှင့် ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းပုံဖော်နေသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကိုလည်း ပုံဖော်ကြရမည် ဖြစ်ကြောင်း။
သို့ဖြစ်၍ (၇၅ )နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသား ရေး ဦးတည်ချက် ( ၅ )ရပ် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ အဆိုပါ အမျိုး သားရေးဦးတည်ချက် (၅)ရပ်မှာ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ် များအဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး၊ နိုင်ငံ့အကျိုး တိုင်းရင်းသားပြည်သူ လူထုအကျိုးကိုရှေးရှုပြီး “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” “ Keep Moving Forward to Achieve Our Goal ” ဆောင်ပုဒ်အတိုင်း ပိုမို ကောင်း မွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝတည်ဆောက်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သံန္နိဌာန်ဖြင့် ကြိုးပမ်း ဆောင်ရွက်ရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျ ကိုယ်စား ပြုပါဝင် နိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်လာစေရေး တို့ဖြစ်ကြောင်း။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား ကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီကိုဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ဆက်လက်၍ လုပ်ငန်းကော်မတီ နှင့်လိုအပ် သည့် ကော်မတီခွဲများဖွဲ့စည်းကာ လုပ်ငန်းများကို ယနေ့အစည်းအဝေးပြီး နောက်ပိုင်းမှစ၍ အသေးစိတ်စနစ်တကျညှိနှိုင်းစီမံဆောင်ရွက် သွားကြရမည် ဖြစ် ကြောင်း။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းနားအတွက် လေ့ကျင့် ဆောင်ရွက်စဉ်နှင့် အခမ်းအနားကျင်းပစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကိုလည်း စနစ်ကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရာနှုန်း ပြည့် လုံခြုံမှု ရှိစေရေးနှင့် မကျိုးပေါက် စေရေး ရှုထောင့်ပေါင်းစုံဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်စီမံဆောင်ရွက်သွား ကြရမည်ဖြစ် ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အတွက် ပါဝင် လှုပ်ရှားကြမည့် ပုဂ္ဂိုလ်များအားလုံးသည် ကြုံတောင့်ကြုံခဲ ဆင်နွဲရသည့် အခမ်းအနား ကြီးဖြစ်သည်နှင့်အညီ အဆိုပါ အခွင့်အရေးတွင် မိမိတို့ ပါဝင်ပူးပေါင်းဆောင်ရွက် ခွင့်ရသည့် ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူစွာ ခံစားနိုင်စေရေး စည်းရုံးရေးနည်းလမ်းဖြင့်သာ တာဝန်ပေးအပ်ရန်၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အစိုးရအဖွဲ့ဝင်များ အနေဖြင့် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ နောက်ဆုံးအနေဖြင့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် တာဝန်ရှိသူများအားလုံးက တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရ မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဝင်များက စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်း အနား ကျင်းပရေးကော်မတီ၊ ဂုဏ်ပြုယာဉ်များတည်ဆောက်ရေး လုပ်ငန်း ကော်မတီ၊ လွတ်လပ်ရေးနေ့အထိမ်း အမှတ်ပြခန်းများစီစဉ်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်း ကော်မတီ၊ မီးရှူးမီးပန်း များပစ်ဖောက်ရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးလုပ်ငန်း ကော်မတီ၊ ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ မိန့်ခွန်းနှင့် သဝဏ်လွှာပြုစုရေးလုပ်ငန်း ကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ အားကစား ပြိုင်ပွဲများကျင်းပရေးလုပ်ငန်း ကော်မတီ နှင့် စာရင်းစစ်ဆေးရေးလုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းတာဝန် များ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များ အပါအဝင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့ စည်းဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍အတည်ပြုချက်ရယူသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွပ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်း လိုက်ကြောင်းသတင်းရရှိသည်။