နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)၊ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) ရှိ အထူးကုသမှုစင်တာ နှင့် တပ်မတော်အသဲအထူးကုဆေးရုံ တို့အား သွားရောက်ကြည့်ရှု၊ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး
နေပြည်တော်၊ အောက်တိုဘာ - ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူး တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)၊ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)ရှိ အထူးကုသမှုစင်တာနှင့် တပ်မတော်အသဲအထူးကုဆေးရုံ တို့အား သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) သို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဆေးရုံအစည်းဝေးခန်းမများတွင် ဆေးရုံတပ်မှူးများက ဆေးကုသမှု ဆိုင်ရာ အခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိ လိုသည်များအားမေးမြန်းပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ထို့နောက် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ် ရာဆေးရုံတပ်မှူးများက လက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် တပ်မတော် အသဲအထူးကုဆေးရုံ သို့သွားရောက်၍ (၇၅)နှစ်မြောက်စိန်ရတုဆေး ဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် တွင် တပ်မတော်၌ ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ် ကုသမှုခံယူ ခဲ့သည့် လူနာနှစ်ဦးကိုသွားရောက် ကြည်ရှုအားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် တပ်မတော်မှ ပါရဂူကြီးများနှင့် ဆေးမှူးများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်သည်။
အသည်းအစားထိုးကုသမှုတွင် တပ်ခွဲတပ်ကြပ်ကြီး အောင်ချစ်ဝင်း နှင့် ၎င်း၏ အသည်းအလှူရှင်ဖြစ်သည့် ဇနီးဖြစ်သူ ဒေါ်မျိုးသူဇာ ၊ ဒေါ်ခင်သူဇာမျိုး နှင့် ၎င်း၏ အသည်း အလှူရှင်ဖြစ်သော အစ်မဖြစ်သူ ဒေါ်ကေသီမြင့် တို့ကို ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူနာများနှင့်အလှူရှင်များမှာ အောင်မြင်စွာခွဲစိတ် ခဲ့ပြီးနောက် ရက်ပေါင်း ၃၀ နှင့် ၃၁ ရက် ရောက်ရှိသည့်ကာလအတွင်း လူကောင်း ပကတိဖြစ်သည်အထိ ကျန်းမာပျော်ရွှင်လျက်ရှိပြီး သက်ဆိုင်ရာအသည်းအထူးကု ဆရာဝန်ကြီးများ၏ အနီးကပ်ပြုစုစောင့်ရှောက်မှု မလိုအပ်တော့သည့် အခြေအနေ ဖြစ်သော်လည်း ပါရဂူကြီးများနှင့် ဆေးမှူးများက မွန်မြတ်သောစေတနာဖြင့် ပိုမို စိတ်ချကောင်းမွန်စေရန်အတွက် ဆက်လက်၍ ကြည့်ရှု့စောင့်ရှောက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။