နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အောင်ပန်းမြို့ ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ ဂါရဂူ၊ ဆေးမှူးနှင့် သူနာပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အောင်ပန်းမြို့ ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ ပါရဂူ၊ ဆေးမှူးနှင့် သူနာပြုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူ များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး၊ ဆေးရုံရှိ ပါရဂူ၊ ဆေးမှူးနှင့် သူနာပြုများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကားပြောကြား ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံခန်းမ အတွင်း၌ ပါရဂူ၊ ဆေးမှူးများနှင့် သူနာပြုများအား သီးခြားစီ တွေ့ဆုံ၍ လုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင်ကွဲပြားမှုများရှိသည် ဖြစ်သော်လည်း တပ်မတော်သားများ ဖြစ်၍ တူညီသောဦးတည်ချက်များဖြင့် နိုင်ငံ့အရေးကို ထမ်းဆောင်နေမှု အခြေအနေ များ၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ စိတ်ဓာတ်၊ စည်းကမ်း၊ အမိန့်နာခံမှုတို့ဖြင့် မိမိတို့ တတ်ကျွမ်းသည့် ဆေးပညာဖြင့် အကျိုးပြုနေမှု အခြေအနေများ၊ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် တပ်မတော် သည် ၂၄ နာရီအသင့်ရှိနေသည့် အခြေအနေများ၊ အထက်မှပေးအပ်သည့်တာဝန်ကို နေရာဒေသမရွေး၊ အချိန်အခါမရွေး တိုင်းရင်းသား ဒေသခံပြည်သူများအပေါ် ဆေးကုသမှုပေးနေသည့် အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းအရေးပေါ်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းအချို့ CDM ပြုလုပ်မှု ကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲဖြစ်ပေါ်နေ ချိန်၌ တပ်မတော်သားဆရာဝန်၊ သူနာပြုများက ပူးပေါင်းပါဝင်ကာ စောင့်ရှောက် ကုသပေးခဲ့ရမှုအခြေအနေများ၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အပြင် ကာကွယ်ဆေးထိုးနှံမှုများတွင်လည်း အားဖြည့်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များသာမက တိုင်းရင်းသားပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရရှိပြီးဖြစ်၍ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ကြရန် လိုအပ်သည့်အခြေအနေများ၊ ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းအပြင် တပ်မတော်သားများဖြစ်၍ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း၊ အထက်အောက် ဆက်ဆံရေး Chain of Command အနေဖြင့်လည်းကောင်း၊ အဆင့်လိုက် တာဝန်ရှိ သူများကလည်း မိမိလက်အောက် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ၏ ဦး၊ ရေး၊ ထောက်ဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များကိုလည်း အဆင်ပြေချောမွေ့စေရေး ဆောင်ရွက် ပေးရန် လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် နှလုံးသွေးကြောစမ်းသပ်ကုသခန်းနှင့် နှလုံးအထူးကြပ်မတ်ကုသဆောင် တို့သို့ သွားရောက်၍ နှလုံးသွေးကြောရောဂါစမ်းသပ်ကုသစက်(Angiogram) အား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် နှင့် အဖွဲ့ဝင်များသည် သားဖွားနှင့်မီးယပ်ဆောင်သို့ သွားရောက်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ် ခဲ့‌သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံတွင်တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။