နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General VONG PISEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General VONG PISEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN နှင့် ယနေ့ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် လူမျိုး၊ ယဉ်ကျေးမှု တို့တွင်အခြေခံအားဖြင့် တူညီမှုရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်မှုတွင်လည်း တူညီမှုရှိကာ ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိခဲ့သည့် အခြေအနေများ၊ CLMV အဖွဲ့ဝင် နိုင်ငံများလည်းဖြစ်ကာ မဲခေါင်ဒေသခွဲ GMS အဖွဲ့ဝင်နိုင်ငံများ လည်းဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေ အနေများနှင့် ရခိုင်ပြည်နယ် အရေးကိစ္စရပ်များတွင် ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် နားလည်မှုအပြည့်ဖြင့် ရပ်တည်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုအတွက် မြန်မာနိုင်ငံ အနေဖြင့် တတ်နိုင်သည့်ကဏ္ဍများတွင် အပြည့်အဝပါဝင် ကူညီဆောင်ရွက်ပေးသွား မည့် အခြေအနေများ၊ အာဆီယံနိုင်ငံများ အချင်းချင်းစည်းလုံးညီညွတ်ရန်နှင့် အာဆီယံနိုင်ငံအားလုံး အာဆီယံပဋိဉာဉ်များကို အာဆီယံနိုင်ငံများအားလုံးလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး အချို့သောနိုင်ငံများက အာဆီယံပဋိဉာဉ်အား ချိုးဖောက် ဆောင်ရွက်မှုများကြောင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအပေါ် ထိခိုက်မှုရှိနိုင်သည့် အခြေ အနေများ။
နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် ခြင်း အားဖြင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြင့်လာစေမည်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်း ရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ကဏ္ဍအသီးသီးတွင် ထိခိုက်ခဲ့ရသည့် အခြေအနေများ၊ နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့မှု အခြေအနေ များနှင့် နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ ဆေးကုသရေး အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်မည့် အခြေအနေများ၊ ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကမ္ဘောဒီးယားဘုရင့် တပ်မတော်မှ စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးမှုကြောင့် ရောဂါကူးစက်မှုများ လျော့ နည်းခဲ့မှုကို မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာနိုင်ငံ၌လည်း ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ် လုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုကြောင့် ရောဂါကူးစက်မှုများ လျော့နည်းကျဆင်း လျက်ရှိသည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပေါ်နေသည့် အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါပိုး ကာကွယ်ရေးဆိုင်ရာများတွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများ။
၂၀၂၂ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပါအဝင် အာဆီယံ ဆိုင်ရာ အစည်းအဝေးများနှင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ခရီးစဉ်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများအနေဖြင့် ကိုယ်တိုင်တက်ရောက်နိုင်ရေး ဖိတ်ကြားသည့် အခြေအနေများ၊ နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား စစ်ရေယာဉ်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်စေလွှတ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများ၊
အားရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘောဒီးယား နိုင်ငံ မှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင် အာဆီယံနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံ ပဋိဉာဉ်နှင့်အညီ ဆောင်ရွက်နိုင်ပါစေကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြပြီး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ သုတေသနနှင့် ထောက်လှမ်းရေးဌာနအကြီးအကဲ Lieutenant General Hann Sovann၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။