နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက် ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းတပ်ခွဲ များ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် သင်တန်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေး ပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉) မှ အကောင်းဆုံး သင်တန်းသားဆုရရှိသူ သင်တန်းသား မင်းကိုကိုခန့်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသား ကျော်တိုး နှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသား ဟိန်းသက်စိုး တို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၆)မှ အကောင်းဆုံး သင်တန်းသူဆုရရှိသူ သင်တန်းသူ သဉ္ဇာထွေး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူ အေးအေးမျိုးနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ဇွန်ဖူးငုံ တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင် “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော် အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်’’ ဟူသည့် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ လေ့ကျင့်သင်ကြား ပေးလျက်ရှိရာတွင် သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ ဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာ သိပ္ပံဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)ရရှိသူ စုစုပေါင်း ၅၀၀၀ ကျော်ကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။
အမိတက္ကသိုလ်မှ စစ်မြေပြင်တွင် ခြေလျင်တပ်စုတစ်စုကို ဦးဆောင်တိုက်ပွဲ ဝင်နိုင်စေရန် စစ်ပညာရပ်များကို လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆေးပညာရပ်တွင်လည်း စစ်မြေပြင်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်သူပညာရှင်များ ဖြစ်သည် အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားပေးသည့် ပညာရပ် များကိုလက်တွေ့လုပ်ငန်းခွင်ကရရှိလာမည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး “ကျွမ်းကျင် ကူညီ ဆေးစစ်သည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်သားမိသားစု ဝင်များ၊ တိုင်းရင်းသား ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို အပြည့်အဝ ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော် လျှောက်လှမ်းခဲ့သည့် သမိုင်းစဉ် တစ်လျှောက်တွင် ဆေးဝန် ထမ်းတပ်ဖွဲ့ဝင် တပ်မတော်သားသူနာပြုများသည် အထက်မှ ပေးအပ်သည့်တာဝန်၊ ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ နိုင်ငံတော်၏ အချုပ် အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် စစ်ဆင်ရေး ပေါင်းများစွာတွင် တပ်မတော်သားသူနာပြုများသည် ဆေးအကာအကွယ်ပေးရေးတာဝန် များကို စွန့်စွန့်စားစား လိုက်ပါထမ်းဆောင်ခဲ့ကြပြီး စစ်ဆင်ရေးတာဝန်ကို ရဲစွမ်းသတ္တိ အပြည့်ဖြင့်တာဝန်ထမ်းဆောင်ခဲ့ကြသဖြင့် စစ်ဘက်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် လက်မှတ်များဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူ ၁ ဦး၊ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၉ ဦး ရှိခဲ့ပြီးဖြစ်ကြောင်း။
ထို့ပြင်ကမ္ဘာ့သူနာပြုလောကတွင် အမြင့်ဆုံးဆုဖြစ်သော မြန်မာ့ပထမဆုံးဖလောရင့် နိုက်တင်ဂေးဆုရှင် ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည်လည်း သူနာပြုအတတ်ပညာစွမ်းရည် ဖြင့် တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ထိုသို့စွမ်းရည်ရှိသည့် တပ်မတော် သူနာပြုများ၏ စွမ်းဆောင်မှုများကို စံနမူနာယူပြီး ကောင်းမြတ်သည့် သူနာပြုအစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အခြားနိုင်ငံများနည်းတူ ခံစား ရချိန်တွင် တပ်မတော်သားများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ငွေအား၊ လူအား၊ စိတ်ဓာတ်ခွန်အားများဖြင့် ရသမျှအထောက်အကူပြုပစ္စည်းမျိုးစုံကို အသုံးပြုပြီး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် တပ်မတော်ဆေးမှူးပါရဂူဆရာဝန်များနှင့်အတူ သူနာပြု တပ်ဖွဲ့ဝင်များသည်လည်း ရှေ့တန်းကျကျ ပါဝင်ထမ်းဆောင်ခဲ့ကြကြောင်း။
အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် အနောက်တိုင်းဆေးပညာရပ်များကို လေ့လာဆည်းပူးနေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာရပ်သည်လည်း အများပြည်သူ အားကိုးအားထားရသည့် ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် ခေတ်မီနည်းပညာရပ်များနှင့် ပေါင်းစပ်ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆ လုပ်ဆောင်နေရမည်ဖြစ်ကြောင်း။
တိုင်းရင်းဆေးဝါးဖော်စပ်မှု အပိုင်းတွင်လည်း စစ်မှန်ပြီးအရည်အသွေးပြည့်ဝ သည့် တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါးအရည် အသွေးကို ထိန်းသိမ်းနိုင်စေရန်အတွက် ဖော်စပ်မှုအဆင့်တိုင်းတွင် အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ “နွယ်မြက် သစ်ပင် ဆေးဖက်ဝင်၏” ဟူသည့် ဆိုရိုးစကားအတိုင်း မိမိတို့နိုင်ငံတွင်လည်း ဆေးဝါးထုတ်လုပ်နိုင်သည့် ဆေးဖက်ဝင် သစ်ပင်မျိုးစုံနှင့် သစ်ဥသစ်ဖုများသည်နိုင်ငံအနှံ့အပြား ပေါက်ရောက်လျက်ရှိခြင်းကြောင့် တာဝန်ကျရာ ဒေသအသီးသီးတွင်ရှိသည့် ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့ တတ်ကျွမ်း နားလည်ထားသည့် ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန် စွာ အသုံးချပြီး သုတေသနလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။
ယနေ့ခေတ် နိုင်ငံတကာဆေးပညာနယ်ပယ်တွင် Telemedicine နည်းပညာကို စစ်မြေပြင်ဆေးပညာ (Military Medicine)အဖြစ် ထိရောက်တွင်ကျယ်စွာ အသုံးပြု လာသည်ကို တွေ့ရှိရကြောင်း၊ Telemedicine ဆိုသည်မှာ ရုပ်သံဆက်သွယ်မှုနည်းပညာ များကိုအသုံးပြုပြီး ဝေးကွာသောဒေသများသို့ ဆေးအကာအကွယ်ပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော်၏စစ်မြေပြင် ဆေးပညာနယ်ပယ်နှင့် အရိုးရောဂါကုသမှု နယ်ပယ်များတွင် လည်း Telemedicine နည်းပညာကို ခေတ်နှင့်အညီ အသုံးပြုလျက်ရှိသောကြောင့် ပြောင်းလဲတိုးတက်နေသည့် ဆေးဘက်ဆိုင်ရာ နည်းပညာရပ်များကို သိရှိနားလည်ပြီး လက်တွေ့အသုံးချ နိုင်သူများဖြစ်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေမည်ပင်ဖြစ် ကြောင်း။
တပ်မတော်သားဘဝကို ခံယူပြီးဖြစ်သည့်အတွက်ကြောင့်လည်း စစ်ဘက်ဥပဒေ အပြင်၊ နယ်ဘက်ဆိုင်ရာဥပဒေများကိုပါ လေးစားလိုက်နာပြီး သူနာပြုနှင့် ဆေးဘက် ပညာသည်များဖြစ်သောကြောင့် ဆေးဘက်ဆိုင်ရာကျင့်ထုံးဥပဒေများကိုပါ လိုက်နာ ရမည့်နည်းတူ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကိုလည်း သာမန်ထက်ပိုပြီး စောင့်ထိန်းသွား ကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်ကောင်းတစ်ဦး ဖြစ်လာစေရေး စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ဟူသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံအောင် ပြုမူကျင့်ကြံပြီး သူနာပြုများ ခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြု ကတိသစ္စာ ၉ ချက်နှင့် အညီ စောင့်ထိန်းလိုက်နာကာ နိုင်ငံတော်နှင့် တပ်မတော်က ဂုဏ်ယူအားထားရသည့် သူနာပြုနှင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ပညာရှင်များဖြစ်စေရေး စောင့်ထိန်းလိုက်နာ ကြိုးစားသွားကြရန် မှာကြားလိုကြောင်း။
တပ်မတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန် သည့် နိုင်ငံရေးအင်အားစုများသည် တပ်မတော်ကိုဖြိုခွဲရန် အကြိမ်ကြိမ်ကြံစည် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံးညီညွတ်မှုသာ မှတ်ကျောက် တင်ခံနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာ ရှိပြီး တပ်မတော်၏အားကို တပ်မတော်အတွင်း၌ပင် အခြေခံတည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်အားလုံးအကြားတွင် အသိတူ၊ အမြင် တူ၊ ယုံကြည်ချက်၊ ခံယူချက်များတူမည်ဆိုပါက စည်းလုံးညီညွတ်မှုသည် ထာဝရခိုင်မြဲ နေမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုကို စိတ်ဓာတ်ဖြင့်သာ တည်ဆောက်နိုင်သည် ကို တွေ့ရှိရကြောင်း၊ စိတ်ဓာတ်ကောင်းမွန်စေရေး တစ်ဦးချင်း စည်းကမ်း လိုက်နာ စောင့်ထိန်းမှု ကောင်းမွန်ရန်အရေးကြီးကြောင်း၊ လိုက်နာရန်လိုအပ်သည်များကို လိုက်နာပြီး စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိ၏လက်အောက်ငယ်သားများကိုလည်းထိန်းသိမ်းကာ ရသင့် ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း။
“ကျွမ်းကျင်ကူညီဆေးစစ်သည်”ဟူသည့် ကြွေးကြော်သံနှင့်အညီ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူများဖြစ်စေရေး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီနည်းပညာရပ်များနှင့် ပေါင်းစပ်တီထွင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး သူနာပြုနှင့် ဆေးဘက်ပညာ ဆိုင်ရာ အထူးကျွမ်းကျင်သူများဖြစ်လာစေရေး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် သင်တန်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းကာလ ၄ နှစ်တာ ကာလ တစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြ သည့်အတွက် ဝမ်းမြောက်အသိအမှတ်ပြုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေ အနေစည်းကမ်းသတ်မှတ်ချက်များအရ မိဘများအနေဖြင့် အခမ်းအနား တက်ရောက် နိုင်ခဲ့ခြင်းမရှိသော်လည်း မိဘများအနေဖြင့် ဂုဏ်ယူဝမ်းမြောက်နေကြမည်ပင်ဖြစ် ကြောင်း၊ မိဘများအနေဖြင့်လည်း သာမာန်ဝန်ထမ်းများနှင့် အခြေခံမိသားစုများ ဖြစ်သည်ကို တွေ့ရှိရပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ အခက်အခဲများ ကြားမှ ပြုစုပျိုးထောင်ပေးခဲ့ရမည်ကို နားလည်စာနာမိပါကြောင်းနှင့် မိဘများ၏ ကျေးဇူးကိုပြန်ဆပ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း သင်တန်းကာလ ၄ နှစ်တာကာလပတ်လုံး စစ်သားကောင်းများဖြစ်လာစေရန်၊ ဘာသာ ရပ်အလိုက်ကျွမ်းကျင်သူများဖြစ်လာစေရန် စစ်ပညာ၊ စာပေပညာ တို့ကို အချိန်နှင့် ငွေကြေးအရင်းအနှီးများစွာဖြင့် သင်ကြားပေးခဲ့သည်ဖြစ်သဖြင့် မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များကို အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို စစ်သား ကောင်းပီသစွာဖြင့် ထမ်းဆောင်ရန်လိုကြောင်း၊ မိဘများအနေဖြင့် ပြောဆိုဆုံးမနေ ခြင်းသည် သားသမီးများ၏ ဘဝကောင်းမွန်ရေးကိုလိုလားမှုကြောင့်သာဖြစ်သကဲ့သို့ တပ်မတော်က စည်းကမ်းတင်းကြပ်စွာဖြင့် ထိန်းကြောင်းကြပ်မတ်နေခြင်းမှာလည်း တပ်မတော်သားတိုင်း၏ ဘဝတစ်လျှောက်လုံး စည်းကမ်းစနစ်တကျဖြင့် နေထိုင် ကျင့်ကြံဖြတ်သန်းပြီး လူနေမှုဘဝတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် နှင့် မိဘ၊ တိုင်းပြည်နှင့် တပ်မတော်အတွက် အဖိုးတန်လူသားအရင်းအမြစ်များ နစ်နာမှုမရှိစေ ရန် ထိန်းသိမ်းနေခြင်း ဖြစ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း။
တပ်မတော်သားတို့၏ ဘဝနှင့် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးခြယ်တက်ရောက်ခဲ့သူများဖြစ်သည့်အတွက် ရှေ့ဆက် လက် လျှောက်လှမ်းရမည့် ဘဝခရီးတွင် စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင် သွားရန်နှင့် တတ်မြောက်ထားသည့် ဘာသာရပ်များအလိုက် တပ်မတော်နှင့် ပြည်သူ တို့ကို အလုပ်အကျွေးပြုကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထူးချွန်စွာသင်တန်းဆင်းခဲ့ သူများဖြစ်သဖြင့် ဘဝတိုးတက်မှု၊ အောင်မြင်မှုတို့အတွက် အခွင့်အလမ်းများစွာရှိပြီး ပညာများကို ဆက်လက်လေ့လာသင်ယူဆည်းပူး၍ မိမိတို့နယ်ပယ်အလိုက် နာမည် ကောင်းရရှိပြီး ထူးချွန်သူများ၊ ကိုယ်ရည်ကိုယ်သွေးရှိသူများဖြစ်အောင် ကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ မိမိစိတ်ကို အလိုမလိုက်ဘဲ သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့်သည့် သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့်အလုပ်ကိုသာ လုပ်ရန် နှင့် ပြောသင့်သည်ကိုသာ ပြောရန် ဟူသည့် သင့် ၄ သင့် ကို လိုက်နာသွားကြရန် လိုအပ် မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။