နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး တို့လိုက် ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) သို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ တပ်မတော်စစ်လက်နက်ပစ္စည်း ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်က စက်ရုံမှ ချည်ချောလုံချည်များအား ထုတ်လုပ်နေမှု၊ ကျောင်းဝတ်စုံများအားထုတ်လုပ်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနေမှု၊ တိုင်းရင်းသားများအတွက် တိုင်းရင်းသားဝတ်စုံ များနှင့် ကျေးလက်နေပြည်သူများအတွက် အဝတ်အထည်များအား ဈေးနှုန်းသက်သာ စွာဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် စက်ရုံမှူး ဦးနိုင်လင်းက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စက်ရုံမှ ချည်မျှဉ်နှင့်အထည်များ ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ဝန်ထမ်းများတာဝန်ထမ်းဆောင်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့် ဝန်ထမ်းများထပ်မံဖြည့်တင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ထမ်းများနေထိုင်ရန်အတွက် ထပ်မံလိုအပ်သည့် အဆောက်အဦများဆောက်လုပ် ပေးမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်များဆောင်ရွက်ရာတွင် လျာထားအရေအတွက် များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် စက်ရုံစွမ်းအားပြည့်လည်ပတ်ပြီး တပ်မတော် လိုအပ်ချက်ထက် ပိုလျှံအောင် ဆောင်ရွက်ရန်လိုကြောင်း၊ စက်စွမ်းအားပြည့်လည်ပတ် သည့်အချိန်တွင် ဝန်ထမ်းများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရန်လို ကြောင်း၊ စက်ရုံပိုင်မြေများပေါ်ရှိ ငှက်ပျောစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေများပေါ်တွင် လည်း ကျောက်စိမ်းတစ်ရှုးငှက်ပျောများ စိုက်ပျိုးရန်လိုကြောင်း၊ ကျောင်းစိမ်းဝတ်စုံ များအား ဈေးသက်သာပြီး အရည်အသွေးပြည့်မီစွာဖြင့်ထုတ်လုပ်၍ ယခုထက်ပိုမို ရောင်းချပေးနိုင်ခြင်းဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံမှထုတ်လုပ်သည့် ပိတ် ထည်များအား အရေအတွက်ထက် အရည်အသွေးကောင်းမွန်အောင် ဦးစားပေး ထုတ်လုပ်ရန်လိုကြောင်း၊ ချည်မျှင်ထုတ်လုပ်ရန်အတွက်လိုအပ်သည့် ဝါကုန်ကြမ်း များအား ပြည်တွင်း၌အရည်အသွေးပြည့်မီစွာဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရေး အတွက် ပြည်ပမှမျိုးကောင်းမျိုးသန့်များမှာယူအသုံးပြု၍ စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး ဆောင် ရွက်ရန်လိုပြီး လိုအပ်သည့်ကုန်ကြမ်းများနှင့် စက်ပစ္စည်းများအား ဖြည့်ဆည်း ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာတွင် ဈေးနှုန်းတူပါ က အရည်အသွေးပိုကောင်းရမည်၊ အရည်အသွေးချင်းတူပါက ဈေးနှုန်းသက်သာရ မည်ဖြစ်ကြောင်းမှာကြားပြီး ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် လိုအပ်သည် များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှထုတ်လုပ်ထားသည့် ချည်ချောလုံချည် များ၊ တိုင်းရင်းသားဝတ်စုံများနှင့် ယူနီဖောင်းပိတ်စများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ဝါဖန်ဌာန၊ ဗိုင်းတောင့်ဌာန၊ အကြို အပင်ပေါင်းဌာန၊ တညင်းလုံးဌာန၊အပင်ပေါင်းဌာန၊ ချည်ငင်ဌာန၊ ချည်ချောဌာနနှင့် အရည်အသွေးစစ်ဆေးရေးဌာနတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်ဆောင်ရွက်ပေးကာ စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။