နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းဌာနများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းဌာနများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြား

နေပြည်တော်၊ မတ် - ၂၆
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်း ပြန်ကြားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEVနှင့် ရုရှားနိုင်ငံမှ သတင်းဌာနများ အား နေပြည်တော်ရှိ ဆင်ဖြူတော် ဧည့်ရိပ်သာ၌ သီးခြားစီ လက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရုရှား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ COVID-19 ရောဂါ ကာကွယ်တားဆီးကုသရေးနှင့် ပတ် သက်၍ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများနှင့် အခြားသိရှိလိုသည့် မေးမြန်းမှု များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။