နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာ၏ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြား

နေပြည်တော်၊ မေ - ၂၀
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix သတင်းဌာနမှ နိုင်ငံရေးဆိုင်ရာ အကြီးတန်းသတင်းထောက်နှင့် Talk with World Leaders အစီအစဉ်တင်ဆက်သူ Ms. Fu Xiao Tian အား ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing မှ တစ်ဆင့် လက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့သည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် အဆိုပါသတင်းဌာနမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်း အဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးချက်များနှင့် ဆက်လက် လုပ်ဆောင် သွားမည့် အခြေအနေများ၊  ရခိုင်ပြည်နယ်အရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအပေါ် ထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြား သိရှိလိုသည့် မေးမြန်းမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။