နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၃၁

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများဖွင့်လှစ်မှုနှင့် ပညာရည်ဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိမှု၊  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းများဖွင့်လှစ်နိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ နွေရာသီ အားကစား သင်တန်းများဖွင့်လှစ်နေမှု၊ လျှပ်စစ်ကဏ္ဍတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊  လေကြောင်းလိုင်းများပြေးဆွဲလျက်ရှိမှုနှင့် တိုးချဲ့ပြေးဆွဲပေးရန်လိုအပ်မှု၊ နယ်စပ်ကုန် သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊  ရေလှောင်တမံများနှင့် လျှိုပိတ်ဆည်များ တည်ဆောက်ထားရှိမှု၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် သွားမည့်အခြေအနေများ၊ သမဝါယမစနစ်ဖြင့် ဒေသနွားနှင့် ဝက်မွေးမြူရေး လုပ်ငန်း များ ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ရင်းနှီး မတည်ငွေများထုတ်ချေးပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင် ရွက်နိုင်မှု၊ စစ်တွေကွန်ပျူတာတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ် တို့တွင် ကျောင်းသား၊ ကျောင်းသူ အဆောင် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးစေလိုမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အချို့ဆေးရုံများကို အဆင့်မြှင့်တင်ပေးစေလိုမှု၊ စိုက်ပျိုးရေးကဏ္ဍအဆင့်မြှင့်တင်နိုင်ရေး၊ တစ်ဧက အထွက်နှုန်းတိုးတက်စေရေး၊ သွင်းအားစုများ လုံလောက်စွာရရှိစေရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ် အားခွဲရုံ များ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်မှုတို့ကို အသီးသီး ရှင်းလင်း တင်ပြကြသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း ရေအရင်းအမြစ်ထိန်းသိမ်းနိုင်ရေးအတွက် သောင်တူးဖော်ရေးလုပ်ငန်းများနှင့် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲပေး စေလိုမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်သို့ လေကြောင်းလိုင်း ၅ လိုင်းပြေးဆွဲပေး လျက်ရှိပြီး အမှန်တကယ်လိုအပ်ချက်အပေါ်မူတည်၍ တိုးချဲ့ပြေးဆွဲပေးနိုင်ရေး စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ကာ ခရီးသည်တင် ရေယာဉ်များကိုလည်း ပြန်လည်ပြေးဆွဲ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရထားစီးနင်းသူများ ပိုမိုများပြားလာသည့်အတွက် ရထားတွဲများ တိုးချဲ့ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူများ၏ အခွင့်အလမ်းများ ပိုမိုရရှိရေး၊ နည်းပညာများ၊ လိုအပ်သည့် စက်ကိရိယာများ ရရှိစေရေး၊ လုပ်သားများရှားပါးမှုအပေါ် စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လိုအပ် သည်များ ဆောင်ရွက်ပေးရန်လိုအပ်မှု၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းဆောင်ရွက်ရန် မြေအသုံးချခွင့်များ၊ လုပ်ငန်းလုပ်ကိုင်ခွင့်များကို ပြည်နယ် အစိုးရမှ စိစစ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ လျှင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေး ရန်လိုအပ်မှု၊ သစ်တောသယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲနေမှုများကို ဝိုင်းဝန်း ကာကွယ်တားဆီးကြရန်နှင့် သစ်တောသစ်ပင်များကိုထိန်းသိမ်းကြ ရန်လိုအပ် မှု၊  ရခိုင်ပြည်နယ်အတွင်း လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှု၊ ပန်းခင်း စီမံချက်ဆောင်ရွက်မှုတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဌာနဆိုင် ရာများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်မှု၊ ရခိုင်ပြည်နယ် အတွင်း ပညာရေး၊ ကျန်းမာရေး မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦ အပါအဝင် စက်ပစ္စည်းကိရိယာများကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိ မှု၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးပိုင်းဆိုင်ရာများနှင့် ဒေသတည်ငြိမ် အေးချမ်းရေး ဆိုင်ရာများကို ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်မှု တို့နှင့် ပတ်သက်၍ အသီးသီး ပြန်လည်ဆွေးနွေး ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ် စားတာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ ဌာနများပင်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည် ဖြစ် ကြောင်း၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး ကျွမ်းကျင်ကြသူများ ဖြစ်သဖြင့် မိမိတာဝန်ထမ်းဆောင်ရသည့် ဒေသနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကိုသစ္စာရှိရမည်၊ မိမိဌာနနှင့်လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိရမည်၊ နိုင်ငံ တော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် နိုင်ငံရေး အစိုးရမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေသည့်အစိုးရဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ ဆောင်ရွက်ကြစေလိုပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အစိုးရဌာနများက အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူထုအကျိုးပြုအောင် ဆောင်ရွက်နိုင် မည်၊ တိုင်းပြည်အတွက် အကျိုးပြုအောင်ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများအောင်မြင်စေရန်အတွက် မျှော်မှန်း ဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံရေးရည်မှန်းချက်

မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေ ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ကိုဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီဟူသည်မှာ ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ အများဆန္ဒနှင့်အညီ စီမံအုပ်ချုပ်ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အများဆန္ဒနှင့်အညီဟုဆိုသော်လည်း ဥပဒေနှင့် အညီသာဆောင်ရွက်ရမည်ဖြစ်ပြီး “လူညီရင် ဤ ကို ကျွဲဖတ်သည်” ဟူသည့် ပုံစံမျိုး သွား၍မရကြောင်း၊  ဖက်ဒရယ်စနစ်ဟူသည်မှာ အဆင့်ဆင့်လုပ်ပိုင်ခွင့်များကို ခွဲဝေ ကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် လျော်ကန် သင့်မြတ်သည့် အုပ်ချုပ်မှုအာဏာကို ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးသည့်အချိန်တွင် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆောင်ရွက်ရမည်များကို ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ဇယား(၁၊၂၊၃၊၅) ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့မှ ပြဋ္ဌာန်းရမည့် ထုတ် ပြန်ရမည့် ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာ ဆောင်ရွက်နိုင်မှု မရှိသေးသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့ တာဝန်ယူချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှုအာဏာခွဲဝေမှုအားလုံးကို အကောင်အထည်ဖော်နိုင်သမျှ ဖော်ဆောင် သွားမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို အခြေခံ၍ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှု ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) သည်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသည့်ဥပဒေဖြစ်ပြီး ပြည်သူတို့အပေါ်ထားရှိသည့် ကတိကဝတ်ပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)သည်လည်း အစိုးရနှင့် EAOများအကြား၊ နိုင်ငံတကာအဖွဲ့အစည်းများ အကြား ထားရှိခဲ့သည့် ကတိကဝတ် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

အမျိုးသားရေး ရည်မှန်းချက်

အမျိုးသားရေးရည်မှန်းချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူ များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် တိုင်းပြည်သာယာဝပြောခြင်းပင်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးသည် အရေးကြီးပြီး နေရေး၊ ဝတ်ရေးနှင့် စားရေး ပြည့်စုံနေရန် လိုကြောင်း၊ စစ်တွေမြို့တွင်ရေလုံလောက်စွာရရှိရေးအတွက် မိမိတို့အနေဖြင့် စီမံ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံးတွင် သောက်သုံးရေဖူလုံစွာရရှိရေး အတွက် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သည် မိုးရွာသွန်းမှု များပြားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ စားရေရိက္ခာဟူသည့် စကား ရပ်တွင် ရိက္ခာဟူသည်မှာ တိုက်ရိုက်စားကုန်မဟုတ်သည့် ပစ္စည်းများပင်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း စားရေရိက္ခာများ ပြည့်စုံအောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက နိုင်ငံ တိုးတက်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် လုပ်ဆောင်မှုများကို တားဆီးကာကွယ်ရန်လိုကြောင်း။

တည်ငြိမ်အေးချမ်းမှုဆိုရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများရှိသကဲ့သို့ တိုင်းရင်းသားရေးအရ၊ လူမျိုးရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ များရှိကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများမှာ လွတ်လပ်ရေးနှင့်အတူ ပါရှိ လာခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားရေးရာအရ သဘောထားကွဲလွဲမှုများသည်လည်း တိုင်းရင်းသားဒေသများတွင် အခွင့်အရေးတန်းတူညီမျှမှု မရှိခြင်းကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် တိုင်းရင်း သားများ၏ အခွင့်အရေးများကိုတန်းတူပေးအပ်ထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များအားလုံးကို တူညီသည့်အဆင့်များပေးအပ်ထားကြောင်း၊ ဒေသအလိုက်တူညီ သည့် အခွင့်အရေးများ ပေးထားခြင်းကြောင့် တိုင်းရင်းသားရေးအရသဘောထားကွဲလွဲ မှုအပေါ် အမြင်ရှင်းရန် လိုကြောင်း။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်

မိမိတို့အနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရာတွင် ဥပဒေ နှင့်အညီဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ ဘင်းစတက်စ် အဖွဲ့ဝင်နိုင်ငံနှင့် ကုလသမ္မဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံမှုကောင်းရှိရမည်ဖြစ်သကဲ့သို့ မိမိတို့အပေါ် နိုင်ငံတကာ မှ အထင်အမြင်လွဲမှားမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းစေရန်နှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရည်ရွယ်၍ ရိုးသားစွာဖြင့် မိမိ တို့နှင့် လာရောက်ဆွေးနွေးမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထား ပါ ကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမည်ဆိုပါက တိုးတက်ဖွံ့ဖြိုးမှုများကို ယခုထက် ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးအတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ တွင် အခြေခံဆောင်ရွက်ရမည့် အချက် ၂ ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ပင် ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၌ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများ ပါရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှ စတင်၍ အခြေခံရေးဆွဲလာခြင်းဖြစ်၍ ဆယ်စုနှစ် ၃ စု ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ ပြင်ဆင်သင့်သည်များကို အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၌လည်း အားလုံးက သဘော တူညီထားသည့် နိုင်ငံရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံကောင်းများ ပါရှိပြီးဖြစ်ကြောင်း။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် တိုင်းရင်းသား ပြည်သူအားလုံး ပါဝင်ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားသည့် မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ထားကြောင်း၊ မိမိကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိပါကြောင်း၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ တိုင်းရင်းသားများ အကျိုးကို ကြည့်ရှု၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း။

တရားဥပဒေ စိုးမိုးရေး

 တရားဥပဒေစိုးမိုးရေးကို လူတိုင်းလိုလားကြပြီး မိမိတို့အနေဖြင့် ဥပဒေနှင့် အညီသာ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီကိုလျှောက်လှမ်း ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အမှုအခင်း ဖြစ်ပွားမှုများပြားသည်ကို အချက်အလက်များအရ တွေ့မြင်ရပြီး တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေနှင့်အညီ စနစ်တကျရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

လူသားအရင်းအမြစ်ကောင်းများရရှိရေး ပညာရေး အားပေးမြှင့်တင်

ရခိုင်ပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ လည်း နည်းပါးသည်ကိုတွေ့ရှိရကြောင်း၊ ပညာရေးမှာ ကွာဟချက်ကြီးမားနေကြောင်း၊  ပညာရေး အားနည်းပါကအသိအမြင်နှင့် အတွေးအခေါ်များသည်လည်း အားနည်းလာ မည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းနှင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေး မှာ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ပဉ္စမတန်းအောက်သာရှိသည့်အတွက် နိုင်ငံအတွက် အန္တရာယ်ရှိသည့် အနေအထား ပင်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံ လုံး၏ ပညာရေး ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် KG + 9 အထိ မသင်မနေရစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ အသိပညာနှင့် အတတ်ပညာများ အားနည်းချက်ရှိခြင်း ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အားနည်းချက်များဖြစ်ပေါ်နိုင်ကြောင်း၊ ရခိုင်ပြည်နယ်သည် ကောင်းမွန်သည့် ရေခံမြေခံများကို ပိုင်ဆိုင်ထားရှိကြောင်း၊ အဆိုပါ အရင်းအမြစ်ကောင်းများကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန် ထုတ်လုပ်မှုများ တိုးတက်လာပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင် ရေး အတွက် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူသား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် နည်း ပညာ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ သင်တန်းကျောင်းများမှ အောင်မြင်ပြီးသူများ အနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် နည်းပညာသိပ္ပံများသို့ ဆက်လက် တက်ရောက်နိုင်ပြီး ၎င်းမှ တစ်ဆင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက် ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား ပြီးဆုံးချိန်တွင် သက်ဆိုင်ရာ ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချရန် လိုကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်

စီးပွားရေးမြှင့်တင်မှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် စီးပွားရေးအရ အောင်မြင် စွာ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေအတွက်လိုအပ်သည့် ရေများရရှိစေရေး မြစ်ရေတင်လုပ်ငန်း များ ဆောင်ရွက်၍ရနိုင်သကဲ့သို့ မြေအောက်ရေဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ပျိုးမှုများကို အောင်မြင် အောင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သီးထပ်၊ သီးညှပ်များ စိုက်ပျိုး ရာတွင် ပဲတီစိမ်းနှင့်မတ်ပဲများကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်ပပို့ကုန်ရရှိပြီး ဒေသအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စနစ်တကျမွေးမြူဆောင်ရွက် နိုင်မှု မရှိသဖြင့် ထိုက်သင့်သလောက် တိုးတက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ မွေးမြူ ရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက မွေးမြူရေးထုတ်ကုန်များ ကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီး ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများမှ ငါးပုစွန် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း။

စည်းကမ်းစနစ်တကျရှိစေရေး

နယ်စပ်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း စည်းကမ်းစနစ်တကျ ကုန်စည်တင်ပို့မှု များကိုဆောင်ရွက်ရန်လိုပြီး တရားမဝင်ကုန်သွယ်မှုများ ဖြစ်နိုင်သဖြင့် တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းများမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယာဉ် စည်းကမ်းထိန်းသိမ်းမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအနေဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို အသုံးပြုဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် များ စီးနင်းမှု၊ ရောင်းဝယ်မှုများ မရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း၊ လိုင်စင်မဲ့ယာဉ်များ စီးနင်းခြင်း၊ ရောင်းဝယ်ခြင်းများကြောင့် နိုင်ငံ၏ အခွန်ငွေများဆုံးရှုံးလျက်ရှိကြောင်း၊ ယာဉ်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ လိုင်စင်နံပါတ်ပြား လဲလှယ်ခြင်းများကို လည်း မတ်လကုန်အစား ဧပြီလအတွင်း နောက်ဆုံးဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ သွားလာမှုစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို လိုက်နာမှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ လမ်းများသည်လည်း လမ်းအင်္ဂါရပ်နှင့် ညီညွတ်မှုမရှိသည်များကိုလည်းတွေ့ရကြောင်း၊ လမ်းများပေါ်၌ စည်းကမ်းမဲ့ဈေး ရောင်းချခြင်းများ ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း များကို လိုက်နာခြင်းမရှိမှုကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှုကို ဖြစ်ပေါ်စေနိုင် ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် လမ်းအင်္ဂါရပ်များနှင့်ညီညွတ်စေရေး အတွက် ဆောင်ရွက်ကြစေလိုကြောင်း။

မြို့ကွက်များတိုးချဲ့ရာတွင်လည်း မြို့အင်္ဂါရပ်များနှင့် ညီညွတ်စေရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်သည် ပူပြင်းသည့်ဒေသဖြစ်သည့် အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရလေကာပင်များစိုက်ပျိုးမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြစေလိုကြောင်း။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

ရခိုင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် အလားအလာများစွာရှိသည့် ဒေသ တစ်ခုဖြစ်ကြောင်း၊ ငပလီကမ်းခြေကဲ့သို့ ကမ္ဘာကျော် ကမ်းခြေများ ရှိသကဲ့သို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသလည်း ရှိကြောင်း၊ ဒေသတွင်း သာယာလှပရေး၊ တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသအတွက်ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်း များတိုးချဲ့ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တာဝန်ယူချိန် ကာလအတွင်း ရနိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်း ဆောင်ရွက်သွားမည်ဆိုပါက ရခိုင်ပြည်နယ်သည် များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်  ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ စစ်တွေတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဇော်ထွန်းနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းဦးတို့က လက်ခံရယူကြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ရှုခင်းသာလမ်းတစ်လျှောက်တွင် ပြည်သူများ အနားယူ အပန်းဖြေနိုင်ရန်အတွက် ကမ်းခြေတစ်လျှောက်သဲဖို့ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စီမံဆောင်ရွက်မည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။