နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ထောက်ခံခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ထောက်ခံခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ပါသည်။
အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅) နှစ်တာကာလအတွင်း လွတ်လပ် ရေး၏ အနှစ်သာရ များကို တိုင်းရင်းသားများ အပြည့်အဝ မခံစားရသေးသောကြောင့် ၂ဝ၂၂ ခုနှစ် အတွင်း တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ ကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူ များအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက် ဖြစ်သဖြင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များ အသင်း(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တို့မှ ထောက်ခံကြောင်းဖြင့် သဘောထားထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။