နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၂)ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက် သည်။
အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မိခင်နှင့်ကလေး များ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် အထောက်အကူပြု ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ စေတနာ့ ဝန်ထမ်းလူမှုရေး အဖွဲ့ အစည်းတစ်ခုအဖြစ် ၁၉၉၁ ခုနှစ် ဧပြီ (၃၀)ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် မေတ္တာစမ်းရေ ဆေးခန်းအပါအဝင် သားဖွားခန်းများဖွင့်လှစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်ခြင်း၊ အန္တရာယ် ကင်းစွာ မွေးဖွားပေးခြင်း၊ မွေးပြီးမိခင်စောင့်ရှောက်ခြင်းနှင့် သားဆက်ခြားလုပ်ငန်းများ ကို ဆောင်ရွက်ပေးခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူသူများကို ကိုယ်ဝန်(၄)လ မှစ၍ လစဉ် အာဟာရယူနစ် ထောက်ပံ့ပေးခြင်းများ ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျေးလက်ဒေသ အထိကျန်းမာရေး ပညာပေးခြင်း၊ ကူးစက်တတ်သော ရောဂါများ မဖြစ်ပွားအောင်ကာကွယ်ရေးနှင့် ကုသရန်ဆောင်ရွက်ပေးခြင်း၊ မကူး စက်တတ်သော နာတာရှည်ရောဂါများ မဖြစ်ပွားအောင် ကျန်းမာရေးနှင့် ပြည့်စုံစေသည့် လူနေမှုဘဝပုံစံ ရရှိရန် အသိပညာပေးခြင်းနှင့် ရောဂါ ဖြစ်ပွားပါကကုသနိုင်ရန်လည်း ကူညီပေးခြင်းများ၊ ပြည်သူလူထုမှ ကျန်းမာရေးကို လက်လှမ်းမီစေရန် ကြိုးစားပြီး ကျန်းမာရေး အခြေအနေ မြှင့်တင်စေရေး လုပ်ငန်းများကို သက်ဆိုင်ရာဦးစီးဌာနများ၊ အခြားနှီးနွယ်သော အဖွဲ့ အစည်းများနှင့် ပြည်ပမှနိုင်ငံတကာ မိသားစုစီမံကိန်းအဖွဲ့တို့နှင့် ပူးပေါင်း အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံလိုအပ်ချက်ဖြစ်သည့် ပြည်သူတို့၏ ယုံကြည်အား ထားမှုရရှိအောင် ထဲထဲဝင်ဝင်ဆောင်ရွက် ပေးနေကြသည့် အသင်းဝင်များ၏ ဆောင်ရွက် မှုများသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးပါသည့် မှတ်တိုင်များဖြစ်ပါကြောင်း။
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ဗဟိုမှစ၍ ရပ်ကွက်၊ ကျေးရွာ တွေက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းတွင် မိမိတို့ ရပ်ရွာအတွင်းရှိ ပြည်သူလူထုကို ကာကွယ်ဆေးလာ ရောက်ထိုးနှံရန် စည်းလုံးလှုံ့ဆော်ခြင်း၊ ကာကွယ်ဆေးထိုး စုရပ်များတွင် ကာကွယ်ဆေး မထိုးမီ စာရင်းရေးသွင်းခြင်း၊ ဆေးမထိုးမီနှင့် ဆေးထိုးနှံပြီး စောင့်ဆိုင်းချိန်မှာ စနစ်တကျ ရှိစေရန် ဝိုင်းဝန်းကူညီခြင်း၊ ကာကွယ်ဆေးများ သယ်ယူပို့ဆောင်ရာမှာ ကူညီဆောင်ရွက် ခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို အစစအရာရာကူညီခြင်းများ ဆောင်ရွက်ပေးခဲ့သည့် အတွက် အထူးကျေးဇူးတင် ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် အသင်း၏ လုပ်ဆောင်ချက်များ ကို ပေါင်းစပ်ပြီး ထိရောက်အောင်မြင်ကာ ရေရှည်ဖွံ့ဖြိုးမှု ပန်းတိုင်၏ လျာထားချက် ပြည့်မှီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပံ့ပိုးဆောင် ရွက်ပေးသွားမည်ဖြစ်၍ အသင်းကြီးအနေဖြင့်လည်း အသင်း၏ တိုးတက်ရာတိုးတက် ကြောင်းနှင့် ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကို အကောင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (၃၂)ကြိမ် မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက ၂၀၂၂ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ဘဏ္ဍရေးမှူးက ၂၀၂၁-၂၀၂၂ ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၂-၂၀၂၃ ရသုံးမှန်းခြေစာရင်းကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များက ၂၀၂၂ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေး အတည်ပြုကြပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။