နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တက်ရော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တက်ရောက်

 
နေပြည်တော်၊ အောက်တိုဘာ - ၂၁

 
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲအား ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဒေသခံ တိုင်းရင်း သား ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှုဖူးမြော်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဖောင်တော်ပြန် ဧည့်ရိပ်သာသို့ရောက်ရှိ ကြရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ ကိန္နရီကိန္နရာအက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ တိုးနယားအက၊ အင်းတိုင်းရင်းသား မီးဆုခံအက၊ ဓားသိုင်းအက၊ ပအိုဝ်းတိုင်းရင်းသားအက၊ ရှမ်းကြီးအက စသည့် ယဉ်ကျေး မှု ပဒေသာကပွဲ ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဖောင်တော်ပြန်ဧည့်ရိပ်သာမှ ဖောင်တော်ဆိုက်ပြဿာဒ် ဆောင်သို့ စက်လှေများဖြင့် ထွက်ခွာရောက်ရှိကြပြီး ကရဝိတ်ဖောင်တော်ဖြင့် ရောက်ရှိ လာသည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော်မြတ်များအား ဖူးမြော် ကြည်ညို၍ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံပြီး အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်း တော်ကြီးသို့ ပင့်ဆောင်မည့် ဘော်ယာဉ်ပေါ်သို့ အသီးသီး ပင့်ဆောင်ပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ယှဉ်ပြိုင် လှော်ခတ်မှုများအား တက်ရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား(၄၆)တက် အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားရာကျော်လှေ အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး (၂၆) တက် အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲများအား အသီးသီးယှဉ်ပြိုင် လှော်ခတ်ကြ သည်။
အင်းသားရိုးရာလှေလှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အင်းလေးသူ၊ အင်းလေးသား တို့ သည် ပြိုင်ပွဲအမျိုးအစားအလိုက် အနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်များဖြင့် ခြေထောက် ကို အသုံးပြု၍ လှေကိုလှော်ခတ်ကြပြီး အားကြိုးမာန်တက်ယှဉ်ပြိုင်ခဲ့ကြရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ လာရောက်လည် ပတ်သူများက လက်ခုပ်လက်ဝါးများတီး၍ တစ်ခဲနက်အားပေးခဲ့ကြသည်။
အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ် ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွမ်းပို့လှေ ဂုဏ်ပြုဆုများကို လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က လှေယဉ် ဂုဏ်ပြုဆုများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင်က တစ်ဦးချင်းအင်းသားရိုးရာလှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း၊ နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အမျိုးသား(၄၆)တက် လှေလှော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့်အသင်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အမျိုးသားရာကျော်လှေလှော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့်အသင်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တစ်ဦးချင်းအင်းသားရိုးရာလှေပြိုင်ပွဲတွင် ပထမ ဆုနှင့် ဒုတိယဆုရရှိသူများကိုလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယ ဆုရရှိသည့် အသင်းများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက အမျိုးသမီး(၂၆)တက် လှေလှော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မိုင်းသောက်အင်းကျေးရွာအသင်းနှင့် ပထမဆုရရှိသည့် အိုင်ထောင့်ကြီး ကျေးရွာ(ခ) အသင်းတို့အား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမျိုးသားရာကျော် လှေပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရွှေပြည်သာကျေးရွာအသင်းနှင့် ပထမဆုရရှိသည့် ကေလာကျေးရွာအသင်းတို့အား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အထိမ်းအမှတ် လက်ဆောင် ကို ဂါရဝပြုပေးအပ်သည်။
အင်းသားလှေလှော် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ရာ ဒေသခံ တိုင်းရင်းသားပြည်သူများက ရိုးရာအိုးစည်ဗုံမောင်းများ တီးမှုတ်၍ လှိုက်လှဲနွေးထွေးစွာ ပြန်လည်ဂါရဝပြု နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ခေတ္တကိန်းဝပ် စံပယ်တော်မူမည့် အဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ရောက်ရှိကြပြီး အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားရောက်ရှိလာမှုများအားကြိုဆိုဖူးမြော်၍ သံဃာတော်များက အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ရွှေသင်္ကန်းများကပ်လှူပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့က အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား ဆွမ်း၊ သောက်တော်ရေချမ်း၊ ပန်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်ဖူးမြော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ရွှေသင်္ကန်းများကပ်လှူပူဇော်ဖူးမြော် ကြည်ညိုကြသည်။
ယင်းနောက် အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ ညောင်ရွှေစံကျောင်း တော်ဝင်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့က ညောင်ရွှေမြို့၊ ကန်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များက ဆရာတော်ကြီးများထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များ၊ ဒေသခံတိုင်းရင်းသားပြည်သူများသည် ကန်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်း အနားကို ရုတ်သိမ်းခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တို့က အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီ ကျောင်းတော်ကြီး ဘက်စုံမွမ်းမံထိန်းသိမ်းပြုပြင် စောင့်ရှောက်ရန်အတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းတွင်လည်း တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးနှင့် စူဠာမုနိလောကချမ်းသာစေတီတော် တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော် မြတ်ကြီးအား ပန်းရေချမ်း ဆီမီးကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် စေတီတော်မြတ်ကြီးပေါ်ရှိ ရှုခင်းသာ view point မှတဆင့် တောင်ကြီးမြို့၏ အလှအပများကို ကြည့်ရှုကာ တောင်ကြီးမြို့သည် မိမိတို့နိုင်ငံရှိ အထင် ကရမြို့ကြီးများတွင် ပါဝင်ပြီး စည်းကမ်းစနစ်တကျရှိသည့်မြို့၊ သန့်ရှင်းသာယာလှပသည့် မြို့ဖြစ်စေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုသည့် အခြေအနေများ၊ မြို့၏ သဘာဝအရင်းအမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်း သိမ်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် မြစိမ်းတောင် တောင်တက်လမ်းကို ယခုထက်ပြေပြစ်ချောမွေ့သည့် လမ်းကြောင်းအဖြစ် ပြန်လည်ပြုပြင်နိုင်ရေးနှင့် မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးအား အဆင့်မြှင့်တင်နိုင်ရေး သုတေသန ပြုဆန်းစစ်သွားရန် လိုအပ် သည့် အခြေအနေများနှင့် ပတ်သက်၍ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေး မှာကြား ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး တို့က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စူဠာမုနိလောကချမ်းသာစေတီတော်သို့ရောက်ရှိကြရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးညိုလုံးနှင့် အဖွဲ့ဝင်များ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ သောက်တော် ရေချမ်း ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်လိုဏ်အတွင်းနှင့် အပြင်ပတ်လမ်းတို့အား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယခုနှစ် မေလ အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် ဖူးမြော်စဉ် ပြုပြင်မွမ်းမံထိန်းသိမ်းရန်မှာကြားချက်များအား ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညိုနိုင်ရေး စဉ် ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည်များကို မှာကြားသည်။ ထို့သို့ လှည့်လည်ဖူးမြော်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလက်ခံရယူသည်။ ထို့နောက် စူဠာမုနိ လောကချမ်းသာ စေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။