နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် ဇန်နဝါရီ ၂၉

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ တစ်နှစ်တာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များပတ်သက်ပြီး တပ်မတော် ကနိုင်ငံတော်တာဝန်ရယူထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်းကောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်တာဝန်ရယူမထိန်းသိမ်းမီအခြေအနေနှင့် ရယူထိန်းသိမ်းပြီးနောက် အခြေ အနေများကိုလည်းကောင်း၊ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်တာဝန် မယူမီအခြေအနေနှင့် တာဝန်ယူပြီးနောက် အခြေအနေများကို လည်းကောင်း၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တပ်မတော်ကတာဝန်မယူမီ ဘာသာ၊ သာသနာ၊ မြန်မာ့ယဉ်ကျေးမှုများဖျက်ဆီးခံရမှုအခြေအနေများ၊ တပ်မတော် မှတာဝန်ယူပြီးနောက် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက် (၉)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး နိုင်ငံသား အားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေများ၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများ၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အကောင် အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်နှင့် ဒေါက်တာ ဗညားအောင်မိုးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာဆောင်ရွက် ချက်များနှင့်စပ်လျဉ်းပြီး အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က လက်ရှိကာလတွင် နယ်မြေဒေသများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။