နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အဆင့််မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အဆင့််မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြင်ဦးလွင်မြို့ ပွဲကောက် ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အဆင့််မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေး မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အဆင့််မြှင့်တင် ဖွင့်လှစ် ခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) မုဒ်ဦးဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များအား မြဝတီတေးဂီတအဖွဲ့က တေးသံသာများဖြင့် ကပြဖျော်ဖြေပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းဖြစ်ပေါ်လာပုံနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့မှုများကို ရိုက်ကူး တင်ဆက်ထားသည့် Documentary ကိုပြသသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့ဝင်များနှင့် ရိုက်ကူးရေးအဖွဲ့ဝင် များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး ပွဲကောက် ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အတွင်း လှည့်လည်၍ နိုင်ငံတကာအဆင့်မီ LED မှန်တံတားပေါ်မှဖြတ်သန်းကြည့်ရှုပြီးရှေးခေတ်က ပြင်ဦးလွင်ဒေသတွင် အသုံးပြု ခဲ့သည့် မော်တော်ယာဉ်များ၊ ကြိုးတံတားနှင့် သစ်လုံးအိမ်တို့ ထည့်သွင်းတည်ဆောက် ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး ဆင်ကလေးများကို အစာကျွေးသည်။ ထို့နောက် ရေတံခွန် လာရောက်လည်ပတ်သူများ လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထား သည့် တောတွင်းလျှောက်လမ်းအတိုင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အတွင်း အမိုးပါ ကလေးအားကစားကွင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့မှ မျက်လှည့် ပြသမှု ပြကွက်များအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်ကာ ဒေသထွက် ပစ္စည်းအရောင်းဆိုင်များ၊ Smart P ရှပ်အင်္ကျီအရောင်းဆိုင်၊ နေရောင်ခြည် စွမ်းအင်သုံး စိုက်ပျိုးရေးရေသုံးဆိုလာနည်းစနစ်နှင့် စိုက်ခင်းများအားဆိုလာနည်း စနစ်ဖြင့် ရေဖြန်း နေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သည် ပွဲကောက် ကျေးရွာအနီး၊ မန္တလေး-လားရှိုး မီးရထားလမ်းနှင့် ကားလမ်းတို့အကြားတွင် တည်ရှိပြီး ၁၉၄၉ ခုနှစ်တွင် ပြင်ဦးလွင်မြို့အား သောင်းကျန်းသူများသိမ်းပိုက်ထားချိန်၌ ယခု (B.E FALLS) ပွဲကောက်ရေတံခွန်တည်ရှိရာနေရာတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်စွဲ၍ သောင်းကျန်းမှုများကို နှိမ်နင်းခဲ့သည့်အတွက် နောင်လာနောက်သားများ အမှတ်တရရှိစေရေး အပန်းဖြေစခန်းတစ်ခုတည်ဆောက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ် ကြောင်း။
ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင် ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်း များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ ယခုကဲ့သို့ အဆင့်မြှင့်တင် ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေတံခွန်အတွင်း ရေသန့်စင်စေရေး သဘာဝ ရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူများအနေဖြင့်လည်း သန့်ရှင်း ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရေကစားမှုပြုနိုင်မည်ဖြစ်ကြောင်း၊ အပန်းဖြေစခန်း အတွင်း ရေတံခွန် ၃ ခု ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်း ဆောက်လုပ်ထားကာ မှန်တံတားအောက်ခြေရှုခင်း များကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်မည်ဖြစ်ကြောင်း၊ ပန်းမြို့တော်၊ ခရီးသွား မြိို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သူများ စိတ်အပန်း ပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတား များအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေ နေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့် တင်ထားရှိသည့်အပြင် လုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးအတွက်လည်း အသေးစိတ် ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။