နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့၊ ကန်တော်ကြီးအတွင်း ရေပြန်လည်ဖြည့်တင်းပေးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့၊ ကန်တော်ကြီးအတွင်း ရေပြန်လည်ဖြည့်တင်းပေးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် - ၃၀

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကန်တော်ကြီးအတွင်းသို့ ရေများ ပြန်လည်ဖြည့်တင်းရေးဆောင်ရွက်နေမှု အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေး သည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် မြို့ရေပေးဝေရေး ကန်တော်ကြီးနှင့် ရေစုကန်အစုအဖွဲ့နေရာသို့ ရောက်ရှိ ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် တို့က ကန်တော်ကြီးအတွင်းသို့ မြေအောက်ရေမှ ရေပြန်လည်ဖြည့်တင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စစ်တွေမြို့၏ ရေလိုအပ်ချက်အခြေအနေများ ကိုရှင်းလင်းတင်ပြကြသည်။

        ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “ ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက် ”ဆိုသည့်အတိုင်း ရေသည် လူတိုင်းအတွက်အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် သောက်သုံး ရေနှင့် စိုက်ပျိုးရေများအတွက် ရေလုံလောက်စွာရရှိရန်လိုကြောင်း၊ စစ်တွေမြို့၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်ပေးနေ ခြင်း ဖြစ်ကြောင်း၊ စစ်တွေမြို့ရေပေးဝေရေးအတွက် အဓိကဖြစ်သည့် ကန်တော်ကြီး အတွင်းရေပြန်လည် ဖြည့်တင်းပေးနိုင်ရေးအတွက် မြေအောက်ရေရရှိဆောင်ရွက် ရာတွင် ရေရရှိနိုင်သည့် နေရာများကို ထပ်မံသုတေသနပြု၍ တူးဖော်ဆောင်ရွက်ကြ စေလိုကြောင်းမှာကြားပြီး အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် သင်္ဂနက်ဆည်နှင့် ကန်တော်ကြီးသို့ မြေအောက်ရေအကူပိုက်လိုင်းမှ ရေသွယ် တန်းမှုကို စက်ခလုတ်နှိပ်၍ စတင်ဖွင့်လှစ်ပေးပြီး ရေရရှိမှုအခြေအနေကို ကြည့်ရှု အားပေးသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကန်တော်ကြီးအတွင်း မြေသားစမ်းသပ်မှုလုပ်ငန်းများမှ ထွက်ရှိလာသည့် အပေါ် ယံမြေလွှာနှင့် ကျောက်စကျောက်နများ၊ သဲကျောက်လွှာများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စစ်တွေ မျိုးသန့်ခြံအတွင်း၌ စက်ရေတွင်းဖြင့် မြေအောက်ရေထုတ်ယူ နေမှု နေရာသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ရေအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးသက်နိုင်တို့က စိုက်ပျိုးရေးမျိုးသန့်ခြံ ဧက ၄၀ အတွင်း ဘူမိရူပဆိုင်ရာတိုင်း တာမှုများအရ စက်ရေတွင်းများတူးဖော်ရန်လျာထားသည့် တည်နေရာများနှင့် တူးဖော် ပြီး၊ တူးဖော်ဆဲစက်ရေတွင်းများမှ ရေချိုထွက်ရှိမှုနှင့် အချို့နေရာများတွင် ရေငန်များ ရော နှောပါဝင်နေမှု၊ စက်ရေတွင်းများမှထွက်ရှိလာသည့် ရေများကိုရေစုကန်များဖြင့် စု၍ ကန်တော်ကြီးသို့ ပိုက်လိုင်းများဖြင့် ပို့လွှတ်ရန် ဆောင်ရွက်လျက်ရှိမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်ရေရရှိနိုင်မည့် ပမာဏကို စနစ်တကျဖြင့် တိုင်းတာတွက်ချက်ရန်လို ကြောင်း၊ မြေအောက်ရေတစ်ခုတည်းကိုသာ အားမကိုးဘဲမိုးများသည့် ဒေသဖြစ်သည့် အတွက်မိုးရေကို စုဆောင်းပြီး ရေချိုကိုပြန်လည်ဖြည့်တင်းရန်လိုကြောင်းဖြင့် မှာကြား သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရေတွင်းများတူးဖော်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေဖေါ်ဝါရီ ၁၈ ရက် စစ်တွေခရီးစဉ်အတွင်း စစ်တွေမြို့ရေရရှိရေး ကန်တော်ကြီးအတွင်း ရေပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့မှုအရ ကန်တော်ကြီးအတွင်းသိုမြေအောက်ရေဖြင့် ရေပြန်လည် ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်ရေတွင်းတူးဖော်နိုင်သည့် နေရာများကို ဘူမိရူပ ဆိုင်ရာတာတိုင်းတာမှုများပြုလုပ်၍ စက်ရေတွင်းများတူးဖော်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သင်္ဂနက်ဆည်မှ ကန်တော်ကြီးအထိ (ဆည်ရေနှင့် တွင်းအမှတ်-၁)တို့မှ ရေပိုက်လိုင်းအရှည်  ၄၄၀၀ ပေအားသွယ်တန်းခဲ့ပြီး ကန်တော်ကြီးအတွင်းသို့  ယနေ့တွင်စတင်ဖြည့်တင်း နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ လည်း ထပ်မံတူးဖော်ရရှိသည့် စက်ရေတွင်းများမှထွက်ရှိသည့် ရေများကို ကန်တော် ကြီးအတွင်းသို့ ထပ်မံဖြည့်တင်းနိုင်ရေး ရေပိုက်လိုင်းများနှင့် ရေတွန်းစက် များထပ်မံ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေမြို့ကို အဓိကရေ  ပေးဝေလျက်ရှိ သည့် ကန်တော်ကြီး၏ ရေသိုလှောင်နိုင်မှု ပမာဏမှာ ရေဂါလံ ၄၈၁ ဒသမ ၁၀ သန်းဖြစ်ပြီး ကန်တော်ငယ်(၁၊၂)၊ ကန်တော်လေးနှင့် တြိဂံကန် ရေသိုလှောင် နိုင်မှုမှာ ရေဂါလံ ၆၂ ဒသမ ၃၇ သန်း၊ တိုးချဲ့ကန်ရေသိုလှောင်နိုင်မှုမှာ ရေဂါလံ ၁၁၉ ဒသမ ၅၉ သန်း၊ ဆက်ရိုးကျကန်အမှတ်(၁)နှင့် (၂) တို့၏ ရေသိုလှောင်နိုင်မှုမှာ ရေဂါလံ ၁၂၀ သန်း ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ကန်တော်ကြီးအတွင်းသို့ မြေအောက်ရေများမှ ရေပြန်လည်ဖြည့်တင်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် စစ်တွေမြို့ရေလုံလောက် စွာရရှိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။