နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊  ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ တင်ပြကြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှစ်သစ်အခါသမယတွင် ကိုကိုးကျွန်းဒေသရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန် နှုတ်ခွန်းဆက်သပါကြောင်း၊ မိမိ အနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီ ၈ ရက်တွင် ကိုကိုးကျွန်းမြို့နယ်သို့ ပထမဆုံး အကြိမ် ရောက်ရှိခဲ့ပြီး ယခုအကြိမ်သည် ၁၉ ကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပါကြောင်း၊  ကိုကိုး ကျွန်း ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မ တော်အနေဖြင့် များစွာကူညီဆောင်ရွက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကိုကိုးကျွန်း ဒေသ သည် လွန်ခဲ့သည့် ၁၁ နှစ်တာကာလထက် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ သည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှင့် အစိုးရမှ တတ်စွမ်းသရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံများအနေဖြင့်လည်း ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသသည် လမ်းပန်းဆက်သွယ်မှုခက်ခဲ သည့် ဒေသတစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် ထိုက်သင့်သလောက် မဖြစ် ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံရေးအစိုးရလက်ထက်တွင် ကိုကိုးကျွန်းဒေသ၌ အချင်းချင်း စည်းလုံးညီညွတ်မှု အားနည်းချက်များရှိကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး သည်လည်း နှောင့်နှေးခဲ့ရကြောင်း။

မိမိအနေဖြင့် ကိုကိုးကျွန်းသို့ ပထမဆုံးအကြိမ်ရောက်ရှိသည့် အချိန်ကတည်းက ပင် ကိုကိုးကျွန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသရွေ့ကူညီဆောင်ရွက် ပေး မည်ဟု ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း၊ ယနေ့တွင်လည်း ကပ္ပလီပင်လယ်ပြင် (Andaman Sea) နှင့် ဘင်္ဂလား ပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင် အောင်မြေ အထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ကြောင်း၊ ယခုကဲ့သို့ ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာအပါအဝင် ကိုကိုးကျွန်းဒေသသည် သဘာဝအလှအပများ များစွာ တည်ရှိ နေသည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်း ဆောင် ရွက်နေမှုများရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝအလှအပများကို ဖော်ထုတ်ထိန်းသိမ်းလျက်ရှိသည့်အပြင် အုန်းပင်စိုက်ပျိုးမှုများနှင့် ကိုကိုးပင် စိုက်ပျိုးမှု များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကိုကိုးကျွန်းမြို့ရှိ နယ်မြေခံရေတပ် စခန်းဌာနချုပ်၌ စမ်းသပ်စိုက်ပျိုးထားသည့် ကိုကိုးပင်များသည် နောင်နှစ်အနည်းငယ် အတွင်း အသီးအပွင့် အကျိုးရလာဒ်များကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကိုကိုးကျွန်းရှိဒေသခံများအတွက် အကျိုးစီးပွားကို ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ နွားမွေးမြူ ရေး လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဒေသအကျိုးကိုဖြစ်ပေါ် စေမည်ဖြစ်ကြောင်း၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် နိုင်မှသာလျင် ဒေသနှင့် ဒေသခံများ ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသ တွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သဖြင့် အားထည့် ဆောင်ရွက်ကြစေလိုကြောင်း။

ကိုကိုးကျွန်းဒေသ၌ ပညာရေးနှင့် ပတ်သက်၍လည်း အားနည်းမှုများ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အခြေခံပညာအဆင့်၌ သင်ကြားသင်ယူမှုများ ဆောင် ရွက်ရာတွင် ပို့ချသင်ကြားခြင်း(Teaching)ကို အဓိကထားဆောင်ရွက်ရပြီး အဆင့်မြင့် ပညာအဆင့် သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာ သင်ကြား ခြင်း (Studying)ကို အဓိကထားဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာ တတ် မြောက်စေရေး စနစ်တကျ သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များ၏ အတွေးအခေါ်များ ကောင်းမွန်လာမည်ဆိုပါက ၎င်းတို့၏ ဘဝကောင်းမွန်ရေး အတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်မှသာလျင် ပညာတတ်မည်ဖြစ်သဖြင့် စာပေလေ့လာဖတ်ရှုခြင်းနှင့် စာဖတ်အားမြှင့်တင်ခြင်းများကို ဆောင်ရွက်ကြစေလို ကြောင်း၊ မိမိတို့ တပ်မတော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း နွေရာသီကျောင်းပိတ်ရက်ကာလများကို  အကျိုးရှိစွာ အသုံးချနိုင်စေရန်ဆောင်ရွက် ပေးလျက်ရှိကြောင်း။

ဌာနဆိုင်ရာများအနေဖြင့် ဒေသတွင်းမှ ဝင်ရောက်အမှုထမ်းသူများနှင့် ပြင်ပ ဒေသများမှ လာရောက်တာဝန်ထမ်းဆောင်ရသူများရှိကြောင်း၊ ဒေသတွင်း တာဝန် ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဖြတ်သန်းခဲ့ရသည့် အတွေ့ အကြုံများ၊ ဗဟုသုတများ အကျိုးရှိစွာအသုံးချ၍ ကိုကိုးကျွန်းဒေသ၏ ကောင်းရာ ကောင်းကျိုးများကို ထမ်းဆောင်ကြရန်လိုပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည် ဆောက်ရေးလုပ်ငန်းများတွင် အကြံပြုချက်ကောင်းများကို ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အသိပညာများကို မျှဝေပေးခြင်းသည် ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလုပ် ခြင်းပင်ဖြစ်ကြောင်း၊ ကိုကိုးကျွန်းဒေသတွင် နေထိုင်ကြသည့် မိဘပြည်သူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများအားလုံး နှစ်သစ်တွင် အောင်မြင်မှုများ ရရှိကြပါစေကြောင်း၊ ယခုထက် ပိုမိုအောင်မြင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုး တက်ရေးအတွက် ယခုထက် ပိုမိုကြိုးစား ဆောင်ရွက်သွားကြရန်  တိုက်တွန်းမှာကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပေးအပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆန်းမင်း က လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိ ရပ်ဖများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများအား မြန်မာရိုးရာ အတာသင်္ကြန်ရေများဖြင့် ပက်ဖျန်း၍ နှစ်သစ်ကို အတူတကွ ရင်းနှီးနွေးထွေးစွာ ပျော်ပျော်ရွှင်ရွှင် ကြိုဆိုခဲ့ကြသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့တွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ကြ ရာ လမ်းတစ်လျှောက်ပြည်သူများက ခင်မင်ရင်းနှီးစွာဖြင့် လက်ပြ နှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။