နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ - ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာတွင် စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ စီမံကိန်းရည်ရွယ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်မှုများကို ငွေကုန်ကြေးကျ အနည်းဆုံးဖြင့် စက်ပစ္စည်းများ ဆုံးရှုံးမှုမရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ သံရည်ကျိုအလုပ် ရုံ Melt Shop-1 ဆိုင်ရာအချက်အလက်များ၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း စက်ရုံ စီမံကိန်း ရပ်တန့်ခဲ့ရမှုကြောင့် စက်ရုံပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်ရာတွင် ပြင်ဆင် ထိန်းသိမ်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်မှစ၍ သံရည်ကျို လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်း အကောင်အထည်ဖော် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် သံနှင့် သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ် တန် ချိန် ၂ သန်းခန့် ရှိပြီး ပြည်ပငွေများစွာ သုံးစွဲနေရကြောင်း၊ ထို့ကြောင့် ယခင် အစိုးရ လက်ထက်က ရပ်တန့်ခဲ့သည့် စက်ရုံအား ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိ ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် နေရာများကို မြေပြင်ကွင်းဆင်း သုတေသနပြု ဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို လည်း စဉ်းစားဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံအနေဖြင့် လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သံနှင့် သံမဏိလိုအပ်ချက်ကို ယခုစက်ရုံ နှင့် ပင်းပက်စက်ရုံတို့မှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင် ရွက်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်း အမြစ်ကောင်းများရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်နှင့် မွေးထုတ်သွားရန်လို ကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်လည်း စီမံ ဆောင်ရွက်ပေးရန်လိုကြောင်း၊ နောင်အနာဂတ်တွင် စက်ရုံသို့ ပို့ဆောင်မည့်ကုန်ကြမ်း များ၊ စက်ရုံမှထွက်ရှိလာသည့် သံနှင့် သံမဏိပစ္စည်းများကို လျှပ်စစ်ရထားအသုံးပြု၍ သယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေးအတွက်လည်း ရေရှည်ကိုမျှော်တွေး၍ တွက်ချက် ဆောင်ရွက်ထားရှိရန်လိုကြောင်းဖြင့် မှာကြားပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် သံမဏိစက်ရုံအတွင်း သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 သို့ရောက် ရှိပြီး အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၊ Melt Shop-1 ပြန်လည်စတင်ခြင်း ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က Melt shop-1 သံရည်ကျိုခြင်းနှင့် လေးထောင့်သံမဏိတုံး Billet ထုတ်လုပ်ခြင်း လုပ်ငန်းအား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လျှပ်စစ်သံရည်ကျိုဌာနရှိ သံရည်ကျို လုပ်ငန်းအား စက်ခလုတ်နှိပ်၍ စတင်လည်ပတ်စေသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် Melt shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာန၌ သံရည်ကျို လုပ်ငန်းများဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ်သံရည်ကျိုပုံလောင်းဌာနမှ ၉ မီတာ အရှည်ရှိ သံမဏိလေးထောင့်တုံး(Steel Billet)များ ထုတ်လုပ်နေမှုကို တစ်ခုချင်း အသေးစိတ်ကြည့်ရှုစစ်ဆေးရာ ဌာနအလိုက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရMelt shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာနမှ ၂၀၂၃ ခုနှစ်၊ မတ် ၂၄ ရက်တွင်ထုတ်လုပ်ခဲ့သည့် သံမဏိလေးထောင့်တုံး Billet ပေါ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှတ်တမ်းတင်လက်မှတ်ရေး ထိုးပြီး စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှတာဝန် ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က စက်ရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ပပညာရှင်များအား သစ်သီးခြင်း ကိုပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် Melt Shop-2 သို့ရောက်ရှိပြီး စက်ပစ္စည်းများတပ်ဆင်နေမှု အခြေအနေများကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် စတင်ထုတ် လုပ်ခဲ့သည့် သံမဏိပြားများကို လည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများကိုလိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ဝန်ထမ်းစားရိပ်သာ၌ စက်ရုံ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ပြီး ဝန်ထမ်းများကို သံမဏိ ထုတ်လုပ်မှုများ တိုးတက်စေရေး အားပေးစကားပြောကြားကာ ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့သည်။
အဆိုပါ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သည် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင်တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် စတင်စာချုပ် ချုပ်ဆို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် Malt Shop-2 အလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကိုစတင်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့်တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော်ရောက်ရှိနေပြီဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်း အဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ စီမံ ကိန်းရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃၉၃၂ ဒသမ ၈၈၂ သန်းရှိပြီဖြစ်ပြီး စီမံကိန်းပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း၊ ထိုသို့ စီမံကိန်း ရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက် ပေးဆပ်ခဲ့ရကြောင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးလိုအပ် ချက်ပင်ဖြစ်ပြီး သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှ သံနှင့်သံမဏိတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်ပဈေးနှုန်း ထက် သက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရတာဝန်ယူသည့်အချိန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင်ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်အရ သံမဏိ စက်ရုံစီမံကိန်းများကို ပြန်လည်စိစစ်၍ လုပ်ငန်းများပြန်လည်စတင်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ်(၁)သံမဏိ စက်ရုံ (မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Phase-1 (Melt Shop-1) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး Phase-1 အပြည့်အဝလုပ်ငန်းလည်ပတ်ချိန်တွင် Phase-2 (Melt Shop-2) အား လုပ်ငန်းလည်ပတ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည်နိုးကြားလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက်ပိုမိုတိုးတက်လာစေရေး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)မှ အဓိက အင်အား စုတစ်ခုအဖြစ် အားဖြည့်လျက်ရှိကြောင်း သတင်းရရှိသည်။