နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေး သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက် တို့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEM ၏ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်လည်ပတ်မှု၊ မြန်မာ နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအခြေအနေများ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံသို့လာရောက်စဉ် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးချက်များနှင့် ပူးတွဲသတင်းထုတ်ပြန်ချက်များ၊ မြန်မာနိုင်ငံနေဖြင့် နိုင်ငံ တကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် သက်ရောက်မှုရှိလာနိုင်သည့် ပြင်ပအကြောင်းတရားများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန် အသိပေးထားသည့်အခြေအနေများ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သောကြောင့် စိန်ရတုအကြိုကာလဖြစ်သည့် ယခုနှစ်တွင် နှစ်ပေါင်း (၇၅) နှစ်တာကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ပိုမိုခိုင်မာစေရန် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးခြေလှမ်းသစ်စတင်ရမည့်အခြေအနေများ၊ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးအား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ထားမှုနှင့် ငြိမ်းချမ်းရေး အတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား (၇၁) နှစ်ကြာ သံတမန်ဆက်ဆံရေးကာလအတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ဘက်စုံပူးပေါင်းမှု တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့မှုများ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့နိုင်စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ အမေရိကန် ဒေါ်လာအပေါ်မှီခိုမှုကို လျော့ချနိုင်ရန်နှင့် Exchange Rate Risk များ လျော့စေနိုင်ရန် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခဲ့မှုများ၊ ကိုဗစ်-၁၉ ရောဂါ SARS-CoV-2 Variant Omicrom မြန်မာနိုင်ငံတွင်တွေ့ရှိရမှု အခြေအနေများနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုများ၊ နိုင်ငံ၏အနာဂတ် လူသားအရင်းအမြစ် ဖြစ်ထွန်းနှောင့်နှေး နစ်နာစေမှု မရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်သည့်အခြေအနေတွင် NUG ၊ CRPH ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏နှောက်ယှက်မှုများ၊ CDM ပြုလုပ်သွား သည့်ဝန်ထမ်းများ စသည့် အခက်အခဲများကြားမှ ပညာရေးမြှင့်တင်ရေး လုပ်ငန်းများ ကို အလေးထားဆောင်ရွက်နေသည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်း လင်းပြောကြားသည်။
ဆက်လက်၍ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ၊ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သည့် လူနေ အဆောက်အဦများ၊ အစိုးရအဆောက်အဦများ၊ ပညာရေးဆိုင်ရာအဆောက်အဦ များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူပြီးအပြစ်မဲ့ ဒေသခံများအား လူသားတံတားအဖြစ် အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေမှုများ၊ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဉပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်နေမှုများ၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ၊ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်များအရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အခြေအနေများ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုများ၊ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိမှုများနှင့် ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ဝန်ခံပြောကြားချက်များကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဉီးက တည်ဆဲနိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ဆောင်ရွက်ခဲ့ကြသူများ ပေါ် အရေးယူဆောင်ရွက်မှုအခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ မှုအခြေအနေများနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဉပဒေ၊ နည်းဉပဒေများ သုံးသပ် ပြင်ဆင်ခြင်း၊ ဝန်ထမ်းအင်အားဖြည့်တင်းခြင်းအပါအဝင် ဆက်လက်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များကို PowerPoint Presentation များဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်း မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဉီးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှုများ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် သတင်းထုတ်ပြန်ချက်များကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာ ကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြား¬မှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။