နေပြည်တော် မေ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဉက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင် ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီတက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်း နေရာချထားပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပညာရေးကဏ္ဍဆိုင်ရာ လုပ်ဆောင်ချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဧပြီလအတွင်း လုပ်ဆောင်ချက်များ၊ NUG ၊ CRPH နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့သည့်ကိစ္စရပ်များ၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသမားများ ဖော်ထုတ်ရရှိမှု အခြေအနေများနှင့် ပတ်သက် ၍ Powerpoint Presentation များဖြင့် အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု အခြေအနေများ၊ မဲမသမာမှု ဖြစ်ပေါ်စေရန် ဖိအားပေး စေခိုင်းခံခဲ့ရမှုဖြစ်စဉ်ဖြစ်ရပ်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေးချက်များနှင့်ပတ်သက်၍ နေ့စဉ်ထုတ် သတင်းစာများတွင် ထုတ်ပြန်ပေး လျက်ရှိပြီး စစ်ဆေးပြီးစီးမှု ပေါင်းချုပ် စာရင်းများကို ဆက်လက်ထုတ်ပြန် ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က Powerpoint Presentation များ၊ မြေပြင်စစ်ဆေး တွေ့ရှိချက် အချက်အလက်များဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမ ံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဉက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ကိုရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေး ချက်များနှင့် သိရှိနိုင်ရန်လိုအပ်သည့် တွေ့ရှိချက် အထောက်အထားများ စသည်တို့ကို ခင်းကျင်းပြသထားရှိရာ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာန များ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက် သတင်းရယူခဲ့ကြ ကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။