နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာ များပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာ များပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နေပြည်တော် မတ် ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ၃/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကိုယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ တတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် အပိုင်း ၂ ပိုင်းဖြင့် ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ အပိုင်း(၁)ကို မိမိမှ ရှင်းလင်းမည်ဖြစ်ပြီး အပိုင်း(၂)ကို ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှအဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းမည်ဖြစ်ကြောင်း၊ အပိုင်း(၁)မှာ မတ်လ ၁၁ ရက်နေ့ကနေ မတ်လ ၂၁ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သည့် ဆူပူဆန္ဒပြမှုကနေ အကြမ်းဖက်တိုက်ခိုက်မှု အသွင်ပြောင်းလဲလာသည့် မင်းမဲ့စရိုက် လှုပ်ရှားမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လုပ်ဆောင်ချက်များ၊ မီဒီယာများ၏ သတင်းမှား ဖော်ပြချက်များနှင့် သွေးထိုးလှုံ့ဆော်မှုများ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူ မှုများနှင့် မသမာမှုများ၊  ရပ်/ကျေးအဆင့် အခြေခံUEC များတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ရသည့်ပုံစံနှင့် မြေပြင်မှာ မဲမသမာမှုလုပ်ခဲ့သည့်အခြေအနေများ ကို ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်းပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်ကိုရယူ ထိန်းသိမ်း ရခြင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ဖြစ်ခဲ့သည့် မဲမသမာမှုများ၊ မဲလိမ်မဲခိုးမှုများကြောင့်ထိန်းသိမ်းရခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စ များကို ဖြေရှင်းပေးရန်အတွက် နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ပြီး တပ်မတော်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ၂ လလုံးအချိန် ရပြီး တရားဥပဒေနှင့်အညီဖြေရှင်းပေးရန်၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ စေ့စပ်ညှိနှိုင်း အဖြေရှာရေးလမ်းစဉ်လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ၊ လှစ်လျူရှုသည့် အဆင့်ထက် ပိုမိုသည့်အဆင့်ကိုလုပ်ခဲ့ကြောင်း၊ ယခုမှစေ့စပ်ညှိနှိုင်းရန်ပြောနေခြင်းများရှိကြောင်း၊ ဘာကြောင့် ယခင်ကမပြောခဲ့သည်ကို စဉ်းစား၍မရကြောင်း၊ စေတနာမှန်ရင်၊ မိမိ တို့နိုင်ငံကို ဒီမိုကရေစီစစ်စစ်နိုင်ငံဖြစ်စေချင်သည်ဆိုလျှင် အဲဒီအချိန်က စေ့စပ်ညှိနှိုင်း ပါဟု ပြောနေသည့်လူများအနေဖြင့် ပြောခဲ့သင့်ကြောင်း၊ သာမန်ပဲစဉ်းစားကြည့်ပါ။ ဖေဖော်ဝါရီလ ၁ ရက်မှာ တပ်မတော် အနေဖြင့် နိုင်ငံတော်တာဝန်ကို ရယူခဲ့ရ ကြောင်း၊ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကြောင်း၊ဖေဖော်ဝါရီလ ၉ ရက်မှစပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ ဆူပူဆန္ဒပြမှုအသွင်ကို ပြောင်းလဲလာကြောင်း၊ နောက်ပိုင်း မင်းမဲ့ စရိုက်အသွင်၊ လက်နက်ကိုင်အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲလာခဲ့ကြောင်း၊ အကြမ်းဖက်ဆန္ဒပြသူများအနေဖြင့် မြို့နယ်၃၀ ခုတွင် ပြည်သူပိုင်ရုံး ၆ ခု၊ ရဲစခန်း ၃၀ ခု၊ ရဲကင်း ၁၂ ကင်း၊ အဆောက်အဦ ၅ ခု တို့ကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုများအနေဖြင့် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးမှု ၃ ကြိမ်၊ တံတား မီးရှို့မှု ၁ ကြိမ်၊ ATM စက်နှင့် ဘဏ်များ ဖျက်ဆီးခံရမှု ၂ ကြိမ်၊ ဆက်သွယ်ရေး တာဝါတိုင်များဖျက်ဆီးခံရမှု ၁ ကြိမ်၊ မီးသတ်စခန်းဖျက်ဆီးခံရမှု ၁ ကြိမ်၊ မော်တော်ယာဉ်များဖျက်ဆီးခံရမှု ၄ ကြိမ်၊ နေအိမ်များမီးရှို့ခံရမှု ၂ ကြိမ်၊ ဆိုင်များ ဖျက်ဆီးမှု ၂ ကြိမ်၊ မီးရထားလမ်းပိုင်းဖျက်ဆီးခံရမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ မီးရှို့ဖျက်ဆီးခံရမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့ အတွင်း အထည်ချုပ်စက်ရုံ ၁၀ ရုံ၊ အထည်ချုပ် လုပ်ငန်းသုံးစက်ပစ္စည်း စက်ရုံ ၂ ရုံ၊ လျှပ်စစ်ပစ္စည်းစက်ရုံ ၁ ရုံ၊ ဓာတ်မြေသြဇာစက်ရုံ ၁ ရုံ၊ အိတ်ချုပ်စက်ရုံ ၁ ရုံ၊ ပီနံအိတ်စက်ရုံ ၁ ရုံနှင့် ဖော့ပစ္စည်းစက်ရုံ ၁ ရုံ၊ စုစုပေါင်းစက်ရုံ၊ အလုပ်ရုံမီးလောင်ဆုံးရှုံးမှု ၁၇ ရုံ ဖြစ်ပွားခဲ့ကြောင်း၊ ထိုစက်ရုံများတွင် မှီခိုလုပ်ကိုင်နေရသည့် ပြည်သူလူထုသောင်းနှင့်ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၊ အဆိုပါအလုပ်လက်မဲ့ဖြစ်ခဲ့ရသည့်မိသားစုများ၏ လူမှုစီးပွားဘဝများ “အခုဘယ်လို ဖြစ်နေမလဲ၊သူတို့ကိုမှီခိုနေတဲ့သူတွေ ဘယ်လိုဖြစ်နေမလဲ၊ သွေးထိုးလှုံ့စော်သူများ၏ သွေးထိုးလှုံ့စော်မှုများကြောင့် ဘဝပျက်ခဲ့သူတွေ ဘယ်လောက် ရှိနေပြီလဲ” စဉ်းစားကြရန်လိုကြောင်း၊ဓာတ်မီးတိုင်များ ဖျက်ဆီးခံရမှု ၁ ကြိမ်၊ ရထားလမ်းကို ဖျက်ဆီးခြင်း၊ ရထားတိမ်း မှောက်အောင်လုပ်ခြင်းသည် အလွန်အန္တရာယ်ကြီးသည့် ဆောင်ရွက်မှုဖြစ်ပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများလုယူခံရမှုများ၊ နေအိမ် ဖျက်ဆီး ခံရမှုများဖြစ်ပွားခဲ့သည့် Video Clip များဖြင့် ရှင်းလင်းပြောကြားသည်။

နိုင်ငံ၏ကုန်ထုတ်စွမ်းအားစု၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုအရေးကြီးသည့် စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်းများ၊ လုယက်ခြင်းများအထိ ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်မည့် မီးသတ်ကားများထွက်မရအောင် အကြမ်းဖက်တားဆီးခဲ့ကြောင်း၊ ကမ္ဘာ့ သတင်းမီဒီယာများတွင် “မြန်မာ့ဒီမိုကရေစီဆိုတာဒါလား” ဟု မေးခွန်း ထုတ်လာ ကြောင်း၊ “ဒါတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ခေါ်မလား၊ ဒီလိုဆူပူဆန္ဒပြ၊ မီးရှို့၊ ပစ်ခတ်တာတွေကို ဘယ်နိုင်ငံက၊ဘယ်အဖွဲ့အစည်းက ဘယ်လိုစံနှုန်းတွေနဲ့ ငြိမ်းချမ်း စွာဆန္ဒပြတယ်လို့ သတ်မှတ်ပါသလဲ” ဟု မေးခွန်းထုတ်ချင်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး ၁၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မတော်သား ၄ ဦးကျဆုံးပြီး မိသားစုဝင် ၁ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် အုပ်စုက Cyber Bullying လုပ်ပြီး ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ ကျား ၃၃ ဦး၊ မ ၂ ဦး၊ ပေါင်း ၃၅ ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ သေဆုံးသူစုစုပေါင်း ၄၄ ဦး၊ ဒဏ်ရာရသူ၁၆၃ ဦးရှိကြောင်း၊ ဒီမိုကရေစီကို တောင်းဆိုတာလား “ငါနဲ့မတူငါ့ရန်သူ” ဆိုတဲ့ဝါဒဖြစ်ပါကြောင်း၊ “ငါနဲ့မတူ၊ ငါ့ရန်သူ” ဆိုတာကိုမှ ဒီမိုကရေစီလို့ယူဆလျှင် ဒီမိုကရေစီမဟုတ်ဘဲ မင်းမဲ့စရိုက်ဟု ပြောလို ကြောင်း၊ မင်းမဲ့စရိုက်ကို နှိမ်နင်းရမည်ဖြစ်ကြောင်း၊ မင်းမဲ့စရိုက်ကို “မည်သည့် ကမ္ဘာ့နိုင်ငံကလက်ခံပါသလဲ” လက်ခံလျှင် အဆိုပါမင်းမဲ့စရိုက် လူတန်းစားကို မြန်မာ က Export ကောင်းကောင်းလုပ်ပေးမည်၊ လက်ခံပေးပါဟု ပြောလိုကြောင်း၊ ဒီမိုကရေစီနည်းလမ်းအရ ကောင်းမွန်စွာလက်ခံပေးပါဟုပြောလိုကြောင်း၊ ယခု နောက်ပိုင်း အကြမ်းဖက်ရာတွင် အသုံးပြုသော လူကိုသေစေနိုင်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည့် လက်နက်များ၊အကြမ်းဖက်သုံးပစ္စည်းများကို နေရာအနှံ့ကနေ ရှာဖွေဖော်ထုတ်တွေ့ရှိနေရကြောင်းပြောကြားပြီး အကြမ်းဖက်ဆန္ဒပြရာတွင် အသုံး ပြုနေသည့် လက်နက်များကို Video Clip၂ ခု ပြသ၍ ရှင်းလင်းသည်။

အဆိုပါ အကြမ်းဖက်မှုများကို နှိမ်နင်းရာတွင်သေဆုံးမှုများရှိပါကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပစ်ခတ်ခြင်း၊ ရဲစခန်းများကို ဝိုင်းဝန်းအကြမ်းဖက် တိုက်ခိုက်ခြင်း၊ သက်သေခံပစ္စည်းများဖျောက်ဖျက်ရန်အတွက် လုပ်ဆောင်ခြင်းများကို ရည်ရွယ်ချက် ရှိရှိ လုပ်နေလျက်ရှိပါကြောင်း။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဆူပူသူများကိုဖြိုခွင်းမှုကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများကို ပြောဆိုနေခြင်းများလည်းတွေ့ရကြောင်း၊ သေဆုံးသူ ၁၆၄ ဦးရှိပြီး အကြမ်းဖက်ဆူပူသူများ သေဆုံးခြင်းသည် မိမိနိုင်ငံသားများဖြစ်ခြင်းကြောင့် စိတ် မကောင်းပါကြောင်း၊ သို့သော် Covid-19 ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် တစ်နှစ်လုံး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါအမျိုးမျိုးနှင့်အတွင်းလူနာအဖြစ် တက်ရောက် ကုသမှုခံယူရသူ ၈၉၀၇၂ ဦးရှိပြီး သေဆုံးသူ ၆၄၇၅ ဦးရှိကြောင်း၊ တစ်လ ပျမ်းမျှအတွင်းလူနာ ၇၄၂၂ ဦးဖြစ်ပြီး တစ်လပျမ်းမျှ သေဆုံးလူနာ ၅၃၉ ဦးရှိ ကြောင်း၊ ယခုရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်း အချို့ ကြောင့် လုပ်ငန်းအပြည့်အဝဆောင်ရွက်နိုင်မှုမရှိခြင်း တစ်လခွဲခန့်ရှိပြီးဖြစ်ကြောင်း၊ “ဆေးကုသဖို့လိုအပ်ပေမယ့် ဆေးကုသမှုမခံရသည့်လူနာ ဘယ်လောက်သေဆုံးနေ ပြီလဲ” တစ်နိုင်ငံလုံးအတိုင်းအတာကို မိမိအနေဖြင့် မပြောလိုသေးဘဲ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတစ်ခုတည်းကိုပဲ ပြောပြခြင်းဖြစ်ကြောင်း၊ တာဝန်မဲ့ကျင့်ဝတ် မလိုက်နာသူများကြောင့် အပြစ်မဲ့ပြည်သူ များသေဆုံးမှုကို တွေ့မြင်နိုင်ပါကြောင်း၊ “၂၀၂၀ ရွေးကောက်ပွဲတွင် မဲဘယ်လို လိမ်ခဲ့တယ်။ ဘယ်လိုညစ်ခဲ့တယ်” ဆိုသည့် အခြေခံရပ်/ကျေးအဆင့်ကို ရှင်းလင်းပြမည်ဖြစ်ကြောင်း၊ အဆိုပါမဲသူခိုးတွေ အတွက် မဲခိုးသူတွေကလှုံ့ဆော်တိုင်း မိမိတို့ ပဋိပက္ခတွေဖြစ်နေကြမှာလား၊ သူများပြောတိုင်း၊ သွေးထိုးတိုင်းလုပ်နေကြမှာလား၊ စဉ်းစားရန်လိုအပ်ကြောင်း ပြောကြားသည်။

နံပါတ် ၂ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လုပ်ဆောင်ချက်များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ယခုရက်သတ္တပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ကျွန်းစုမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်တွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေမှု၊ ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အများ၏ဆန္ဒနှင့်  ဆောင်ရွက်သည်ဆိုသော်လည်း အများ၏ ဆန္ဒသည် စစ်မှန်ပြီးရိုးသားသည့်နိုင်ငံရေး ဖြစ်ရန်လိုကြောင်း၊ အများ၏ဆန္ဒသည် ရိုးသားမှုမရှိပါက ယင်းနိုင်ငံရေးသည် ဒီမိုကရေစီဟု ပြောနိုင်ရန်ခဲယဉ်းသည်ကို ပြောကြားခဲ့ကြောင်း၊ အကြမ်းဖက်ဆန္ဒပြမှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး “လူငယ် လူရွယ်များကို အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကင်းမဲ့စေသည့် လုပ်ဆောင် ချက်များကိုလုပ်ဆောင်လာစေရန်၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်လာစေရန် နောက်ကွယ်မှသွေးထိုး လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ရပြီး နိုင်ငံတော်အတွက်အန္တရာယ် ရှိသည့်လုပ်ရပ်များဖြစ်ကြောင်း” လူငယ်၊ လူရွယ်များ အနေဖြင့် မိမိတို့၏ရည်ရွယ်ချက်၊ အနာဂတ်ကိုရှုမြင်ပြီး နောက်ကွယ်မှသွေးထိုး လှုံ့ဆော်မှု၊ နိုင်ငံရေးသမားများ၏ ချောက်ချမှုများကို သတိထားရှုမြင်သင့်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မီဒီယာများနှင့်ပတ်သက်၍ သတင်းကိုမှန်ကန်စွာရေးသားခြင်း၊ နှစ်ဖက် အမြင်နှင့် မျှတစွာရေးသားခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေမည့်အရေးအသားများ၊ အကြမ်းဖက်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများကို ရှောင်ရှားရမည်ဖြစ်သော်လည်း အချို့မီဒီယာများအနေဖြင့် သွေးထိုးလှုံ့ဆော်မှု၊ သတင်းမှားဖြန့်ချိမှုများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်းကိုတွေ့ရကြောင်း၊ မတ်လ ၁၇ ရက်တွင် နိုင်ငံ တော်သံဃနာယက ဆရာတော်ကြီးများကို အကျယ်ချုပ်ဖမ်းချုပ်တယ်ဆိုပြီး ပြည်တွင်း မီဒီယာတစ်ခုကသတင်းဖြန့်ခဲ့ကြောင်း၊အဆိုပါသတင်းကိုပဲအာဆီယံဒေသ တွင်း၊အာရှဒေသတွင်း ထင်ရှားသည့်မီဒီယာ တစ်ခုကထပ်မံရေးသားခဲ့ခြင်းကို အံ့သြ ဖွယ် တွေ့ရကြောင်း၊ သတင်းဌာန၏သိက္ခာ၊ ယုံကြည်ကိုးစားရမှုနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်စရာဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ မြို့ကြီး အချို့က အများပြည်သူသုံး လမ်းမကြီးတွေပေါ်မှာ အတားအဆီးတွေချထားခြင်း၊ သဲအိတ်တွေချထားပြီး လမ်းပိတ်ဆို့ထားခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိဒေသခံ ပြည်သူ များက ရှင်းလင်း ဖယ်ရှားခြင်းကိုလည်း မတရားစေခိုင်းနေသည့်ပုံစံဖြစ်အောင် အမျိုးမျိုးဆောင်ရွက်ခဲ့ကြောင်း၊ ယခုလိုဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူ အချို့၏အမြင်ကို Video Clip ဖြင့် ရှင်းလင်းပြသသည်။

ဆက်လက်ပြီး NLD ပညာရေး ကွန်ရက်မှ ဦးဇော်မြတ်လင်းသေဆုံးမှုသည် လုံခြုံရေး တပ်ဖွဲ့ဝင်များကရှာဖွေစဉ် အိမ်ပေါ် ကခုန်ချရာ ခြံစည်းရိုးပေါ်ကျပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ညှင်းပန်းနှိပ်စက် ၍ ပါးစပ် ထဲရေနွေးပူလောင်းထည့်ခြင်းများကို လုပ်ကြံဖန်တီးပြီး သတင်းပြုလုပ်ခဲ့ခြင်းကို လည်း တွေ့ရကြောင်း၊အချို့လူမှုကွန်ရက်စာမျက်နှာတွင်လုပ်ကြံဖန်တီးပြီးတင်သည့် ဓာတ်ပုံများကို မီဒီယာများကယူသုံးထားခြင်းများ တွေ့ရကြောင်း၊ မီဒီယာများအနေ နှင့် အကြမ်းဖက်ဆူပူဆန္ဒပြသူများ၏ မီးရှို့ဖျက်ဆီးမှုများ၊ ဒလန်ဟုစွပ်စွဲပြီး ကားတာ ယာကွင်းပတ်မီးရှို့သတ်သည့်ဖြစ်စဉ်များ၊ မျက်လုံးဖောက်သတ်သည့် ဖြစ်စဉ်များ၊ လှိုင်သာယာမြို့နယ်တွင် ရိုးသားစွာအသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေသည့် ဆိုင်ပိုင်ရှင်အမျိုးသမီး တစ်ဦးကို ၂ ကြိမ်တိုင်တိုင်ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များကို သတင်းအမှောင်ချပြီး တစ်ဖက်သတ်ရေးသားနေ ခြင်းများတွေ့ရ ကြောင်း၊ ဒီပဲယင်းမြို့နယ်တွင် အမှုတွဲသွားပေးသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို အကြမ်းဖက်ဆူပူဆန္ဒပြသူများကတားဆီးဖမ်းဆီးသတ်ဖြတ်သည့်ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ က စတင်ရန်ပြုသလို သတင်းကို ပြောင်းပြန်လုပ်ရေးသားခဲ့ခြင်းများ တွေ့ရကြောင်း၊ “ဒါတွေဟာ လွတ်လပ်တဲ့မီဒီယာလား၊ ဘက်မလိုက်တဲ့ မီဒီယာလား” ဟု မေးခွန်း ထုတ်လိုပါကြောင်း၊ ယခုအချိန် မှာ ဆူပူဆန္ဒပြမှုကိုမလိုလားသည့် ပြည်သူလူထုနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို လိုလားသူများကြောင့် အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းလာကြောင်း၊တချို့မသမာသည့်မီဒီယာများက ဆူပူဆန္ဒ ပြမှုများ ထပ်မံဖြစ်ပွားလာအောင် ဦးတည် လှုံ့ဆော်နေခြင်းများကို တွေ့ရကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် အမိန့်ကြေညာစာအမှတ်၊ ၂/၂၀၂၁ အရ CRPH ကို မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မီဒီယာများ၏သတင်းဖော်ပြချက် များ၊ ရေးသားချက်များသည် ၎င်းမတရား အသင်းနှင့်ပတ်သက်ပြီး “တစ်နည်းနည်း ဖြင့်ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်” မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)အရ ပြစ်မှုမြောက်သည် ကို သတိပေးလိုပါကြောင်းပြောကြားသည်။

စတုတ္ထအချက်အနေဖြင့် နိုင်ငံတော် အဆင့် လာဘ်ပေး၊ လာဘ်ယူမှုနှင့် မသမာ မှုများကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်ပြီး ငွေကြေးဆိုင်ရာများ စစ်ဆေးလျက်ရှိ သည် ကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မတ်လ၁၇ ရက်နေ့က စစ်ဆေးတွေ့ရှိချက်အချို့ ကို သတင်းထုတ်ပြန်ပေးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းမှာရှိတဲ့ ဖောင်ဒေးရှင်းရုံးချုပ်မြေနှင့် အဆောက်အဦကို တစ်လငွေကျပ်၁၅ သိန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၂၁ ရက်နေ့အထိ ငါးနှစ်ငှားရမ်းခဲ့ကြောင်း၊အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်တွင်း အခွန်များဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်၊ ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်များရှိ ကာလတန်ဖိုးသတ်မှတ်ပေးသည့်စံနှုန်းများနှင့် အခွန် စည်းကြပ်နှုန်းထားများအရ တစ်နှစ်ကို ကျပ် ၂.၆ ဘီလီယံ နိုင်ငံတော်က နစ်နာ ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ငှားရမ်းခနှုန်းထားများအရ  တွက်ချက် ကြည့်လျှင် ငွေကျပ် ၁.၄ ဘီလီယံ နစ်နာကြောင်း၊ တစ်လကိုငှားရမ်းခကျပ် သိန်း ၂၀၀၀ ကျော် နိုင်ငံတော်ကိုပေးသွင်းရမည်ဖြစ်ပြီး ကျပ် ၁၅ သိန်းသာ ပေးသွင်းခဲ့ ခြင်းဖြစ်ကြောင်း၊ အလားတူ နေပြည်တော် လရောင်တော စိုက်ပျိုးသက်မွေးပညာသင် ကျောင်း၊ လက်တွေ့စိုက်ခင်းတို့နှင့်ပတ်သက်ပြီး တစ်ဧက ငွေကျပ်သိန်း ၅၀နှုန်းဖြင့် ဝယ်ခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်ပြီးပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်၊သီရိ ၅ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ ပြည်ထောင်စုနယ်မြေ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန်နှုန်းထားများအရ လမ်းကျယ် သတ်မှတ်နှုန်းဖြင့်တွက်ချက်လျှင် ငွေကျပ် ၂၆.၄၃ ဘီလီယံ၊ အတွင်းလမ်းသတ်မှတ် နှုန်းဖြင့်တွက်ချက်လျှင် ငွေကျပ် ၁၈.၁၅ဘီလီယံ နိုင်ငံတော်အနေဖြင့် နစ်နာခဲ့ ကြောင်း၊ နေပြည်တော်၊ လရောင်တောစိုက်ပျိုးသက်မွေးပညာသင်ကျောင်းမှာ L ပုံ သဏ္ဌာန်တစ်ထပ်တိုက်အဆောက်အဦဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဖောင်ဒေးရှင်း ပိုင် မြေဧရိယာပေါ်တွင် ကျပ်ငွေ ၁.၆ ဘီလီယံ အကုန်အကျခံပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန်အတွက် လူနေအိမ်ဆောက်လုပ်ပြီး နောင်တစ်ချိန် မှာ ပြတိုက်အဖြစ်သုံးဖို့ရည်ရွယ်ကြောင်းကိုအဆိုပါ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီကပြောကြားကြောင်း၊ ငှားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင် မြေအဆောက် အဦတည်ရှိရာ ဒေသကာလပေါက်ဈေးအတိုင်း သတ်မှတ်ရန်၊ နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်စီးပွားရေး အထောက် အကူပြုရန် ဦးစားပေး ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါက ငှားရမ်းခ ကိုကာလပေါက်ဈေးဖြင့် သတ်မှတ် ခြင်းကို လျှော့ပေါ့စဉ်းစားနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်က နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်ရှိသော်လည်း အဆိုပါညွှန် ကြားချက် သည် လူမှုအဖွဲ့အစည်းနှင့် သက်ဆိုင်မှုမရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ပိုင် မြေသုံးစွဲမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ထိုက်သင့်သည့်အခကြေး ငွေမရရှိဘဲ နစ်နာမှုရှိခြင်း၊ ဖောင်ဒေးရှင်းပိုင်အလှူငွေများကိုသုံးပြီး ဥက္ကဋ္ဌနေထိုင်ရန် လူနေအိမ် ဆောက်ခြင်းသည် ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေးများနှင့် သက်ဆိုင်မှုမရှိသည့် သုံးစွဲ မှုများဖြစ်ပြီး ထပ်မံအသေးစိတ်စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စေပိုင်ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီ ပိုင်ရှင် ဦးမောင်ဝိတ်က အမေရိကန် ဒေါ်လာ ငါးသိန်းခွဲပေးအပ်ခဲ့သည့် လာဘ်ပေး၊ လာဘ်ယူမှုများကို မတ်လ ၁၈ ရက် နေ့က သတင်းထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ဦးမောင်ဝိတ်၏ ကိုယ်တိုင်ပြောကြားချက် Video ဖိုင်ကို ထပ်မံပြသရှင်း လင်းပြော ကြား ကြောင်း၊ ပြီးခဲ့သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း က ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန် ဒေါ်လာ ၆ သိန်း၊ အကယ်ဒမီရွှေ ၇ ပိဿာ(၁၁.၄၃၁ ကီလိုဂရမ်) ပေးခဲ့သည့်အကြောင်းအား ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊အချို့မီဒီယာများအနေဖြင့် “သက်သေရှိရဲ့လား၊ လုပ်ကြံဖန်တီးပြီးပြောဆိုနေတာလား၊စွပ်စွဲပြောဆိုနေတာလား” ဟု သတင်းစာရှင်းလင်းပွဲအပြီးတွင် မေးမြန်းလာခဲ့ကြောင်း၊မည်သည့်ဖိအားမှမပါဘဲ ဦးဖြိုးမင်းသိန်း ကိုယ်တိုင်ပြောဆိုချက် Video  ဖိုင်ကို ပြသလိုပါကြောင်း၊ သေချာစိစစ်ကြည့်ရှုနိုင်ကြောင်း ပြသရှင်းလင်းသည်။

ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့်အဖွဲ့ဝင်အချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အဖွဲ့ဝင် အချို့များ၏ လာဘ်ပေး၊ လာဘ်ယူမှု၊ မသမာမှုတွေကို ဖော်ထုတ်စစ်ဆေးလျက်ရှိနေသည်ကို ပြောကြားခဲ့ကြောင်း၊ မေးမြန်း ချက်များ၊ ၎င်းင်းတို့၏ပြောဆိုချက်များအရ ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဝင်းသိန်း၊ ဦးညီပုနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့သည် အဂတိလိုက်စားမှုများ နှင့်ငြိစွန်းနေကြောင်း စိစစ်တွေ့ရှိရသည့် အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး  ကော်မရှင်က လိုအပ်သည့် စစ်ဆေး ဖော်ထုတ်မှုများပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။

နောက်ဆုံးအချက်အနေဖြင့် ပြည်သူများသိချင်နေသည့် လက်တွေ့မြေပြင်တွင် မဲမသမာမှု၊ မဲလိမ်မှုများ မည်ကဲ့သို့ဆောင်ရွက်ခဲ့သည်ကို ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း၊ မဲစာရင်းတွေမှားယွင်းခြင်းသည် စာရင်းအရမှားခြင်းဖြစ်ပြီး လက်တွေ့ မဲပေးရာတွင် လက်သန်းကိုမင်ဆွတ်ရခြင်းကြောင့်နှစ်ခါမဲပေးလို့မရသည်များကိုပြော နေခြင်းများတွေ့ရှိကြောင်း၊ မြေပြင်စစ်ဆေးချက်တွေ၊ ရပ်ကွက်၊ ကျေးရွာအဆင့် ကော်မရှင်အဖွဲ့ဝင်များ၏ ဖွင့်ဟပြောဆိုချက်များအရ လက်တွေ့မြေပြင်တွင် မဲမသမာ မှု၊ မဲလိမ်မဲခိုးမှုများကို ပထမအဆင့်အနေဖြင့် ကြိုတင် မဲပေးခွင့်ရှိသူတွေကို ဖောင်းပွ အောင်ပြုလုပ်ခြင်း၊ ကြိုတင်မဲမှာ မဲခိုးခြင်းဖြစ်ကြောင်း၊ ရပ်/ကျေးအဆင့် NLD အုပ်ချုပ်ရေးမှူးတချို့နှင့် အမာခံများက ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အနေ ဖြင့်အဆိုပါကြိုတင်မဲပေးမည့်လူများစာရင်းကို မြို့နယ်ကော်မရှင်ကိုတင်ပြခဲ့ ကြောင်း၊ မြို့နယ်ကော်မရှင်အနေဖြင့် အချက်အလက်မခိုင်လုံသူများ ကို ပယ်ချခဲ့ခြင်းများရှိ ကြောင်း၊ သို့သော် အုပ်ချုပ်ရေးမှူးအချို့နှင့် NLD အမာခံ များက ကျေးရွာ ကော်မရှင်ကို ဖိအားပေးပြီးစာရင်းပြန်ထည့်စေကြောင်း၊ ရပ်/ကျေး ကော်မရှင်က ကွန်ပျူတာ ဖြင့်လည်းကောင်း၊နောက်ဆုံးတွင် လက်ရေးနှင့်တောင်ရေးသား ဖြည့်သွင်းခဲ့ရသည့် သက်သေပုံများကို ကြေညာသင်ပုန်းတွင်ပြသထားကြောင်း၊ ဒီမှာသတိထားရမှာက အဆိုပါကြိုတင်မဲ ထည့်ခဲ့ရသူများသည် မဲပေးပြီးကြောင်း လက်သန်းမှာ မင်မဆွတ်ခဲ့ရကြောင်း၊ တတိယအဆင့်အနေဖြင့် ကြိုတင်မဲအတွက် ခွင့်ပြုအရေအတွက်ထက် ပိုနေသည့်မဲလက်မှတ်များကို တရားမဝင်ထုတ်ယူအသုံးပြုခဲ့ ခြင်းနှင့်ပိုနေခြင်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်တစ်ခု က ရပ်ကွက်တစ်ခုကို စစ်ဆေးခဲ့ရာ ကြိုတင်မဲပေးရမည့်ဦးရေ ၁၁၀၀ ဦးသာရှိပြီး ကြိုတင်မဲလက်မှတ် ၃၄၅၀ စောင် ထုတ်ယူအသုံးပြုခဲ့ခြင်းကိုတွေ့ရကြောင်း၊ ရပ်ကွက် တစ်ခုတည်းမှာပင်လျှင် ကြိုတင်မဲမှာ မဲလိမ်၊ မဲခိုးမှု ၂၃၅၀ ဦးရှိသည်ကိုတွေ့ရကြောင်း၊ ဒါ့ကြောင့်လည်း အချို့မဲလက်မှတ်များမှာ မဲရုံမှူးများ၏လက်မှတ် မပါခြင်းများကို တွေ့ရကြောင်း၊ စတုတ္ထအဆင့်

အနေဖြင့် ကြိုတင်မဲကောက်ယူရာ NLD အမာခံများက NLD Logo နေရာကို ညွှန်ပြမဲပေးစေခြင်း၊ ပယ်မဲများကို NLD  ခိုင်လုံမဲအဖြစ် ထည့်သွင်းရေတွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အသေးစိတ်အချက် အလက်များကို ဗီဒီယိုဖိုင်များဖြင့့် UEC မှအဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ဆက်လက်ရှင်းလင်းပြသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

မီဒီယာများအနေဖြင့် ယခုရှင်းလင်းပြောကြားခဲ့သည့် အချက်အလက်များနှင့် ပတ်သက်သော သက်သေအထောက်အထားများကို Board များတွင် ကပ်ထား ကြောင်း၊သတင်းစာရှင်းလင်းပွဲပြီးရင် လေ့လာနိုင်ကြောင်း၊ မရှင်းလင်းတာများ ထပ်မေးနိုင်ကြောင်း၊ ဦးခင်မောင်ဦးရှင်းလင်းပြီးသည့် အခါတွင် UEC နှင့်သက်ဆိုင် သော မေးခွန်းများ မေးမြန်းနိုင်ပြီး မိမိ၏ရှင်းလင်းချက်များနှင့်ပတ်သက်ပြီး မေးမြန်း လိုတာကို မေးမြန်းနိုင်ကြောင်း၊ အချိန်အရ မီဒီယာတစ်ခုလျှင် မေးခွန်း ၃ ခုသာ မေးမြန်းပေး ဖို့မေတ္တာရပ်ခံလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး အပိုင်း ၃ ပိုင်းခွဲ၍ ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ၎င်းတို့မှာ (က) မဲဆန္ဒရှင်စာရင်း များစိစစ်ခြင်းအပိုင်း၊ ( ခ ) ဆန္ဒမဲလက်မှတ်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအပိုင်း နှင့်( ဂ ) မဲမသမာမှုဖြစ်စဉ်များအပါအဝင်၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း ၍ Video Clip များဖြင့် ရှင်းလင်းတင်ပြ ခြင်းတို့ဖြစ်ပါကြောင်း ပြောကြားသည်။

ဦးစွာ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းအပိုင်းကို တင်ပြမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲအမှတ်စဉ် (၂/၂၀၂၁)တွင်လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း CD ၊ PDF များကို အခြေခံစိစစ်ထုတ်ပြန်ချက်အရ မဲမသမာမှုဖြစ်နိုင်/ပြုနိုင်သည့် အရေအတွက် ၁၀၄၈၂၁၁၆ ဦး ရာခိုင်နှုန်းအားဖြင့် ၂၈.၁၇ ရာခိုင်နှုန်းဖြစ်ကြောင်းကို တင်ပြခဲ့ပြီး လည်းဖြစ်ပါကြောင်း၊ ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက အသုံးပြုခဲ့သည့် နောက်ဆုံးမဲစာရင်း Cross Check  များ ရယူစိစစ်ထုတ်ပြန်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ထုတ်ပြန်ပြီးစီးမှုများအရ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ ၉ ခုရှိ မြို့နယ်ပေါင်း ၆၆ မြို့နယ်၊ မဲရုံပေါင်း ၈၇၄၉ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၉၆၈၁၃၆၉ ဦးဖြစ်သော်လည်း လဝက စာရင်းအရ ၇၀၀၂၃၉၄ ဦးသာရှိကြောင်း၊ ၎င်းင်းတို့အနက် စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၀၉၈၅၆၈ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း ၃ ကြိမ် နှင့်အထက်ပါဝင်နေသူ ၄၀၁၃၇ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ် ပါဝင်သူ ၆၂၀၇၄၆ ဦး ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ စိစစ်တွေ့ရှိချက်များအရ စိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့်မဲစာရင်းထပ်နေသူစုစုပေါင်း ၁၇၅၉၄၅၁ ဦးရှိကြောင်း တွေ့ရှိရသဖြင့် ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၁၈.၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ယခုစစ်ဆေးမှုသည် တစ်မြို့နယ်ချင်းအလိုက် စစ်ဆေးတွေ့ရှိမှုများသာဖြစ်ပြီးမြို့နယ်တစ်မြို့နယ်နှင့် အခြားတစ်မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုနှင့် အခြားတစ်ခုစစ်ဆေးမှု ဃမသျျ ဃ့နခု စစ်ဆေးမှု များပါ ပါဝင်ပါက ယခုထက်ပိုမိုများပြားနိုင်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ဖော်ပြပါ မြို့နယ် ၆၆ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများအပေါ် တပ်မတော်စိစစ်ချက်များနှင့် ကော်မရှင်၏စိစစ်ချက်များကို နှိုင်းယှဉ်ရာတွင်လည်း အခြေခံမဲဆန္ဒရှင်စာရင်းကွာခြား ချက်အရ ကော်မရှင်၏စိစစ်တွေ့ရှိမှုအရေ အတွက်က ကိုင်ဆောင်လက်မှတ် တစ်မျိုး မျိုး (မှတ်ပုံတင်)မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ၄၂၅၈၆ ဦး၊ တစ်ကြိမ်ထက်ပို၍ မဲစာရင်းတွင် ပါဝင်သူ (ထပ်နေသောမဲစာရင်း) ၂၀၇၈၂၇ ဦး ပိုမိုစိစစ်တွေ့ရှိရကြောင်း၊ ဆက်လက်ပြီး ဒုတိယပိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သောဆန္ဒမဲလက်မှတ်များကို မြေပြင် ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန်လျက် ရှိမှုအခြေအနေများကို တင်ပြမှာဖြစ်ပါကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ ၃ ခုအတွင်းရှိ မြို့နယ် ပေါင်း ၆၀ မြို့နယ်ရှိ မဲရုံပေါင်း ၇၆၄၆ ရုံ ၏ ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင် ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများပါရှိသော ပူးပေါင်းအဖွဲ့ ဖြင့် ဖွင့်ဖောက်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ဆေးမှုစာရင်းချုပ်အရ ထုတ်ယူရရှိ သည့်မဲလက်မှတ်ပေါင်း ၉၄၁၄၃၃၆၊ အသုံးပြု ၅၉၉၆၅၉၅ ကျန်ရမည့်အရေအတွက် ၃၄၁၇၇၄၁ ဖြစ်သော်လည်း မြေပြင်လက်ကျန် ၃၀၉၁၀၁၃ ဖြစ်ပြီးကွာခြားချက် အနေဖြင့် ပျောက်ဆုံး ၄၄၆၅၅၃ နှင့် အပို ၁၁၉၈၂၅ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ မဲဆန္ဒရှင်စာရင်းနှင့်မဲလက်မှတ် မြေပြင်စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များကို (ကိုကိုးကျွန်းမြို့နယ်မှအပ) စိစစ်ပြီး ဖြစ်လို့ ထုတ်နုတ်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ (ကိုကိုးကျွန်းမြို့နယ်မပါ) ၄၄ မြို့နယ်ရှိမဲရုံပေါင်း ၅၈၀၇ ရုံ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ချက်စာရင်းချုပ်အရ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင် ၆၁၃၅၅၈၁ ဦး၊ လဝကစာရင်းအရ ၃၉၇၈၉၃၄ ဦးဖြစ်ပြီး မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ လက်မှတ်မရှိသူ ၇၄၇၀၉၉ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တစ်ခု တည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက်ပါသူ ၁၁၀၇၀ ဦး၊ ၂ ကြိမ် ပါဝင်နေသူ ၂၆၉၄၁၂ ဦးဖြစ်သည်ကိုတွေ့ ရှိရပါကြောင်း၊ တပ်မတော်ကထုတ်ပြန်ခဲ့ သောမဲမသမာ မှုဖြစ်နိုင်သည့် မဲဆန္ဒရှင်စာရင်းများနှင့် နှိုင်းယှဉ်ပါက ကိုင်ဆောင် လက်မှတ်တစ်မျိုး မျိုးမရှိဘဲ မဲစာရင်းတွင် ပါဝင်သူ ၆၂၀၂ ဦးနှင့် တစ်ကြိမ်ထက်ပို၍ မဲစာရင်းတွင်ပါဝင်သူ ၃၁၈၈၁ ဦး ပိုမိုများပြားနေကြောင်း နှိုင်းယှဉ်တွေ့ရှိရပါကြောင်း၊ ၎င်းမြို့နယ် ၄၄ မြို့နယ်၊ မဲရုံပေါင်း ၅၈၀၇ ရုံ၏ ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲတွင် အသုံးပြု ခဲ့သောဆန္ဒမဲလက်မှတ်များထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေ များကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချက်များအရ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲ လက်မှတ် အရေအတွက်မှာ ၆၆၈၇၆၃၈၊ မဲပေးအသုံးပြု ၄၀၈၄၂၈၁ ဖြစ်၍ ကျန်ရမည့် အရေ အတွက် ၂၆၀၃၃၅၇ ဖြစ်သော်လည်းမြေပြင်လက်ကျန် ၂၃၃၆၈၇၀ ဖြစ်ပြီး မဲလက်မှတ် အရေအတွက် ၃၅၇၉၃၇ ပျောက် ဆုံးပြီး ၉၁၄၅၀ စောင်ကို အပိုအဖြစ် စစ်ဆေး တွေ့ရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့၏ စိစစ်တွေ့ရှိ ချက်များကို ထုတ်နုတ်တင်ပြလိုပါကြောင်း၊(က)တာမွေမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများ လက်ဝယ်တွင် အသုံးမပြုရသေးသည့် ဆန္ဒမဲလက်မှတ် ၂၈၄၉ စောင်နှင့် အသုံးပြုပြီး ဆန္ဒမဲလက်ခံဖြတ်ပိုင်း ၁၅၃ စောင် ကျန်ရှိနေပြီး မဲရုံ အသုံးပြု ဆန္ဒမဲလက်မှတ်များ ချိပ်ပိတ်သိမ်းဆည်းပြီးနောက်ပိုင်းမှ ပြန်လည်အပ်နှံသဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် သီးခြားသိမ်းဆည်းခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အလားတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်လည်း မည်သည့်မဲရုံကအပ်နှံသည်ကို ဖော်ပြနိုင်ခြင်းမရှိဘဲ သီးခြားထိန်းသိမ်းထားရှိသည့် ဆန္ဒမဲလက်မှတ် ၄၅၀၀ ကို စစ်ဆေး တွေ့ရှိရပါကြောင်း၊ (ခ) လှည်းကူးမြို့နယ်တွင်လည်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်မဲရုံမှူးများ လက်ဝယ်တွင် အသုံးမပြုရသေးသည့် ဆန္ဒမဲလက်မှတ် ၂၇၀၄ စောင် ကျန်ရှိနေပြီး မဲရုံအသုံးပြု ဆန္ဒမဲလက်မှတ်များ ချိပ်ပိတ်သိမ်းဆည်းပြီးနောက်ပိုင်းမှ ပြန်လည်အပ်နှံသဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်သီးခြားသိမ်းဆည်းခဲ့ရခြင်းကို စိစစ်တွေ့ရှိ ရပါကြောင်း၊ မဲဆန္ဒရှင်အမည်နှင့် လက်ဗွေသို့မဟုတ် လက်မှတ်ရေးထိုးထားခြင်းမရှိ သည့် အသုံးပြုပြီး ဆန္ဒမဲလက်မှတ်လက်ခံ (ဖြတ်ပိုင်း) ၆၀ အုပ်ကို မြေပြင်စစ်ဆေး တွေ့ရှိရပါကြောင်း၊ (ဂ) အလားတူ တွံတေးမြို့နယ် ရှိ ကျေးရွာအုပ်စု ၄ အုပ်စုတွင် လည်း ဆန္ဒမဲလက်ခံဖြတ်ပိုင်း၌ ဆန္ဒမဲပေးသူအမည်၊ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုအမည်စသည်ဖြင့် ဖြည့်သွင်း ရေးသားထားခြင်းမရှိသည့် ဆန္ဒမဲလက်ခံဖြတ်ပိုင်း ၁၂၇ စောင်ကို စိစစ်တွေ့ရှိရပါကြောင်း၊ (ဃ) အလုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ကျန်ရှိရမည့် မဲလက်မှတ်အရေအတွက် ၉၈၂ ဖြစ်သော်လည်း မြေပြင်လက်ကျန် ၁၃၉၇ ရှိနေသဖြင့် မဲလက်မှတ်အပို ၄၁၅ စောင်အား အသစ် အတိုင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊ အလုံမြို့နယ်တွင် မဲဆန္ဒရှင်  ၃၈၄၆၀ အနက် မဲပေးသူဦးရေမှာ ၂၆၀၅၀ ဖြစ်ပြီး မြေပြင်စစ်ဆေးချက်အရ မဲလက်မှတ်သုံးစွဲမှုမှာ၂၆၂၄၅ ဖြစ်သဖြင့် ၁၉၅ စောင် ပိုမိုသုံးစွဲ ထားသည် ကိုစစ်ဆေး တွေ့ရှိရပါကြောင်း၊ (င) ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာအုပ်စု၊ မဲရုံ အမှတ်(၃)တွင် မဲဆန္ဒရှင် ၉၇၁ ဦးအနက် ၇၅၁ ဦးမှာ နိုင်ငံသား စိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေပြီး အစုလိုက်အပြုံလိုက် မဲပေးသည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ ထိုမဲပေးသူများမှာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ  ဥပဒေပါ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အရည်အချင်းများနှင့်ကိုက်ညီမှုမရှိသည့်အပြင် နိုင်ငံသား၊ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများဖြစ်ကြောင်း စိစစ်ထားခြင်းမရှိဘဲ မဲစာရင်းတွင် ထည့်သွင်း မဲပေးခွင့်ပြုခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ (စ) ကော့မှူးမြို့နယ်တွင် မြေပြင် စစ်ဆေးချက်များအရမဲရုံပေါင်း ၁၆၁ ရုံတွင် ထုတ်ယူရရှိသော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၁၁၄၈၂၂ ဖြစ်ပြီး မဲပေးအသုံးပြု ၇၈၂၆၈၊ ကျန်ရမည့် မဲလက်မှတ် ၃၆၅၅၄ ဖြစ်သော်လည်း မြေပြင်လက်ကျန်မှာ ၃၅၂၅၉ ဖြစ်သဖြင့်ပျောက်ဆုံး ၁၈၉၁၊ အပိုတွေ့ရှိမှု ၅၉၆စောင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၏ မြေပြင် စစ်ဆေးတွေ့ရှိချက် အကျဉ်းချုပ်အနေဖြင့်ဆန္ဒမဲပေးခဲ့သူဦးရေမှာ ၄၁၈၆၈၅၃ ဖြစ် သော်လည်း ထုတ်ယူရရှိ ဆန္ဒမဲလက်မှတ်များအနက်မှ မဲပေးအသုံးပြုခဲ့သည့် ပြည်သူ့ လွှတ်တော် ဆန္ဒမဲလက်မှတ် ၄၀၈၄၂၈၁ စောင်ဖြစ်သဖြင့် ထုတ်ယူရရှိ မဲလက်မှတ် သုံးစွဲမှု ၁၀၂၅၇၂ စောင် လျော့နည်းနေပါကြောင်း၊ ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိမှု နှင့် အသုံးပြုမှုများတွင် မဲလက်မှတ် ၃၅၇၉၃၇ စောင် ပျောက်ဆုံးနေပါကြောင်း၊ အချို့မဲရုံများတွင် မဲလက်မှတ်အပို ၉၁၄၅၀ စောင်တွေ့ရှိရပါကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ် များ ကောက်ခံရာတွင် ကြိုတင်ဆန္ဒမဲ လက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ်အပို များကို ဥပဒေနှင့်အညီ အပ်နှံရန်ပျက်ကွက်ကြောင်းကိုတွေ့ရှိရပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများလက်ဝယ်တွင် ဆန္ဒမဲလက်မှတ်နှင့် အသုံးပြုပြီး လက်ခံဖြတ်ပိုင်းများ ကျန်ရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ဆန္ဒမဲလက်မှတ်နှင့် အသုံးပြုပြီးလက်ခံဖြတ်ပိုင်းများကို ရွေးကောက်ပွဲပြီးနောက်ပိုင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သို့လာရောက်အပ်နှံသည်ကို တွေ့ရှိရပါကြောင်း၊ ကြိုတင်မဲများ၏ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ၌ ဆန္ဒမဲပေးသူ၏ အမည်၊ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ရပ်ကွက်/ကျေးရွာ အမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေတို့ကို ဖြည့်သွင်းရေးသားထားမှုမရှိဘဲ မဲပေးသုံးစွဲထားမှုများကို တွေ့ရှိရပါ ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲစာရင်းတွင် အစုလိုက်အပြုံလိုက် ပါဝင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်များဖြင့်သာ နိုင်ငံသားစိစစ်ရေးကတ်မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက်ထားသည်ကို  တွေ့ရှိရပါကြောင်း၊ ကြိုတင်မဲများ ကောက်ခံ ရာတွင်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိသော ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ Covid-19  ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်းပြကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှသာ ဥပဒေနှင့်ညီညွတ်မှုမရှိသောညွှန်ကြားချက်များထုတ်ပြန်၍ မဲစာရင်းများ ကောက်ခံ မဲပေးစေခြင်း၊ ကြိုတင်မဲပေးစေခြင်းများရှိကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ဆေး တွေ့ရှိချက်များအရ မဲစာရင်းကောက်ယူ ရာ၌ ဥပဒေနှင့်ညီညွတ်မှုမရှိသော မှားယွင်းမှုများတွေ့ရှိခြင်း၊ ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ အပိုများတွေ့ရှိခြင်း၊ ကြိုတင်မဲလက်ခံဖြတ်ပိုင်းများနှင့် အသုံး မပြုဘဲကျန်ရှိနေသည့် ဆန္ဒမဲလက်မှတ်များကို ပြန်လည်အပ်နှံမှုမရှိခြင်း၊ ဆန္ဒမဲလက်ခံ ဖြတ်ပိုင်းများတွင် အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းရေး သားထားမှုမရှိခြင်း၊ မဲဆန္ဒရှင်ဦးရေထက် ဆန္ဒမဲလက်မှတ်များ ပိုမိုသုံးစွဲထားခြင်းတို့ကို စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ/ နည်းဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် အခြားတိုင်း ဒေသကြီး/ပြည် နယ်များနှင့် နှိုင်းယှဉ်ပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ စာတတ်မြောက် မှုနှုန်းမြင့်မားခြင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံစွာရှိခြင်း အစရှိသည့် အဘက် ဘက်မှပြည့်စုံ သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ အဘက်ဘက်မှ ပြည့်စုံသည့် တိုင်းဒေသကြီးအတွင်းမှာပင် ယခုကဲ့သို့ မဲစာရင်း/မဲလက်မှတ်မှားယွင်းမှု၊ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများရှိကြောင်း တွေ့ရှိရသဖြင့်အခြားလမ်းပန်းဆက်သွယ်ရေးခက်ခဲသော၊ဝေးလံသော တိုင်းရင်းသား ဒေသများတွင်မှားယွင်းမှုများ ပိုမိုဖြစ်ပေါ်နိုင်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ယခု မိမိတင်ပြခဲ့သည့် မဲစာရင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊မဲလက်မှတ်ဆိုင်ရာ စစ်ဆေး တွေ့ရှိချက်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ် ထုတ်ပြန်ချက်များ၊ မှတ်တမ်းဓာတ်ပုံ၊ အထောက်အထားများကို ခင်းကျင်းပြသ ထားသည့် ဘုတ်များတွင်ကြည့်ရှုနိုင်ပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလ အတွင်း ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်စဉ် များအပါအဝင် သက်ဆိုင်ရာရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည့် ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသွားမှာဖြစ်ပါကြောင်း၊ မိမိတင်ပြ လိုသည်မှာ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ Free and Fair election ဖြစ်မဖြစ် ဆန်းစစ်လေ့လာရာတွင် ရွေးကောက်ပွဲနေ့ တစ်နေ့တည်း၏အခြေ အနေသာမက ရွေးကောက်ပွဲစက်ဝန်းပါ ကာလသုံးပါးဖြစ်သည့် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းကာလ ဖြစ်စဉ် များကိုပါ လေ့လာသုံးသပ်မှသာ ပြည့်စုံ လုံလောက်မှာဖြစ်ပါကြောင်း၊ ယနေ့သတင်း စာရှင်းလင်းပွဲ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ကြုံတွေ့ရ သည့် မဲဆန္ဒရှင်စာရင်းကောက်ခံခြင်းနှင့်ကြိုတင်ဆန္ဒမဲပေးခြင်းတို့တွင် ကြုံတွေ့ရ သော အခက်အခဲ၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တစ်ဦး၏ပြောကြားချက်အကျဉ်း၊ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ရပ်ကွက်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲစားပွဲပေါ်ရှိ ကြိုတင် ဆန္ဒမဲစာအုပ်များအတွင်း UEC တံဆိပ်ရိုက်နှိပ်ထားသော ကြိုတင်ဆန္ဒမဲလက်မှတ် များတွေ့ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲ ကောက်ခံ ရာ၌ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိဘဲ ဆောင်ရွက်ခဲ့မှု၊ ကြို့ပင်ကောက်မြို့နယ် အနောက်မြောက်ရပ်ကွက် ကြိုတင် ဆန္ဒမဲပေးရာတွင် ပါတီတစ်ခု၏ မဲရုံအကူကိုယ်စားလှယ်က လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့မှု၊ ငွေပေး၍ပါတီတစ်ခုကို မဲထည့်စေခြင်း၊ နောက်မဲရုံတွင် ထပ်မံမဲပေးရန်နှင့် အသက်မပြည့်သေးသူအား မဲပေးစေခြင်းဖြင့် ပါတီတစ်ခုအတွက် ဘက်လိုက်ဆောင်ရွက်မှုနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတစ်ဦး၏မဲမသမာမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကိုယ်တိုင်ဝန်ခံ ထွက်ဆို ချက်နှင့်ပတ်သက်သည့် ဖြစ်စဉ်များကို သက်သေ၊ အထောက်အထား Video clip များနှင့်အတူ ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင် စာရင်း ကောက်ခံ ခြင်းနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းတို့ဆောင်ရွက်ရာတွင်ကြုံတွေ့ရသော အခက်အခဲ အားနည်းချက်များနှင့်စပ်လျဉ်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ပြောကြား ချက်အရ မဲစာရင်းကောက်ရာတွင် ရပ်/ကျေးနှင့်လဝကစာရင်းအခြေခံ၍ ကောက်ခံ သော်လည်းရှိကောက်နှင့် အိမ်ထောင်စုစာရင်းအရကောက်ခံမှုများနှစ်ကြိမ်ထပ်ပြီး မဲစာရင်း ဖောင်းပွခြင်း၊ အချိန်မီ ပူးပေါင်းစိစစ် ပြင်ဆင်နိုင်မှုမရှိခြင်း၊ မှတ်ပုံတင် မရှိသူများပါရှိပြီးဖြေလျှော့သည့် ညွှန်ကြားချက်များအရ ခွင့်ပြုရခြင်း၊ ကြိုတင် မဲပေးသည့် ကာလရှည်ပြီး ဦးရေများသဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိခြင်းများ ကြုံတွေ့ရပြီးမလိုလားအပ်သည့် မဲစာရင်းထပ်ခြင်း၊ မှတ်ပုံတင်မရှိဘဲ မဲပေးခြင်း၊ အသက်ရာကျော်များပါဝင်ခြင်း စသည့်မှားယွင်းမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှိ ရပ်/ကျေးကော်မရှင်နှင့် သက်ဆိုင်ရာနေရာမှာ တာဝန်ရှိသူများက စစ်ဆေး ရာတွင်စားပွဲပေါ်တွင် မဲစာအိတ်အလွတ်များနှင့်အတူ မဲစာအိတ်အတွင်း မဲလက် မှတ်များ ပါရှိသည့် စာအိတ် ၁၀ အိတ်အား တွေ့ရှိ ရပါကြောင်း၊ ဖွင့်ဖောက် စစ်ဆေး ခဲ့ရာပြည်သူ့လွှတ်တော် ၂ အိတ်၊ အမျိုးသားလွှတ်တော် ၂ အိတ်၊ တိုင်းရင်းသားလူမျိုး ၁ အိတ်၊ တိုင်းဒေသကြီး ၅ အိတ်တို့ကို တွေ့ရှိရပြီး  NLD Logo ဘေးတွင် UEC တံဆိပ်တုံးချိန်ထားသော မဲလက်မှတ် ၉ စောင်ပါရှိကြောင်းကို စစ်ဆေးတွေ့ရှိရပါ ကြောင်း၊ အဆိုပါမဲလက်မှတ်များကို ချိပ်ပိတ်သိမ်းဆည်း၍ ကော်မရှင်ဥက္ကဋ္ဌထံ အပ်နှံခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့များအား ဆက်လက်စုံစမ်းပေးရန် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများအရ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံမဖွင့်မီ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါရှိသည့် မဲပုံးများ၊ ကြိုတင်ဆန္ဒမဲပေးသူစာရင်းပုံစံ (၁၃)နှင့် လက်ခံဖြတ်ပိုင်း၊ လက်ကျန်မဲလက်မှတ်များ အပ်နှံရန်ဖြစ်သော်လည်း ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် ဆန္ဒပြု ပြီးသည့် မဲလက်မှတ်စာအိတ်များတွေ့ရှိရ ခြင်းသည် မဲမသမာမှုဖြစ်နိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ကြိုတင်ဆန္ဒမဲကောက်ယူရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် Video Clip ကို တင်ပြမှာဖြစ်ပါကြောင်း၊ Stay at home  ဒေသအသက် ၆၀ နှင့် အထက် မဲဆန္ဒရှင်များအပါအဝင် ကြိုတင်ဆန္ဒမဲ ကောက်ခံရမည့်မဲဆန္ဒရှင်များကို သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲက ကြိုတင် ဆန္ဒမဲကောက်ရာတွင် အခက်အခဲရှိပါက ယင်းပုဂ္ဂိုလ်၏ မိခင်၊ ဖခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီး၊ ညီအစ်ကိုမောင်နှမတစ်ဦးဦးက မဲဆန္ဒရှင်၏ဆန္ဒအတိုင်း ဆောင် ရွက်ပေး ရန်နှင့်ကူညီသူမရှိပါက ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် ၎င်းညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်ဖြစ်သော်လည်း နိမိတ်ပြ မေးခွန်းမျိုးမေးခြင်း၊ မဲလက်မှတ်လက်ခံဖြတ်ပိုင်းတွင် မဲဆန္ဒရှင်ကသာ လက်မှတ် ရေးထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းပြုရမည်ဖြစ်သော်လည်းအခြားပုဂ္ဂိုလ်တစ်ဦးက ဆောင် ရွက်ခြင်းအစရှိသည့် ဥပဒေ၊ နည်းဥပဒေနှင့်ညီညွတ်မှုမရှိခြင်းများကိုတွေ့ရှိရပါ ကြောင်း၊ ကြို့ပင်ကောက်မြို့နယ် အနောက်မြောက် ရပ်ကွက်၊ မဲရုံအမှတ်(၁) တာဝန်ကျသည့် ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်တစ်ဦးက အသက် ၆၀ နှစ်နှင့်အထက် ရပ်/ကျေး ကြိုတင်မဲများပေးရာတွင် ပါတီတစ်ခု၏ မဲရုံအကူကိုယ်စားလှယ်က ဥပဒေ နှင့်မညီဘဲကိုယ်တိုင်လိုက်ပါဆောင်ရွက်မှုကို ပြောကြားသည့် Video Clip ကို တင်ပြ မှာဖြစ် ပါကြောင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အနောက်မြောက်ရပ်ကွက် မဲရုံအမှတ်(၁) တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် များ ရပ်/ကျေးကော်မရှင်တွင် ကြိုတင်မဲ ပေးရာ၌ NLD ပါတီမှ မဲရုံအကူကိုယ်စားလှယ် ဦးကျော်ကျော်လွင်(ခ)ကိုဝတုတ် ကိုယ်တိုင်မဲဆန္ဒရှင်များနှင့်အတူ လျှို့ဝှက်ဆန္ဒပြုသည့်နေရာအထိ လိုက်ပါဆောင်ရွက် မှုသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ကြိုတင် ဆန္ဒမဲပေးသူ ဦးရေသည် ဆန္ဒမဲပေးသူ အားလုံး၏ ၂၁% ကျော်ရှိပြီး ၎င်းကြိုတင် ဆန္ဒမဲ ကောက်ခံ ရာတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်များ၏ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို လူမှု ကွန်ရက်များမှအများအပြားတွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ငွေပေး၍ ပါတီ တစ်ခုကို မဲထည့်စေခြင်း၊ နောက်မဲရုံတွင် ထပ်မံမဲ ပေးရန်နှင့် အသက်မပြည့်သေးသူ အား မဲပေးစေခြင်းတို့ဖြင့် ပါတီတစ်ခုအတွက် ဘက်လိုက်ဆောင်ရွက်သည့် Video Clip ကို တင်ပြမှာဖြစ်ပါကြောင်း၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနေ ဒေါ်ချိုချိုသင်းမိသားစု ၇ ဦး ကျောက်မဲတိုင် မဲရုံအမှတ်(၂) မဲပေးသည့်နေရာတွင် NLD  ပါတီအားမဲပေးပါက ငွေလေးသောင်း ပေးမည်ပြော၍ ငွေလေးသောင်းပေးခြင်း၊ မဲပေးပြီးအိမ်ပြန်ရောက်ချိန်တွင် သာယာ ကုန်းမဲရုံ(၁)တွင် ထပ်မံ၍မဲလာပေးရန် မဲဆန္ဒရှင်သက်သေခံလက်မှတ် Voter Slip  ၄ စောင် ထပ်မံပေးခဲ့သော်လည်း မပေးဖြစ်ကြောင်း၊ အသက်မပြည့်သေးသည့် မနှင်းအိဖြူကိုလည်း အသက်မပြည့် ကြောင်း ပြောသော်လည်း မဲဆန္ဒရှင် လက်မှတ်ပေးအပ်ပြီး မဲထည့်ခိုင်းခြင်း၊ မဲထည့်ရာတွင်လည်း တံဆိပ်တုံးထုခိုင်း သည့်နေရာထုပေးခဲ့ရကြောင်း၊ ၎င်းကိစ္စများ ဆောင်ရွက်သူများ၏ ရင်ဘတ်တွင် တံဆိပ်အဝိုင်းများ ကပ်ထားကြောင်း ပြောဆို သိရှိရသဖြင့် ၎င်းပုဂ္ဂိုလ်များသည်မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်နှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံအတွင်း ဝင်ခွင့်ရရှိရန် ပေးထားသူများဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေနှင့်မညီသည့်လုပ်ရပ်များကို ကျူးလွန်ဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း၊ အလားတူ ရမည်းသင်းမြို့နယ်၊ တောင်ကန်ကြီးကျေးရွာအုပ်စု၊ ချဉ်ပျစ်ကျင်း ကျေးရွာနေ ဦးဟန်တင်၊အသက် ၇၅ နှစ်၏ ထွက်ဆိုချက်အရ တွေ့ရှိရသည်မှာ ၎င်းင်းအား ကိုမြင့်သိန်းဆိုသူမှ ငွေကျပ် ၁၅၀၀၀ လာရောက်ပေးအပ်ပြီး အမေစုပါ တီမဲပေးရန်ပြောကြားခဲ့ခြင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ဆက်လက်ပြီး မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ မဲရုံ ၉ ရုံတွင်ဖြစ်ပွားခဲ့သောတရားမဝင် မဲစာရင်းတိုးခြင်း၊ မဲလက်မှတ် များ တရားမဝင်ထုတ်ယူအသုံးပြုခြင်း၊မီးရှို့ဖျက်ဆီးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် မဲရုံတွင်မဲပေးခြင်း ဆောင်ရွက်ရာတွင်ဥပဒေ၊ နည်းဥပဒေနှင့်မညီဘဲ ဆောင်ရွက်ခဲ့ မှုများနှင့်စပ်လျဉ်း၍ ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစာရေးနှင့် ရပ်/ကျေး ကော်မရှင် အတွင်းရေးမှူးဖြစ်သူ ဦးဟန်ဇင် ဦး၏ထွက်ဆိုချက် Video Clip ကို တင်ပြ မှာဖြစ်ပါကြောင်း၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မဲရုံ ၉ ရုံတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက ဥပဒေ၊နည်းဥပဒေများနှင့်ကိုက်ညီမှုမရှိဘဲ ဆောင် ရွက်ထားသည့်အချက်များကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ရက်ပေါင်း ၉၀ နှင့် အထက် နေထိုင်သူများ မဲစာရင်းထည့်သွင်းရေးဆောင်ရွက်ရာတွင် လူဦးရေ ၁၁၀၀ ခန့်စာရင်း တင်သွင်းခဲ့ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ၇၈၁ ဦးသာလက်ခံပြီး အချက်အလက် မပြည့်စုံသည့် ၃၁၉ ဦးကိုပယ်ဖျက်ခဲ့သော်လည်း ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဲစာရင်းတွင်ပါဝင်နိုင်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးရန် ပြောကြားချက်အရ ကွန်ပျူတာစာစီဖြင့် ၂၆၉ ဦး၊ လက်ရေးဖြင့် ၅၀ ဦး ပေါင်း၃၁၉ ဦးကို နောက်တိုးစာရင်းအဖြစ် ထပ်မံထည့်သွင်းခြင်း၊ ရမ်ပူအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သည် ၂၀၁၆ ခုနှစ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ပေးအပ် ခြင်းခ ံရပြီး NLD ပါတီအမာခံတစ်ဦးဖြစ်၍ NLD ပါတီဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ရင်းနှီးသူဖြစ်ခြင်း၊ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ၁၈ ဦးတို့ကို အများယုံကြည်လေးစားသူ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းရန်ဖြစ်သော်လည်း NLD အမာခံများကိုသာ ထည့်သွင်းဖွဲ့စည်းထားပြီး ဘက်လိုက်ဆောင်ရွက်မှုများရှိခြင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် NLD ပါတီဝင်တစ်ဦး၏ ဖုန်းဖြင့် စည်းရုံး ခိုင်းစေမှုအရ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးရှိ ဆန္ဒမဲလက်မှတ် ၇၅ အုပ် (၃၇၅၀) စောင်အား မြို့နယ်ကော်မရှင်ရုံးမှ တာဝန်ရှိသူများ မရှိသည့်အချိန်တွင် သွားရောက် ယူဆောင်ပြီး ၎င်းမှ ၆၉ အုပ်အား ကြိုတင်မဲပေးသည့်နေရာများတွင် တရားမဝင် အသုံးပြုပြီး ပိုနေသည့် မဲလက်မှတ်စာအုပ် ၆ အုပ်ကို နိုဝင်ဘာလ ၁၈ရက်နေ့ညတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ကြိုတင်မဲပေးသည့်အခါတွင် အသက် ၆၀ နှစ် နှင့်အထက်နှင့် ရွေးကောက်ပွဲတွင်တာဝန်ရှိသူ၊ ကျန်းမာရေးမကောင်းသူအစရှိသည့် ဦးရေ ၁၀၀၀ ခန့်သာဖြစ်သော်လည်း အမှန်တကယ်မဲပေးသည့်အခါကြိုတင်မဲပေးသူ ၁၃၀၀ ခန့်ရှိသဖြင့်သတ်မှတ်ချက်နှင့်မကိုက်ညီသူ ၃၀၀ ကျော် ကို တရားမဝင် ထည့်သွင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်မဲရုံအမှတ် ၈၁ နှင့် ၈၆ တို့တွင် လွှတ်တော်မဲလက်မှတ်စာအုပ်များ မှားယွင်းထုတ်ပေးမိသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရာတွင်မှားယွင်းထည့်သည့်မဲပုံးမှ မဲလက်မှတ်များကို ပယ်မဲပြုလုပ်ရမည့် အစား သက်ဆိုင်ရာမဲပုံးထည့်သွင်း၍ ခိုင်လုံမဲအဖြစ်ထည့်သွင်း ရေတွက်ဆောင်ရွက် ခြင်း၊ မဲရုံအမှတ် ၈၈ တွင် ပယ်မဲအဖြစ်ဆောင်ရွက်ရမည့် မဲလက်မှတ်များကို ခိုင်လုံ မဲအဖြစ်ရေတွက်ခြင်း၊ရွေးကောက်ပွဲမတိုင်မီကြိုတင်ဆန္ဒမဲပေးမှုအင်အားများပြားစွာ ၁၀၀၀ ကျော်ခန့်ဆောင်ရွက်ရသဖြင့် ကြိုတင်မဲဆန္ဒမဲပေးသူစာရင်း ပုံစံ(၁၃) တွင် စာရင်းရေးသွင်းရန်ကျန်ရှိခြင်း၊ ကြိုတင်ဆန္ဒမဲပုံးနှင့်အတူ အပ်နှံရမည့်ပုံစံ(၁၃) စာရင်းများ အပ်နှံနိုင်မှုမရှိခြင်း အစရှိသည့် သက်ဆိုင်ရာလွှတ် တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည့် ဖြစ်စဉ်များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာ တွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သည့် မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်နိုင်ရေးနှင့် အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြော ကြားသည်။

ဆက်လက်ဖော်ပြပါမည်။