နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

နေပြည်တော်၊ မေ ၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက် မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဉပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ပြုလုပ်သည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးလှဆွေ၊ ဦးသောင်းအေး၊ ဦးဖိုးသိန်း၊ ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ ပြည်ထောင်စုနယ်မြေ ပါတီဉက္ကဋ္ဌ ဦးမြင့်လှိုင်၊ မြို့နယ်ပါတီဉက္ကဋ္ဌများနှင့် နေပြည်တော် (၈)မြို့နယ်မှ ပြည်သူများ စုစုပေါင်းအင်အား ၇၀၀၀ ဦးခန့် တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ကြ သည်။ ထို့နောက် ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားပြီး ဗဟိုကော်မတီဝင်တစ်ဦးနှင့် ပါတီဝင်များက ငြိမ်းချမ်းရေးသည် ဒီမိုကရေစီအတွက် အခြေခံလိုအပ်ချက်ဖြစ် သည်၊ ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည် ဟူသည့်ခေါင်းစဉ်များဖြင့် ဆွေး နွေးဟောပြောကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်သူများက “ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး-တို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး-တို့အရေး၊ ငြိမ်းချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး - တို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး-အောင်ရမည်” ဟု ကြွေးကြော်သံများဖြင့် ကြွေးကြော် ၍ ထောက်ခံပွဲကို ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။