နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအားတွေ့ဆုံ အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအားတွေ့ဆုံ အမှာစကားပြောကြား

 
နေပြည်တော် အောက်တိုဘာ -၂၇

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ မှ တာဝန်ရှိသူ များအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ဦးစွာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ပေါ်တိုးတက်မှုနှင့် လုပ်ငန်းဆောင် ရွက်မှုအခြေအနေများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးရဲနိုင်ထွန်းကရှင်းလင်းတင်ပြပြီး သီလဝါအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗီဒီယိုဖိုင်ကို ပြသည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဉက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သီလဝါ အထူးစီးပွားရေးဇုန် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသော အခက် အခဲများအပေါ် နိုင်ငံတော်ကဖြေရှင်း ဆောင်ရွက်ပေးမှုအခြေအနေများ၊ လုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များအားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အတူးစီးပွားရေးဇုန်အတွင်း ရင်းနှီး မြှုပ်နှံကာ လုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များအပေါ် လိုအပ်သည့်အချက်များအလိုက် ပြန်လည်ရှင်းလင်း ညှိနှိုင်းပြီးနောက် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သော ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်း လမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် ဟူသည့်အချက်ကို သီလဝါအထူးစီးပွားရေးဇုန်မှလည်း တစ်စိတ်တပိုင်း အကောင် အထည်ဖော်နေမှုပင်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ် သည့် နိုင်ငံ့စီးပွားရေးအတွက် ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရန် နှင့် ပို့ကုန်တိုး မြှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ကျောက်ဖြူ၊ ထားဝယ် SEZ များလည်း အလားတူ အမြန်ဆုံးအောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ လာရောက်ရင်းနှီးမြုပ်နှံသည့် နိုင်ငံများ မှ ကုမ္ပဏီများ၏ ယုံကြည်မှု ရရှိနေအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ငွေကြေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ ထုတ်ပြန်ချက်နှင့်ပါတ်သက်၍ ဗဟိုဘဏ်မှလည်း တရားဝင် ရှင်းလင်းထားပြီးဖြစ်၍ ပုံမှန်ငွေကြေးစီးဆင်း မှုနှင့် နိုင်ငံစီးပွားရေးပုံမှန်လည်ပတ်နေမှုကို သံသယရှင်း လင်း အောင် လိုအပ်ပါက ဗဟိုဘဏ်မှ နားလည်သူများကို လာရောက် ရှင်းလင်း ပြောကြားစေမည် ဖြစ်ကြောင်း၊ FDI များ ပိုမိုဝင်ရောက်လာစေရေး Brochure များကို ရုရှား၊ တရုတ်နှင့် အခြားသော စိတ်ဝင်စားသည့် ဒေသတွင်းနိုင်ငံတို့၏ ဘာသာစကားတို့ဖြင့်ဖြန့်ဝေကြေညှာပေးရန်လိုကြောင်း၊ ကျန်ရှိနေသော မြေသိမ်း ဆည်းရေးကိစ္စများအား ဥပဒေနှင့်အညီ အမြန်ပြီးစီးစေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ရေလုံလောက်စွာရရှိရေး မြို့တော်စည်ပင် အနေဖြင့် စီမံပေးထားပြီးဖြစ်ကြောင်း၊ အထူးစီးပွားရေး ဇုန်မှလုပ်ငန်းများနှင့် MSME များ ချိတ်ဆက်ပေးရာတွင် မူလ SEZ ၏ ရည်မှန်းချက်နှင့် ကိုက်ညီပြီး နိုင်ငံစီး ပွားဖွံ့ဖြိုးမှုကို အထောက်အကူ ပြုမည့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ် နိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန်နှင့် SEZ ၏ ဥပဒေ အရကန့်သတ်ချက်များအပေါ် တွင်လည်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ဇုံတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် လုံခြုံရေးစနစ် ဆောင်ရွက် နိုင်ရေး လုံခြုံရေးကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူဆောင်ရွက်သွားရန် လိုကြောင်း။

 
သီးနှံကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ Value Added ထုတ်လုပ်ရာတွင် နိုင်ငံ၏ဒေသအလိုက် သီးနှံများထွက်ရှိသည့် အချိန်ကာလမတူညီ မှုပေါ်မူတည်၍ ဒေသအလိုက်အစုအဖွဲ့များ၊ အသင်းအဖွဲ့သမဝါယမပုံစံစုဖွဲ့ ချိတ်ဆက်၍ ဆောင်ရွက် ရန်နှင့် သီးနှံများအပေါ် ပိုးသတ်ဆေး ဓာတ်မြေဩဇာများသုံးစွဲမှုကို စံနှုန်းကိုက် သုံးစွဲရန်အသိပညာပေးရန်လိုကြောင်း၊ SEZ သည် နိုင်ငံတော်၏ စီးပွားရေး ကို တဖက်တစ်လမ်းမှ အဓိက အထောက်အကူပြု၍ နိုင်ငံတော်၏ GDP ၌လည်းသက် ရောက်လျက်ရှိကြောင်း၊ အောင်မြင်နေသော စံပြဇုံ တစ်ခုဖြစ်၍ အောင်မြင်သထက် အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရှိပြီးသား ကုမ္ပဏီများ လုပ်ငန်းပိတ်သိမ်းမှုမရှိစေရေး အတတ်နိုင်ဆုံးလိုအပ်ချက်ကိုပြည့်စုံအောင် ဖြည့်ဆည်း ပေးရန်နှင့် ကုမ္ပဏီ အသစ်များဝင်ရောက် လာရေး ဆောင်ရွက် ရန်လိုကြောင်း၊နိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်ရေး အဖက်ဖက်မှ ကြိုးပမ်း နေရချိန်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မည်ဖြစ်၍ ကျန်ရှိသည့် ဟက်တာများ ပိုမိုရောင်းချနိုင်ရေးညှိနှိုင်း ဆောင်ရွက် ရန်လိုကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သီလဝါအထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများအားကြည့်ရှုကြပြီး သီလဝါအထူးစီးပွား ရေးဇုန်ဧည့်ခန်းမ ဆောင် ၌ တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားသည်။

 
ထို့နောက် သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ KUBOTA Myanmar Co., Ltd စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုကြရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး သိရှိလိုသည် များမေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ ယနေ့အထိ နိုင်ငံပေါင်း ၂၁ နိုင်မှ ကုမ္ပဏီပေါင်း ၁၁၄ ခု လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသတင်းရရှိသည်။