နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်လေတပ်စခန်းမိသားစုမဟာသင်္ကြန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် နှင့် ပို့ဆောင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  နေပြည်တော်လေတပ်စခန်းမိသားစုမဟာသင်္ကြန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိသားစုမဟာသင်္ကြန်မဏ္ဍပ်များသို့ သွား ရောက်၍ မိသားစုများနှင့်အတူ ပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွဲ

နေပြည်တော်၊ ဧပြီ - ၁၅

        မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကြတ်နေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ အရာရှိ၊ စစ်သည်၊ မိသားစု များက မဟာသင်္ကြန် ရေသဘင်ပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိသည်။

        ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊  ညှိုနှိုင်းကွပ်ကဲရေးမှုး (ကြည်း၊ရေ၊လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေး နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ နေပြည်တော်လေတပ်စခန်းမိသားစုမဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ အတာရေသဘင်ပွဲကို ပါဝင်ဆင်နွဲပြီး အနု ပညာရှင်များ၊ မိသားစုယိမ်းအဖွဲ့များ၏ သီဆို ကပြ ဖျော်ဖြေနေမှုများကို ကြည့်ရှုအား ပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

အလားတူ ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်အဖွဲ့ဝင်များနှင့်အတူ  ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန်(၄) ဇုန် သက်မှတ်ကာ ခေတ်နှင့်အညီ ထည့်သွင်းကျင်းပလျက်ရှိသည့် နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ သွားရောက်၍ ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

 

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ်သို့ သွားရောက်၍  နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများ၊ ယိမ်း အကများဖြင့် သီဆိုကပြ ဖျော်ဖြေနေမှု၊ မိသားစုများပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြပြီး သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

        ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ဇေယျာသီရိမဏ္ဍပ်၊ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည်တော်တိုင်းမဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊‌ ရေပက်ကစား သူများဖြင့် အထူးစည်ကားလျက်ရှိပြီး မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာ ရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေကာ ရေကစားမဏ္ဍပ်များတွင် စတုဒီသာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။