နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့သွားရောက်ကြည့်ရှု၊ ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ဌာနဆိုင်ရာများအ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့သွားရောက်ကြည့်ရှု၊ ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ဌာနဆိုင်ရာများအားတွေ့ဆုံ

နေပြည်တော် မေ-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်း သွားရောက်ကြည့်ရှုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း သို့ရောက်ရှိကြပြီး ခင်းကျင်းပြထားသည့် ဆီအုန်းများ ကြိပ်ခွဲထားရှိမှု အဆင့်ဆင့်အား ကြည့်ရှုကြသည်။
ထို့နောက် ရိပ်သာဧည့်ခန်းမဆောင်၌ စက်ရုံစီမံကိန်းဒါရိုက်တာ ဦးမောင်မောင်လတ် က စက်ရုံစီမံကိန်း၊ လျာထားချက်နှင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်နေမှု စသည်တို့အားရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က သိရှိလိုသည်များမေးမြန်းပြီး ဆီအုန်းစိုက်ပျိုးရာတွင် မျိုးရွေးချယ်မှု၌ မျိုးကွဲများစွာအသုံးပြုခြင်းထက် အရည် အသွေးမြင့်မားသော မျိုးသန့်ကိုသာရွေးချယ် ဆောင်ရွက်သင့်သည့်အခြေအနေများ၊ မျိုးရွေးချယ်မှုတွင် ဒေသ ရေ၊ မြေနှင့် ကိုက်ညီမှုတို့ကို ဦးစားပေးရွေးချယ်သင့်သည့် အခြေအနေများ၊ စိုက်ပျိုးမှုမြင့်မားလာသည်နှင့် အမျှ SME အဆင့် တစ်နိုင်တစ်ပိုင် ဆီအုန်း စက်ရုံငယ်များ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလန်းနှင့် ဒေသ ဖွံ့ဖြိုးမှု တိုးတက်လာမည့်အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီးကို ဆီအုန်းစိုက်ပျိုး၍ နိုင်ငံတော်၏ ဆီအိုးကြီး ဖြစ်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဒေသတွင်းဆီချောထုတ်လုပ်နိုင်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု ရှိနိုင်မည်ဖြစ်၍ လိုအပ်သော အခြေခံ အဆောက်အဦများ ဆောက်ရွက်နိုင်မည့်အခြေအနေများအား ဆွေးနွေး ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တောင်ဒဂုံ ဆီအုန်း ဆီကြမ်း စက်ရုံအတွင်း ဆီသီးအလေးချိန် ချိန်တွယ်ခြင်း၊ ဆီသီးအရည်အသွေး စစ်ဆေးခြင်း၊ ဆီသီးပေါင်းခံခြင်း၊ ဆီသီးကြိတ်ခွဲခြင်း၊ ဆီကြမ်း(C.P.O) ထုတ်လုပ်ခြင်း စသည့် ဆီကြမ်းထုပ်လုပ်ပုံ အဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုရာ စက်ရုံစီမံကိန်းဒါရိုက်တာ က လိုက်လံ ရှင်းလင်းပြသသည်။
အဆိုပါ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်း သည် ၁၉၉၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချနိုင်ရေး၊ ဒေသတွင်း၌ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တည်းပေးနိုင်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေပဲ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ် ထူထောင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် အကောင်ထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ဌာနဆိုင်ရာများ အား တပ်နယ်ရိပ်သာ ဧည့်ခန်း မဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပါတ်သက်၍ လိုအပ်သည်များ မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ်လိုက်ပါလာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ဘုတ်ပြင်း နှင့် ကျွန်းစု မြို့နယ် တို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု များနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖြည့်ဆည်းမှုများ ဆောင်ရွက်ခဲ့ပြီး ဒုတိယ ဝန်ကြီးများအနေဖြင့်လည်း ၎င်းတို့ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနအသီးသီး သို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။