နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ - ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်းစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစု တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင် များအား သီးခြားစီ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် တပ်မတော်သားများအနေဖြင့် သတ်မှတ်ထားသော အမိန့်နှင့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်းသည် အန္တရာယ်ကင်း ဘေးရှင်း၍ လုပ်ငန်းများ အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ နေရာနှင့် လုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်ရန် လုပ်ငန်း လမ်းညွှန်များရှိပြီးဖြစ်သဖြင့် လေ့လာ၍ ပိုမိုကောင်းမွန်အောင် ကြံဆ လုပ်ဆောင်ရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် တိုင်းပြည် သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဦးတည် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် အစိတ်အပိုင်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရည်မှန်းချက် တာဝန်များကို သိရှိနားလည်သဘောပေါက်၍ မိမိတို့ ထမ်းဆောင်ရသည့် ကျရာ တာဝန်များအလိုက် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း။

တပ်မတော်သားများအနေဖြင့် စွန့်လွှတ်စွန့်စား အနစ်နာခံမှုဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကိုသစ္စာရှိ ဝန်ထမ်းများ၊ ပြည်သူများနှင့် တွဲဖက်ကာ အဓိကကြသော အခန်းကဏ္ဍမှ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ် နိုင်ခဲ့ကြောင်း၊ ပရဟိတ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှလည်း အားတက်သရော ပူးပေါင်း၍ ရောဂါ ကူးစက်သူများအတွက် ပြုစုရေးနှင့် စောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် အခြား သော လူမှုရေးလုပ်ငန်းများတွင် ရှေ့တန်းကျကျ သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ ကာကွယ် ဆေးထိုးနှံမှုတွင် တစ်နိုင်ငံလုံး ပြန့်နှံ့ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကာယအား၊ ဉာဏ အားဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထို့သို့ ပူးပေါင်းပါဝင်မှုကြောင့် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှု ဖြစ်သည့် အသက် ၁၈ နှစ်အထက် အားလုံးကို ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ အပြီး ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းချက်အား ရာနှုန်းပြည့်နီးပါး အကောင် အထည်ဖော်ရန် များစွာ အထောက်အကူပြုခဲ့ကြောင်း။
တပ်မတော်သားများသည် ၂၄ နာရီ တာဝန်ရှိသူများဖြစ်၍ တိုင်းပြည်တွင် ကျရောက်လာသည့် အဖျက်အမှောင့်နှင့် ဘေးအန္တရာယ်အမျိုးမျိုးကို ကာကွယ်နေ သကဲ့သို့ တစ်ဖက်မှလည်း စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တပ်ရင်း၊ တပ်ဖွဲ့ အလိုက်၊ တပ်နယ် အလိုက်ဆောင်ရွက်ကာ တပ်မိသား စုသာမက သက်ဆိုင်ရာ နယ်မြေအပေါ် အထောက်အပံ့ဖြစ်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်၊ နိုင်ငံသား၊ တပ်မတော်အတွက် အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုသစ္စာကို နေ့စဉ်ရွတ်ဆိုနေသူများဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်သည့် နေထိုင်စားသောက်မှုမှအစ ပညာရေး၊ ကျန်းမာရေး အဆုံး အကျိုးကျေးဇူးများအတွက် ကျေးဇူးတရားနှင့် သစ္စာကို ပြန်လည်စောင့်သိကြရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေးအထိ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိရာ စစ်သည်မိသားစုများ အဆင်ပြေချောမွေ့စေရေး တာဝန်ရှိသူများက စနစ်တကျ ဖြင့် စီမံခန့်ခွဲပေးရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကျမှုကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေး ၎င်းတို့၏ မိသားစုများဘဝ လုံခြုံမှု ရှိအောင် အမိအဘ စိတ်ဓာတ်ဖြင့် စောင့်ရှောက်သွားရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် တပ်တွင်းစည်းလုံး ညီညွတ်မှုကို ခိုင်မာအောင် ဆက်လက်တည်ဆောက်သွားရန် လို ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုရှိသော အထက်အောက် ဆက်ဆံရေးရှိရန်လိုအပ်ပြီး မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်လုပ်ကိုင် ဆောင်ရွက် ကြရန်လိုကြောင်း။
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ နိုင်ငံ ၏အကျိုးစီးပွားနှင့်ပတ်သက်လာပါက ပေးအပ်သောတာဝန်ကို လေ့ကျင့်သင်ကြားပေး ထားသည့် စစ်ပညာများကို အသုံးချကာ ရဲရဲဝံ့ဝံ့ အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ဘိုးဘေးဘီဘင်များ အနှစ်နှစ်အလလ ထူထောင်တည်ဆောက်ခဲ့ရသော နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲနေရန် မိမိတို့နှင့်သက်ဆိုင်သည့် လုံခြုံရေးဆိုင် ရာ အသိသတိများဖြင့် မဆုတ်မနစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်ကအားထားရသော၊ ပြည်သူက အားကိုးရသော၊ တပ်မတော်က ဂုဏ်ယူ အားထားရသော စစ်သည်တော်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ပေးအပ် သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်နှင့် မိမိ၏မိသားစုကို စောင့်ရှောက်နိုင် ရန်အတွက် ကျန်းမာကြံ့ခိုင်မှုသည် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိကိုယ် တိုင် ကျန်းမာရန်လိုအပ်သကဲ့သို့ မိသားစုဝင်အားလုံးကျန်းမာနေမှသာ ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်အပေါ် စိတ်လက်ချမ်းသာစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ချမှတ်ထားသည့် ကြံ့ခိုင်ရေးလမ်းညွှန်ချက် များ၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးမှုများကို ကိုယ်စီလိုက်နာစောင့်ထိန်း၍ ကျန်းမာသောဘဝနေထိုင်စားသောက်မှုပုံစံဖြစ်အောင် ကျင့်ကြံသွားရန်လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် ကော့သောင်းမြို့ ရှိနယ်မြေခံတပ်သို့သွားရောက်၍ ဥစားကြက်၊ အသားတိုးကြက်၊ DYLဝက်နှင့် နို့စားနွားမွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။