နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 
နေပြည်တော်၊ မေ - ၄

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမအသီးသီးတွင်သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် အဆင့်အတန်းအားလုံးသည် တည်မြဲအမိန့်အသီးသီးတွင် ကိုယ်စီတာဝန်ဝတ္တရားများ သတ်မှတ်ပေးထားပြီးဖြစ်၍ တစ်ဦးချင်းအလိုက် သိရှိနားလည်ရန်လိုအပ်ကြောင်း၊ အသိမှန်မှသာ အလုပ်မှန်၍ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်ကို သိရှိပါက လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အသားကျသော လေ့ကျင့်မှုလိုအပ်မည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုပြည့်ဝမှသာလျှင် ဖွဲ့စည်းတပ်ဆင်ပေးထားသော ခေတ်မီ စစ်လက်နက် ပစ္စည်း ကိရိယာနှင့် ယန္တရားများကို ပိုင်နိုင်စွာအသုံးချနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းထား သောလက်ရုံးဝန်ထမ်းများအနေဖြင့် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာဘာသာရပ်များကို ပြောင်းလဲတိုးတက်လာသည့် စစ်မှုသိပ္ပံနည်းပညာများနှင့်အညီ တတ်ကျွမ်းနေရန် မပြတ်လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားမှုတိုင်းတွင် သင်ကြား ပေးသည့် နည်းပြအရာရှိ၊ စစ်သည်များအနေဖြင့် သင်ယူသူတို့၏ ယုံကြည်ကိုးစား ထိုက်သော အရည်အချင်းပြည့်ဝရန်နှင့် လေးစားအားကျလောက်သည့် အပြုအမူ အပြောအဆို ဟန်ပန်အမူအရာမှစ၍ သတိပြုတည်ဆောက်နေရန်လိုကြောင်း၊ ပေးအပ် လာသည့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုရနိုင်ရန် အုပ်ချုပ်ရေးကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်၏ အုပ်ချုပ်ရေးကို စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ပင်နယန်ကြီး ၃ ရပ်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းတာဝန် အားလုံးအတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း၊ စစ်သည်များ၏ စားရေး၊ နေရေး၊ ဝတ်ရေး မှစ၍ ကျန်းမာရေးထိ ထောက်ပံ့ဖြည့်ဆည်းမှုများအပြင် မိသားစုများ၏ အရေးအရာများ ကိုလည်း အုပ်ချုပ်ရေးဆိုင်ရာ သတ်မှတ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ တာဝန်ရှိ သူ အဆင့်ဆင့်အနေဖြင့် တပ်မတော်၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်း များကိုသိရှိပြီး လိုက်နာ ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးစီမံအုပ်ချုပ်သွားရန်လို ကြောင်း၊ ထိုသို့ အုပ်ချုပ်ရာတွင်လည်း တပ်မှူးများအနေဖြင့် မိဘသဖွယ်စိတ်ဓာတ်နှင့် စစ်ခေါင်းဆောင်စိတ်ဓာတ်ကို နေရာမှန်အောင်ဆက်ဆံ၍ ဦးဆောင်သွားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းထမ်းဆောင်နေ သည့်ကာလ ၁ နှစ်နှင့် ၃ လ အတွင်း ပြည်တွင်း၊ ပြည်ပ သွေးတိုးလှုံ့ဆော်မှုများ၊ အဖျက်အမှောင့်နှင့် အကြမ်းဖက် လုပ်ငန်းများအပြင် ဘာသာသာသနာကို ဖျက်ဆီး စော်ကားသည်အထိ လုပ်ဆောင်၍ နိုင်ငံကို အလုံးစုံပျက်စီးအောင်ကြိုးပမ်းမှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်လက်တွဲ၍ ပူးပေါင်းကျော်လွှားနိုင်ခဲ့ကြောင်း၊ အုပ်ချုပ်မှုယန္တရား ရပ်တန့်၍ တည်ဆဲအစိုးရပြုတ်ကျရန် ကြိုးပမ်းမှုမအောင်မြင်သောအခါ ဖွဲ့စည်းမှု ခိုင်မာသောတပ်မတော်ကို ဖြိုခွဲရန်ကြိုးစားလာသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ ကြောင်း၊ ဆက်လက်၍ သွေးခွဲမှုများလုပ်ဆောင် လာနိုင်ခြင်းကြောင့် သတိရှိရှိဖြင့် သွေးစည်းညီညွတ်နေရန်လိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်၍ ဘိုးဘေးများ ခေတ်အဆက်ဆက် ထူထောင်ခဲ့သော နိုင်ငံ တော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေရန် ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ပြီး ထိုသို့ကာကွယ်နိုင်ရန်လည်း တပ်မတော်သားအချင်းချင်းနှင့် မိသားစုဝင်များ အချင်း ချင်းတို့သည် ရေပက်မဝင်သော စည်းလုံးညီညွတ်မှုရှိနေရမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အရေးကြီးသော အစိတ်အပိုင်းမှ ပါဝင်ဆောင်ရွက်နေရသဖြင့် ပေးအပ်လာသော လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ သို့ဖြစ်၍ တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးအသိဖြင့် နေထိုင်စားသောက်လုပ်ကိုင်ရန်လို ကြောင်း ဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံ ရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ မော်လမြိုင်မြို့ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြား သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံ အ တွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး ဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။