နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံ အမှာစကားပြောကြား

 
နေပြည်တော် မေ-၄

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမတွင် တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ မွန်ပြည်နယ် ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည် နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက် ကြသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာ အခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သောအခြေအနေများ သိရှိလို၍ လာရောက်ခြင်းဖြစ် ကြောင်း၊ ပြည်နယ်တစ်ခု၏ တိုးတက်မှုကို ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့မှ ရရှိသောတန်ဖိုး၊ တစ်နည်းအားဖြင့် GDP ကိုကြည့်၍ ယေဘုယျ သုံးသပ်နိုင်မှာ ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ ရသုံးမှန်းချေ ငွေစာရင်းတွင် နှစ်စဉ်လိုငွေ ဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စုဖြည့်စွက်ငွေမှ ထောက်ပံ့ ဖြည့်ဆည်းပေးခဲ့ပြီး ပြည်နယ်အတွင်း ကဏ္ဍ စုံမှ ဝင်ငွေတိုးတက်၍ ပြည်ထောင်စုမှ ထောက်ပံ့မှုကို လျော့ချနိုင်ရန် ပြည်နယ်ဝန်ကြီး ချုပ်၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာများ၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ပြည်သူလူထု အခြေပြုစီးပွားရေးကဏ္ဍ တိုးတက်လာရေး ပညာပေးစည်းရုံး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ ဌာနဆိုင်ရာဝန်ထမ်းအားလုံးနှင့် ပြည်သူလူထုအလွှာပေါင်းစုံမှ ပူးပေါင်းပါဝင်၍ အကြံကောင်း၊ ဉာဏ်ကောင်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ မွန်ပြည်နယ် အတွင်းမြေအသုံးချမှုအနေဖြင့် စိုက်ပျိုးမြေ ဧက ၁ ဒသမ ၅ သန်းကျော်တွင် ဧက ၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး သီးထပ်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း အပြင် လစ်လပ်မြေနေရာများတွင် လည်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍမှ ပြည်နယ် အတွက်ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ အဓိကထွက် ကုန်မှာ ရာဘာဖြစ်ပြီး ကုန်ကြမ်းအဖြစ် ရောင်းချမှုအစား တန်ဖိုးမြှင့် ထုတ်ကုန် ( Value added) အဖြစ်ပြောင်းလဲထုတ်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဒေသမှထွက်ရှိသော တန်ဖိုးမြင့် ထုတ်ကုန်များအတွက် လုံလောက်သော ဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးရန်လည်း အရေးကြီးကြောင်း၊ မွန်ပြည်နယ်အတွက် အလားအလာရှိသော စီးပွားရေးအဖြစ် ခရီးသွားလုပ်ငန်း သည်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကျိုက်ထီးရိုးဘုရား၊ ကျိုက္ခမီရေလယ်ဘုရား၊ စက်စဲအပန်းဖြေကမ်းခြေ၊ သံဖြူဇရပ်မှ သေမင်းတမန် မီးရထားလမ်း၊ စစ်သင်္ချိုင်း၊ ရှေးဟောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအပြင် ရှေးဟောင်းမြို့တော်များ စသည် တို့သည် ပြည်တွင်းပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုကောင်း သည့် နေရာများဖြစ်ကြောင်း၊ မီးခိုးမထွက်သော စက်ရုံများအဖြစ်တင်စားပြီး ဝင်ငွေ ကောင်းသော ဝန်ဆောင်မှု လုပ်ငန်းများဖြစ်၍ ယခုကတည်းကပင် အနာဂတ်အတွက် မျှော်မှန်း၍ စနစ်တကျပြင်ဆင် စီမံပေးရန်လိုကြောင်း၊ တစ်ဖက်ကပင် ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်သကဲ့သို့ တစ်ဖက်မှလည်း မကုန်သင့်သည်ကို မကုန်ရအောင် စက်သုံးဆီနှင့် စားသုံးဆီတို့ကို ချွေတာ စိစစ်သုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေယိုပေါက် များကို ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စက်သုံးဆီဈေးကွက် တည်ငြိမ်မှုမရှိဘဲ ရေနံထုတ်လုပ်သည့် နိုင်ငံများ၏ ဈေးကစားနေမှုကြောင့်လည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို နိုင်ငံ အားလုံးခံစားနေရကြောင်း၊ အလားတူ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးသည့် နိုင်ငံအချို့၏ ဈေးမတည်ငြိမ်မှုကြောင့်လည်း စားသုံးဆီမှာလည်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ စက်သုံးဆီမှာ သဘာဝအရ ဖြစ်တည်သော သယံဇာတ အခွင့်အလမ်းဖြစ်၍ ထုတ်လုပ်မှုမှာ ကန့်သတ်ချက် ရှိသော်လည်း စားသုံး ဆီနှင့်ပတ်သက်၍ နိုင်ငံအတွင်း ပြည်နယ်အတွင်း တိုးမြှင့်ထုတ်လုပ်နိုင်သော အခွင့်အလမ်း များရှိကြောင်း၊ သို့ဖြစ်၍ စက်သုံးဆီ၊ စားသုံးဆီနှင့်ပတ်သက်၍ ခြိုးခြံသုံးစွဲရန်နှင့် စားသုံးဆီ တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ အထူးသဖြင့် ကျန်းမာရေးနှင့် ညီညွတ် သော နေကြာဆီ စိုက်ပျိုးထုတ်လုပ်နိုင်မှုကိုလည်း ဒေသအတွင်း စိုက်ပျိုးထုတ်လုပ် နိုင်သည့် နေရာများ၌ စိုက်ပျိုး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကျန်းမာရေး နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသပေးမှုလုပ်ငန်းများ ဆောင်ရွက်မှု တွင် မွန်ပြည်နယ်အနေဖြင့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအနည်းဆုံးဖြင့် တတိယလှိုင်းကို ဖြတ်ကျော် နိုင်ခဲ့သည့် အောင်မြင်သော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရလာဒ်ကောင်းဖြစ်ပါကြောင်း၊ ကောင်းမွန်သော အစဉ်အလာ ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လိုကြောင်းမှာကြားသည်။

ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာနှင့် ပတ်သက်ပြီး လွတ်လပ်၍တရားမျှတ သည့် ရွေးကောက်ပွဲအတွက် တိုင်းပြည်ငြိမ်းချမ်းရန်လိုအပ်သဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်၍ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ကာ ထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေကြောင်း၊ တစ်ဖက် မှလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ကျင်းပနိုင်ရေး၊ မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိ၍ စာရင်းဇယားများ ကိုက်ညီ မှန်ကန်စေရေး ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းပါဝင်ရန်လိုကြောင်း။
မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ကို ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသာ ဖြစ်ကြောင်း၊ ဌာနအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ လုပ်ဆောင်ကြရန်လိုကြောင်း၊ ဝန်ထမ်းအားလုံးသည် ပြည်သူများ၏ ထည့်ဝင်သည့် အခွန်အခများမှ လစာမှစ၍ ခွင့်ပြုထားသည့် အသုံးအဆောင်များအထိ ရယူခံစား နေရသဖြင့် ပြည်သူများသည် ဝန်ထမ်းအားလုံး၏ ထမင်းရှင်များဟုပင် ပြောနိုင် ကြောင်း၊ သို့ဖြစ်၍ အရေးပေါ်ကိစ္စပေါ်ပေါက်၍ ဝန်ကြီးဌာနများသို့ ဆက်သွယ်လာပါက လိုအပ်ချက်များကို အကျိုးမျှော်ကိုးမှုမရှိဘဲ စေတနာတရား ရှေ့ထားကာကူညီ ဖြေရှင်းပေးခြင်း၊ ဖြည့်ဆည်းပေးခြင်းဖြင့် ကျေးဇူးဆပ်ရန်လိုကြောင်း၊ အချိန်တိုအတွင်း အမြန်ဖြေရှင်းကူညီပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးလိုက်ပါ၍ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ရှိ အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံ အမှာစကားပြောကြားသည်။

ဦးစွာ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက် ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီး၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာ အခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ချမှတ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးရည်မှန်းချက်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ် ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို ချမှတ်ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့၏ ဦးဆောင်မှုဖြင့် သစ္စာရှိဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ပိုမိုတိုးတက်ကောင်းမွန် အောင် ကြံဆဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းမှာကြားသည်။
ဆက်လက်ပြီး ပညာရေးနှင့်ပတ်သက်၍ မကြာမီ ဒီဂရီကောလိပ်များ၊ တက္က သိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ပညာ သင်ကြားနိုင်ရေး လုံခြုံရေးအတွက် ကြိုတင်စီမံထားရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စာသင်အရွယ်ကလေးငယ်အားလုံး စာသင်ကြားရန်နှင့် အခြေခံအဖြစ် KG+9 ကို တက်မြောက်ရန်တိုင်းဒေသကြီးအစိုးရက အားပေးကူညီရန် လိုကြောင်း၊ နိုင်ငံတော်၏ HR ဖွံ့ဖြိုးမှု၊ ပညာတတ်မြောက်မှုကို မလိုလားသည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင် မှုမပြုနိုင်ရန်လည်း လုံခြုံရေးအသိဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများအပြင် အစိုးရနှင့် လုံခြုံရေးအဖွဲ့များ အားလုံးပူးပေါင်းတားဆီးကာကွယ် သွားရန်လိုကြောင်း။

တနင်္သာရီတိုင်းဒေသကြီး၏ အဓိကစိုက်ပျိုးရေးသီးနှံမှာ ဆီအုန်းဖြစ်၍ ရရှိသော ဆီကြမ်းကို ဒေသတွင်း၌ပင် ဆီချော အဖြစ်ပြောင်းလဲနိုင်ပါက ဒေသ ဆီဖူလုံမှုရရှိပြီး ဝင်ငွေလည်း တိုးတက် ရရှိနိုင်မည် ဖြစ်ကြောင်း၊ဆီချော ထုတ်လုပ်ရန်လိုအပ်သော အခြေခံအဆောက်အဦများရရှိနိုင်ရေး အလျင်အမြန် ကြံဆ ဆောင်ရွက်သွားရန် လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ရသုံးမှန်းချေငွေစာရင်းတွင် လိုငွေ ဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ ဖြည့်ဆည်းပေးနေရသဖြင့် ဒေသတွင်းရှိ အားသာသော အရင်းအမြစ်များကို ထိရောက် အကျိုးရှိစွာ အသုံးချ ခြင်းဖြင့် တိုင်းဒေသကြီး၏ ဝင်ငွေတိုးမြင့် လာမည်ဖြစ်ကြောင်း၊ ဝင်ငွေတိုးတက် ရရှိခြင်းဖြင့် တိုင်းဒေသကြီးအတွက် တစ်မျိုးသားလုံး ကုန်ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတို့ ပိုမိုတိုးမြှင့်လာမည်ဖြစ်ကာ တစ်ဦးချင်း ဝင်ငွေတိုးလာရုံသာမက အလုပ် အကိုင်အခွင့်အလမ်းများလည်း တိုးပွားလာမည်ဖြစ်၍ ဒေသတွင်းမှ ပြည်သူများ မလို အပ်ဘဲ နယ်ကျော်လုပ်အားရှာဖွေခြင်းမှလည်း ကင်းဝေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုဖြည့်စွက်ငွေအားအခြားလိုအပ်သော ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးရေး အတွက် ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ခရီးသွား များကို ဆွဲဆောင်နိုင်သည့် ရှားပါးရေသယံဇာတများ၊ သန္တာကျောက်တန်းနှင့် သဘာဝ အလှများစွာရှိကြောင်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေကောင်းသော အလုပ်အကိုင်ဖြင့် ဖွွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ဒေသအကျိုး၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးအကျိုးမှ နိုင်ငံ့အကျိုးအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ရည်မျှော် ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။