နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုးနှင့် ကျိုင်းခမ်းတပ်နယ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုးနှင့် ကျိုင်းခမ်းတပ်နယ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၇

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နောင်ဝိုးနှင့် ကျိုင်းခမ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကား  ပြောကြားသည်။

တွေ့ဆုံပွဲများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် လမ်းပန်းဆက်သွယ်ရေးအရ အလှမ်းကွာဝေးသော နေရာဒေသတွင် ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသော အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ဂုဏ်ယူကျေနပ်ပါကြောင်း၊ စစ်ဆင်ရေးနှင့်လုံခြုံရေး တာဝန်များထမ်းဆောင်ရင်း နိုင်ငံတော်၏အဖိုးတန်သစ်တောသယံဇာတများအပေါ် မသမာသူများကြောင့် ဆုံးရှုံးနစ်နာမှုမရှိအောင်လည်း တစ်ဖက်တစ်လမ်းက ကာကွယ် စောင့်ရှောက်ရန်လိုကြောင်း။

တပ်မတော်သည် အမျိုးသားရေးအင်အားစုတစ်ရပ်ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ ဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဉပဒေအရ နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်း ထားပြီး တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေကြောင်း၊ နိုင်ငံတော် အပေါ်ကျရောက်လာနိုင်သော မည်သည့်အန္တရာယ်ကိုမဆို ကာကွယ်တားဆီးရန် အသင့်ရှိသော တပ်မတော်ဖြစ်ကြောင်း။

ပြည်သူလိုလားသည့် ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဉပဒေ၏ ပေးအပ်ထားသော တာဝန်အရနိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ ရပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကိုချမှတ်ကာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း၊ ယခင်အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရေး နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ပြည်တွင်း ကုန်ထုတ်လုပ်မှု ကိုအားပေးရန် MSME အဖွဲ့များနှင့်တွေ့ဆုံ၍ အားပေးမြှင့်တင်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ နိုင်ငံစီးပွားရေးအခြေအနေမှာ အသင့်အတင့် တိုးတက်လာသည် ကိုတွေ့ရမည်ဖြစ်ကြောင်း။

အလားတူ နိုင်ငံ၏ပညာရေးအားနည်းမှုကိုမြှင့်တင်နိုင်ရန် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေသူအားလုံး KG+9 မဖြစ်မနေ တတ်မြောက်ရန် မူဝါဒချမှတ်ခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း ကိုဗစ်-၁၉ ဒုတိယလှိုင်းပြင်းထန်ချိန် “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဟု မူဝါဒချမှတ်၍ ကုသရေးအတွက်လိုအပ်သော ဆေးဝါးနှင့်အောက်စီဂျင်များရရှိအောင် စီမံဆောင်ရွက် ခဲ့သကဲ့သို့ ပြည်သူလူထုအားလုံး ကာကွယ်ဆေးအလုံ အလောက်ထိုးနှံနိုင်ရေး ဆောင် ရွက်ခဲ့ကြောင်း၊ တပ်မတော်၏ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုး/မွေးမြူရေး မူဝါဒ များအပေါ် အရာရှိ/စစ်သည်မိသားစုများက လိုက်ပါအကောင်အထည်ဖော်ခဲ့သဖြင့် ထွက်ရှိလာသော စိုက်ပျိုး/မွေးမြူရေးထွက်ကုန်များကြောင့် ကိုဗစ်-၁၉ ကာလ ဒေသအသီးသီးတွင်အခက်အခဲဖြစ်ပေါ်လျက်ရှိသော စားသောက်ရေးအပေါ်များစွာ အထောက်အကူရရှိခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး/မွေးမြူရေးကို အောင်မြင်အောင် ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်နေရန်လိုကြောင်း။

အောင်မြင်သော တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ သည် ထိရောက်သော သက်သာချောင်ချိမှုဖြစ်စေကြောင်း၊ သက်သာချောင်ချိမှုကောင်း မွန်ခြင်းဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်မှုအပေါ် စိတ်ဓာတ်ရေးရာအရ များစွာ အထောက်အကူပြုနိုင်ကြောင်း၊ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင် ရန် ဉီး၊ရေး၊ထောက် ပင်နီယံကို ဟန်ချက်ညီလည်ပတ်နိုင်အောင် ဆောင်ရွက်ရန်အရေး ကြီးကြောင်း၊ သက်သာချောင်ချိရေးနှင့် အုပ်ချုပ်ရေးကောင်မွန်မှုသည် မိမိတပ်ဖွဲ့ကို ချစ်စိတ်၊ သံယောဇဉ်စိတ်ကိုဖြစ်ပေါ်စေကြောင်း၊ တပ်ဖွဲ့ချစ်စိတ်သည် စစ်ဆင်ရေး တာဝန်အပါအဝင် ပေးအပ်လာသောတာဝန်များကို အောင်မြင်ပြီးမြောက်စေနိုင် ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် စွမ်းရည် ရှိသော တပ်ကိုတည်ဆောက်နိုင်ရန် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ကို အပြည့် အဝ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ တပ်၏အောင်မြင်မှု၊ ဆုံးရှုံးမှု အဆုံးအဖြတ်တွင် စည်းလုံးညီညွတ်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံကိုဖျက်ဆီးလိုသူ များသည် နိုင်ငံတော်၏ အဓိကထောက်တိုင်ဖြစ်သော တပ်မတော်ကို ဖြိုခွဲရန် နည်း မျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း တပ်မတော်သားနှင့် မိသားစုဝင်တို့၏ ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကြောင့် ခိုင်မာတောင့်တင်းသော Institution အဖြစ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း။

တပ်မတော်သားများ၏ လုပ်ငန်းသဘော သဘာဝအရ ခက်ခဲကြမ်းတမ်း၍ ပင်ပန်းဆင်းရဲသော ရည်မှန်းချက်တာဝန်များ ထမ်းဆောင်နေရသူများဖြစ်၍ အမြဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် စိတ်ဓာတ် ကြံ့ခိုင်ရန် ကြီးမားသော အထောက်အကူဖြစ်ကြောင်း၊ အဆင့်အတန်း အားလုံး ဖတ်ရှု လေ့လာနိုင်ရန်ရည်ရွယ်၍ တပ်မတော်အကြီးအကဲအနေဖြင့် တပ်မတော်ပိုင် နေ့စဉ် သတင်းစာနှင့် စာအုပ်၊ စာစောင်များ ပုံမှန်ထုတ်ဝေ ဖြန့်ချီပေးလျက်ရှိကြောင်း၊ ထို့ကြောင့် စိတ်ဓာတ်ကြံ့ခိုင်ရန်နှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ရန် စာကောင်း ပေမွန်များ ကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ ပေးအပ်သောတာဝန်များ ကောင်း မွန်စွာ ဆောင်ရွက်နိုင်ရန် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် စဉ်ဆက် မပျက်လေ့ ကျင့်နေရန်လိုကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ်ရှိစွာဖြင့် လိုက်နာလုပ်ဆောင်ရန်လိုကြောင်း ဖြင့် ပြောကြားပြီး တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

        တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့်စားသောက်ကုန်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်က ဒေသထွက်စားသောက်ဖွယ်ရာများနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူသည်။

        ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်ဇနီးတို့က စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရှိ ဉစားကြက်နှင့် DYL ဝက်များ မွေးမြူထား ရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။